Home News နောင်လာမယ့် နှစ်ပေါင်း ၃၀ မှာ ကုမ္ပဏီတွေရဲ့ CEO ရာထူးတွေကို စက်ရုပ်တွေ နေရာယူလာနိုင်တယ်လို့ ပြောလိုက်တဲ့ ဂျက်မ

နောင်လာမယ့် နှစ်ပေါင်း ၃၀ မှာ ကုမ္ပဏီတွေရဲ့ CEO ရာထူးတွေကို စက်ရုပ်တွေ နေရာယူလာနိုင်တယ်လို့ ပြောလိုက်တဲ့ ဂျက်မ

0

အလီဘာဘာကို တည်ထောင်ခဲ့သူ ဂျက်မ ( Jack Ma) ကတော့ နောင်လာမယ့် နှစ်ပေါင်း ၃၀ မှာ ကုမ္ပဏီတွေရဲ့ CEO ရာထူးတွေကို စက်ရုပ်တွေက နေရာယူလာနိုင်တယ်လို့ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ စွန့်ဦးတီထွင်ဆွေးနွေးတွေ့ဆုံပွဲမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် ဂျက်မ ဟာ နည်းပညာသမားတွေကို ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးလိုက်ပြီး နည်းပညာတိုးတက်မှုနှုန်းဟာ မြင့်မားလာတာနဲ့အမျှ လူတွေဟာ ပညာရေးစနစ်ကို ဒီထက်တိုးမြှင့်နိုင်ဖို့ ပြောလိုက်ပါတယ်။ အကယ်၍များ နည်းပညာကို မလိုက်နိုင်ရင် ကျန်ခဲ့မယ်လို့ ဆိုပါတယ်။

ဂျက်မ က နောက်ထပ် ၁၀ စုနှစ် ၃ ခုဆိုရင် လူတွေဟာ ပျော်ရွှင်မှုပိုမိုနည်းပါးလာပြီး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရဖို့ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပညာရေးစနစ်ကို ဒီထက်ပိုပြီးအဆင့်မြှင့်နိုင်မှ ကျနော်တို့ရဲ့ မျိုးဆက်တွေဟာ ပိုမို ဆန်းသစ်တီထွင်မှုအား ကောင်းလာပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

စက်ရုပ်တွေဟာ လူသားတွေထက် တွက်ချက်အားပိုမိုကောင်းမွန်ပြီး ခံစားချက်မရှိပါဘူး။ ဒါကြောင့် လုပ်ငန်းခွင်တစ်ခုကို စီမံအုပ်ချုပ်နိုင်စွမ်းတွေ ရှိလာပါလိမ့်မယ်။ ယခုအချိန်မှာ ကုမ္ပဏီအချင်းချင်း ပြိုင်ဘက်အဖြစ် လူသားတွေက စီမံအုပ်ချုပ်နေတာကြောင့် တစ်စုံတစ်ခုဆိုရင် ဒေါသထွက်ခြင်း၊ မနာလိုဝန်တိုမှုဖြစ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေက လုပ်ငန်းကို တစ်နည်းနည်းနဲ့ သက်ရောက်မှုရှိစေပါတယ်။ ဒါမျိုး လူသားတွေက စိတ်ခံစားချက်နဲ့ပတ်သတ်ပြီး လုပ်ငန်းအပေါ် အာရုံနောက်ကျနေချိန်မှာ စက်ရုပ်တွေက လူလိုမျိုးခံစားချက်မရှိတဲ့အတွက် ကုမ္ပဏီတွေကို တိုးတက်အောင်မြင်အောင် စီမံနိုင်စွမ်းရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုပ်တွေဟာ ဒီအချိန်မှာတော့ လူသားတွေအတွက် အထောက်အကူပြု ကူညီနိုင်ပေမယ့် မကြာခင်အချိန်မှာ လူသားတွေနဲ့ ရန်သူဖြစ်လာနိုင်တယ်လို့ ဂျက်မက ပြောခဲ့ပါတယ်။ လာမယ့် နှစ်ပေါင်း ၂၀ လောက်ဆိုရင် လူတွေရဲ့ အလုပ်လုပ်ချိန်ဟာ တစ်ရက်ကို ၄နာရီခန့်သာ ရှိတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတွေ အနာဂတ်မှာ တစ်ကယ် ဖြစ်လာမဖြစ်လာဆိုတာကိုတော့ စာဖတ်သူ ပရိတ်သတ်တို့လည်း အချိန်ကို တိုက်စားရင်း ရင်ဆိုင်စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Zawgyi Font : ေနာင္လာမယ့္ ႏွစ္ေပါင္း ၃၀ မွာ ကုမၸဏီေတြရဲ႕ CEO ရာထူးေတြကို စက္ရုပ္ေတြ ေနရာယူလာႏိုင္တယ္လို႕ ေျပာလိုက္တဲ့ ဂ်က္မ

jack-ma

အလီဘာဘာကို တည္ေထာင္ခဲ့သူ ဂ်က္မ ( Jack Ma) ကေတာ့ ေနာင္လာမယ့္ ႏွစ္ေပါင္း ၃၀ မွာ ကုမၸဏီေတြရဲ႕ CEO ရာထူးေတြကို စက္ရုပ္ေတြက ေနရာယူလာႏိုင္တယ္လို႕ တရုတ္ႏုိင္ငံမွာ က်င္းပတဲ့ စြန္႕ဦးတီထြင္ေဆြးေႏြးေတြ႕ဆံုပြဲမွာ ေျပာလိုက္ပါတယ္။

ဒါ့အျပင္ ဂ်က္မ ဟာ နည္းပညာသမားေတြကို ၾကိဳတင္ျပင္ဆင္ထားဖို႕ သတိေပးလိုက္ျပီး နည္းပညာတိုးတက္မႈႏႈန္းဟာ ျမင့္မားလာတာနဲ႕အမွ် လူေတြဟာ ပညာေရးစနစ္ကို ဒီထက္တုိးျမွင့္ႏုိင္ဖို႕ ေျပာလုိက္ပါတယ္။ အကယ္၍မ်ား နည္းပညာကို မလိုက္ႏုိင္ရင္ က်န္ခဲ့မယ္လို႕ ဆိုပါတယ္။

ဂ်က္မ က ေနာက္ထပ္ ၁၀ စုႏွစ္ ၃ ခုဆိုရင္ လူေတြဟာ ေပ်ာ္ရႊင္မႈပိုမိုနည္းပါးလာျပီး စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာရဖို႕ ပိုမ်ားလာႏုိင္တယ္လို႕ ဆိုပါတယ္။ ဒါေၾကာင့္ ပညာေရးစနစ္ကို ဒီထက္ပိုျပီးအဆင့္ျမွင့္ႏုိင္မွ က်ေနာ္တို႕ရဲ႕ မ်ိဳးဆက္ေတြဟာ ပိုမို ဆန္းသစ္တီထြင္မႈအား ေကာင္းလာျပီး အနာဂတ္အတြက္ ၾကိဳတင္ျပင္ဆင္ႏုိင္မွာ ျဖစ္တယ္လို႕ ေျပာလိုက္ပါတယ္။

စက္ရုပ္ေတြဟာ လူသားေတြထက္ တြက္ခ်က္အားပိုမိုေကာင္းမြန္ျပီး ခံစားခ်က္မရွိပါဘူး။ ဒါေၾကာင့္ လုပ္ငန္းခြင္တစ္ခုကို စီမံအုပ္ခ်ဳပ္ႏုိင္စြမ္းေတြ ရွိလာပါလိမ့္မယ္။ ယခုအခ်ိန္မွာ ကုမၸဏီအခ်င္းခ်င္း ျပိဳင္ဘက္အျဖစ္ လူသားေတြက စီမံအုပ္ခ်ဳပ္ေနတာေၾကာင့္ တစ္စံုတစ္ခုဆိုရင္ ေဒါသထြက္ျခင္း၊ မနာလို၀န္တိုမႈျဖစ္ျခင္း စတဲ့ စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ေတြက လုပ္ငန္းကို တစ္နည္းနည္းနဲ႕ သက္ေရာက္မႈရွိေစပါတယ္။ ဒါမ်ိဳး လူသားေတြက စိတ္ခံစားခ်က္နဲ႕ပတ္သတ္ျပီး လုပ္ငန္းအေပၚ အာရံုေနာက္က်ေနခ်ိန္မွာ စက္ရုပ္ေတြက လူလိုမ်ိဳးခံစားခ်က္မရွိတဲ့အတြက္ ကုမၸဏီေတြကို တုိးတက္ေအာင္ျမင္ေအာင္ စီမံႏုိင္စြမ္းရွိမွာ ျဖစ္တယ္လို႕ ဆိုပါတယ္။

စက္ရုပ္ေတြဟာ ဒီအခ်ိန္မွာေတာ့ လူသားေတြအတြက္ အေထာက္အကူျပဳ ကူညီႏုိင္ေပမယ့္ မၾကာခင္အခ်ိန္မွာ လူသားေတြနဲ႕ ရန္သူျဖစ္လာႏုိင္တယ္လို႕ ဂ်က္မက ေျပာခဲ့ပါတယ္။ လာမယ့္ ႏွစ္ေပါင္း ၂၀ ေလာက္ဆိုရင္ လူေတြရဲ႕ အလုပ္လုပ္ခ်ိန္ဟာ တစ္ရက္ကို ၄နာရီခန္႕သာ ရွိေတာ့မွာ ျဖစ္တယ္လို႕ ဆိုပါတယ္။ ဒါေတြ အနာဂတ္မွာ တစ္ကယ္ ျဖစ္လာမျဖစ္လာဆိုတာကိုေတာ့ စာဖတ္သူ ပရိတ္သတ္တို႕လည္း အခ်ိန္ကို တိုက္စားရင္း ရင္ဆိုင္ေစာင့္ၾကည့္ရအံုးမွာ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: