Home News အမေရိကန်ရဲ့ လေယာဉ်တင် စစ်သင်္ဘောတွေကို တစ်ချက်ထဲနဲ့ ရေအောက်သို့ နှစ်မြှုပ်ပစ်နိုင်ကြောင်း မြောက်ကိုးရီးယားပြောကြား

အမေရိကန်ရဲ့ လေယာဉ်တင် စစ်သင်္ဘောတွေကို တစ်ချက်ထဲနဲ့ ရေအောက်သို့ နှစ်မြှုပ်ပစ်နိုင်ကြောင်း မြောက်ကိုးရီးယားပြောကြား

0

အမေရိကန် လေယာဉ်တင် စစ်သင်္ဘော Carl Vinson ဟာ ဂျပန်ရေတပ်နှင့်အတူ ဖိလစ်ပိုင်ပင်လယ်ပြင်မှာ စစ်ရေးကို အတူလေ့ကျင့်လျက်ရှိပြီး မကြာမှီကာလမှာ ကိုးရီးယားကျွန်းဆွယ်ဘက်သို့ ဦးတည်မယ်လို့ သိရပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်နေသော အမေရိကန် လေယာဉ်တင် စစ်သင်္ဘော Carl Vinson ကို မြောက်ကိုးရီးယားတို့က ရေအောက်ထဲ နှစ်မြှုပ်နိုင်ကြောင်း ကြေငြာခဲ့သည်။

Carl Vinson စစ်သင်္ဘောဟာ တစ်ပတ်အတွင်း ကိုးရီးယားကျွန်းဆွယ်ကို ရောက်ရှိမည် ဖြစ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ မြောက်ကိုးရီးယားကို အရေးယူမည့် အစီအစဉ်လည်း ဖြစ်သည်။ မြောက်ကိုးရီးယား၏ ပြောရေးဆိုရေး ရရှိသူ စစ်ဗိုလ်ချုပ်တစ်ဦးကတော့ Carl Vinson သင်္ဘောကို တစ်ချက်ထဲ ပစ်ချရုံနဲ့တင် ရေအောက်သို့ အပြီးမြှုပ်ပစ်နိုင်ပါတယ်။

မြောက်ကိုးရီးယားရဲ့ နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ Minju Joson ကတော့ အမေရိကန်တို့ကို ချိန်းခြောက်သည့် စကားလုံးဖြင့် ရေးသားဖော်ပြထားပြီး မြောက်ကိုးရီးယားရဲ့ အဖျက်စွမ်းအားကြီးမားတဲ့ လက်နက်ကြောင့် လူ့ဘဝကို ပြန်မရောက်နိုင်ကြောင်း အမေရိကန်တို့ကို သတိပေးလိုက်ပါတယ်။

Zawgyi Font : အမေရိကန်ရဲ့ လေယာဉ်တင် စစ်သင်္ဘောတွေကို တစ်ချက်ထဲနဲ့ ရေအောက်သို့ နှစ်မြှုပ်ပစ်နိုင်ကြောင်း မြောက်ကိုးရီးယားပြောကြား

carrier Vinson




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: