Home News အင်္ဂလိပ်တို့ သိမ်းယူခဲ့သည့် မြန်မာ့နန်းတွင်းရတနာစာရင်းကို လန်ဒန်ရှေ့နေများ၏ အကူအညီဖြင့် စာရင်းပြုစုမည်

အင်္ဂလိပ်တို့ သိမ်းယူခဲ့သည့် မြန်မာ့နန်းတွင်းရတနာစာရင်းကို လန်ဒန်ရှေ့နေများ၏ အကူအညီဖြင့် စာရင်းပြုစုမည်

0

၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်တို့ဟာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီး မြန်မာ့နန်းတွင်းရတနာတို့ကိုလည်း သိမ်းယူသွားခဲ့ပါတယ်။ အဲ့ဒီလို သိမ်းယူသွားတဲ့ မြန်မာ့နန်းတွင်းရတနာပစ္စည်းတွေကို လန်ဒန်ရှေ့နေများရဲ့ အကူအညီနဲ့ စာရင်းပြုစုဖို့ ပြင်ဆင်နေသူကတော့ သီပေါမင်းရဲ့မြစ်တော်စပ်သူ ဦးစိုးဝင်း ဖြစ်ပါတယ်။

သီပေါမင်း၏ စတုတ္ထသမီးတော် ထိပ်စုမြတ်ဘုရားကလေး ၏ အရေးတော်ပုံစာတမ်းအရ ခမည်းတော်၊ မယ်တော်၊ မိထွေးတော်တို့၏ လက်ဝတ်ရတနာများအပြင် ၁၇၈ ပါးသော မင်းတို့၏ အဖိုးမဖြတ်နိုင်သော ကျောက်မြတ်ရတနာများနဲ့ ဘဏ္ဍာတော်တွေကို သေတ္တာကြီးငယ်ထဲမှာ ထည့်ပြီး ကာနယ်စလေဒင် ထံ အပ်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

အင်္ဂလိပ်တို့သိမ်းယူသွားသည့် စာရင်းအား စတုတ္ထသမီးတော်၏ စာတမ်းတစ်ခုထဲတွင် ပါဝင်သော စာရင်းများဖြင့်ပင် မလုံလောက်သေးကြောင်း၊ သိမ်းဆည်းခံရတဲ့ စာရင်းတွေက ဒီထက်ပိုမိုများပြားနိုင်တာကြောင့် ပိုမိုတိကျခိုင်မာစေဖို့ အတွက် လန်ဒန်ရှေ့နေများရဲ့ အကူအညီနဲ့ စာရင်းပြုစုသွားမှာ ဖြစ်တယ်လို့ သီပေါမင်းရဲ့ မြစ်တော်စပ်သူ ဦးစိုးဝင်း ကပြောလိုက်တာ ဖြစ်ပါတယ်။

Via : The Voice

Zawgyi Font : အဂၤလိပ္တို႕ သိမ္းယူခဲ့သည့္ ျမန္မာ့နန္းတြင္းရတနာစာရင္းကို လန္ဒန္ေရွ႕ေနမ်ား၏ အကူအညီျဖင့္ စာရင္းျပဳစုမည္

၁၈၈၅ ခုႏွစ္မွာ အဂၤလိပ္တို႕ဟာ ျမန္မာတစ္ႏုိင္ငံလံုးကို သိမ္းပိုက္ခဲ့ျပီး ျမန္မာ့နန္းတြင္းရတနာတို႕ကိုလည္း သိမ္းယူသြားခဲ့ပါတယ္။ အဲ့ဒီလို သိမ္းယူသြားတဲ့ ျမန္မာ့နန္းတြင္းရတနာပစၥည္းေတြကို လန္ဒန္ေရွ႕ေနမ်ားရဲ႕ အကူအညီနဲ႕ စာရင္းျပဳစုဖို႕ ျပင္ဆင္ေနသူကေတာ့ သီေပါမင္းရဲ႕ ့ျမစ္ေတာ္စပ္သူ ဦးစိုး၀င္း ျဖစ္ပါတယ္။

သီေပါမင္း၏ စတုတၳသမီးေတာ္ ထိပ္စုျမတ္ဘုရားကေလး ၏ အေရးေတာ္ပံုစာတမ္းအရ ခမည္းေတာ္၊ မယ္ေတာ္၊ မိေထြးေတာ္တို႕၏ လက္၀တ္ရတနာမ်ားအျပင္ ၁၇၈ ပါးေသာ မင္းတို႕၏ အဖိုးမျဖတ္ႏုိင္ေသာ ေက်ာက္ျမတ္ရတနာမ်ားနဲ႕ ဘ႑ာေတာ္ေတြကို ေသတၱာၾကီးငယ္ထဲမွာ ထည့္ျပီး ကာနယ္စေလဒင္ ထံ အပ္ခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။

အဂၤလိပ္တို႕သိမ္းယူသြားသည့္ စာရင္းအား စတုတၳသမီးေတာ္၏ စာတမ္းတစ္ခုထဲတြင္ ပါ၀င္ေသာ စာရင္းမ်ားျဖင့္ပင္ မလံုေလာက္ေသးေၾကာင္း၊ သိမ္းဆည္းခံရတဲ့ စာရင္းေတြက ဒီထက္ပိုမုိမ်ားျပားႏုိင္တာေၾကာင့္ ပိုမိုတိက်ခိုင္မာေစဖို႕ အတြက္ လန္ဒန္ေရွ႕ေနမ်ားရဲ႕ အကူအညီနဲ႕ စာရင္းျပဳစုသြားမွာ ျဖစ္တယ္လို႕ သီေပါမင္းရဲ႕ ျမစ္ေတာ္စပ္သူ ဦးစိုး၀င္း ကေျပာလိုက္တာ ျဖစ္ပါတယ္။

Via : The Voice

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: