Home News လာမယ့် ၇ နှစ်အတွင်းမှာ အင်္ဂါဂြိုလ်အပေါ် လူသားတွေကိုပို့ဆောင်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

လာမယ့် ၇ နှစ်အတွင်းမှာ အင်္ဂါဂြိုလ်အပေါ် လူသားတွေကိုပို့ဆောင်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

0

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အာကာသ ယာဉ်မှူးတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး သူ့ရဲ့ ဒုတိယ သမ္မတ သက်တမ်းမှာ လူတွေကို အင်္ဂါဂြိုလ်အပေါ် ပို့ဆောင်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ အတော်များများကတော့ ဒါဟာ ရူးမိုက်မှုဟု မှတ်ချက်ပေးကြသလို ထရမ့်အနေနဲ့ ဒုတိယအကြိမ် သမ္မတ ထပ်ဖြစ်ဖို့တောင် မသေချာပါဘူးလို့ ပြောကြပါတယ်။

ထရမ့်က အာကာသယာဉ်မှူး နှစ်ယောက်အား လူသားများကို အင်္ဂါဂြိုလ်အပေါ်ပို့ဆောင်ဖို့တာ ဖြစ်နိုင်ကြောင်းမေးခဲ့ပြီး ဘယ်အချိန်မှာ ဖြစ်နိုင်လဲဆိုတာပါ မေးခဲ့တာ ဖြစ်ပါတယ်။ အာကာသယာဉ်မှူး Whitson ကတော့ ၂၀၃၀ ခုနှစ်မှသာ ဖြစ်နိုင်ကြောင်း ပြောခဲ့ပြီး ထရမ့်အနေနဲ့ ယင်းအဖြေအပေါ် ကျေနပ်မှုမရှိခဲ့ပါဘူး။

အင်္ဂါဂြိုလ်အပေါ် လူပေါင်းများစွာကို သယ်ဆောင်သွားနိုင်ဖို့ တည်ဆောက်ရမယ့် အာကာသယာဉ်ဟာ ကုန်ကျစရိတ် အလွန်များပြားမှာ ဖြစ်ပြီး တည်ဆောက်ချိန်လဲ အလွန်ကြာမြင့်မှာ ဖြစ်တယ်လို့ Whitson က သမ္မတ ထရမ့်ကို ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီလိုတည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတစ်ကာ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေလည်း လိုအပ်မှာ ဖြစ်ပြီး ငွေကြေးပမာဏအပြင် နည်းပညာပိုင်းဆိုင်ရာတွေအတွက်ပါ အချိန်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထရမ့်ကတော့ ဒီအဖြေကို မကျေနပ်ပေမယ့် ဒီပရောဂျက်ကို အရှိန်မြှင့်လုပ်ဆောင်ဖို့ ပြောလိုက်ပါတယ်။ အင်္ဂါဂြိုလ်အပေါ် လူတွေ သွားရောက်နိုင်ဖို့ ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းမှာ Mission တစ်ခုအနေနဲ့ လုပ်သွားချင်ပါတယ်။ အကယ်၍ ပထမ သမ္မတ သက်တမ်းမှာ မဖြစ်နိုင်ရင်လည်း ဒုတိယသမ္မတ သက်တမ်းမှာ မဖြစ်ဖြစ်အောင် လုပ်သွားကြမယ် ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။

လူအတော်များများကတော့ ဒေါ်နယ်ထရမ့်အနေနဲ့ သမ္မတသက်တမ်း ၂ ဆက် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ဒါဟာ ဟာသ တစ်ပုဒ်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

Zawgyi Font : လာမယ့္ ၇ ႏွစ္အတြင္းမွာ အဂၤါျဂိဳလ္အေပၚ လူသားေတြကိုပို႕ေဆာင္ဖို႕ အစီအစဥ္ရွိတယ္ဆိုတဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ဟာ အာကာသ ယာဥ္မွဴးေတြကို ေခၚယူေတြ႕ဆံုခဲ့ျပီး သူ႕ရဲ႕ ဒုတိယ သမၼတ သက္တမ္းမွာ လူေတြကို အဂၤါျဂိဳလ္အေပၚ ပို႕ေဆာင္ႏုိင္ေအာင္ ၾကိဳးစားသြားမယ္လို႕ ေျပာခဲ့ပါတယ္။ အေတာ္မ်ားမ်ားကေတာ့ ဒါဟာ ရူးမိုက္မႈဟု မွတ္ခ်က္ေပးၾကသလို ထရမ့္အေနနဲ႕ ဒုတိယအၾကိမ္ သမၼတ ထပ္ျဖစ္ဖို႕ေတာင္ မေသခ်ာပါဘူးလို႕ ေျပာၾကပါတယ္။

ထရမ့္က အာကာသယာဥ္မွဴး ႏွစ္ေယာက္အား လူသားမ်ားကို အဂၤါျဂိဳလ္အေပၚပို႕ေဆာင္ဖို႕တာ ျဖစ္ႏုိင္ေၾကာင္းေမးခဲ့ျပီး ဘယ္အခ်ိန္မွာ ျဖစ္ႏုိင္လဲဆိုတာပါ ေမးခဲ့တာ ျဖစ္ပါတယ္။ အာကာသယာဥ္မွဴး Whitson ကေတာ့ ၂၀၃၀ ခုႏွစ္မွသာ ျဖစ္ႏုိင္ေၾကာင္း ေျပာခဲ့ျပီး ထရမ့္အေနနဲ႕ ယင္းအေျဖအေပၚ ေက်နပ္မႈမရွိခဲ့ပါဘူး။

အဂၤါျဂိဳလ္အေပၚ လူေပါင္းမ်ားစြာကို သယ္ေဆာင္သြားႏုိင္ဖို႕ တည္ေဆာက္ရမယ့္ အာကာသယာဥ္ဟာ ကုန္က်စရိတ္ အလြန္မ်ားျပားမွာ ျဖစ္ျပီး တည္ေဆာက္ခ်ိန္လဲ အလြန္ၾကာျမင့္မွာ ျဖစ္တယ္လို႕ Whitson က သမၼတ ထရမ့္ကို ေျပာလုိက္ပါတယ္။ ဒါ့အျပင္ ဒီလိုတည္ေဆာက္ႏုိင္ဖို႕အတြက္ ႏုိင္ငံတစ္ကာ အဖဲြ႕အစည္းေတြရဲ႕ ကူညီေထာက္ပံ့မႈေတြလည္း လိုအပ္မွာ ျဖစ္ျပီး ေငြေၾကးပမာဏအျပင္ နည္းပညာပိုင္းဆိုင္ရာေတြအတြက္ပါ အခ်ိန္ယူရမွာ ျဖစ္တယ္လို႕ ဆိုပါတယ္။

ထရမ့္ကေတာ့ ဒီအေျဖကို မေက်နပ္ေပမယ့္ ဒီပေရာဂ်က္ကို အရွိန္ျမွင့္လုပ္ေဆာင္ဖို႕ ေျပာလိုက္ပါတယ္။ အဂၤါျဂိဳလ္အေပၚ လူေတြ သြားေရာက္ႏုိင္ဖုိ႕ ထရမ့္ရဲ႕ ပထမ သမၼတ သက္တမ္းမွာ Mission တစ္ခုအေနနဲ႕ လုပ္သြားခ်င္ပါတယ္။ အကယ္၍ ပထမ သမၼတ သက္တမ္းမွာ မျဖစ္ႏုိင္ရင္လည္း ဒုတိယသမၼတ သက္တမ္းမွာ မျဖစ္ျဖစ္ေအာင္ လုပ္သြားၾကမယ္ ဟု အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေျပာခဲ့သည္။

လူအေတာ္မ်ားမ်ားကေတာ့ ေဒၚနယ္ထရမ့္အေနနဲ႕ သမၼတသက္တမ္း ၂ ဆက္ ဆိုသည္မွာ မျဖစ္ႏုိင္ေၾကာင္း ဒါဟာ ဟာသ တစ္ပုဒ္ျဖစ္ေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: