Home News အမေရိကန် ဒုသမ္မတ ပင့်စ့်မှ မြောက်ကိုးရီးယားအား စီးပွားရေးအရ အရေးယူပိတ်ဆို့ရန် သြစတေးလျ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

အမေရိကန် ဒုသမ္မတ ပင့်စ့်မှ မြောက်ကိုးရီးယားအား စီးပွားရေးအရ အရေးယူပိတ်ဆို့ရန် သြစတေးလျ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

0

မြောက်ကိုးရီးယား၏ နူကလိယားလက်နက် ကိစ္စအရေးနှင့်ပတ်သက်၍ အမေရိကန် ဒုသမ္မတ ပင့်စ့်မှ စီးပွားရေးအရ ပိတ်ဆို့အရေးယူရန် သြစတေးလျ ဝန်ကြီးချုပ်နှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။ တွေ့ဆုံပွဲတွင် အမေရိကန် ဒုသမ္မတ ပင့်စ်မှ သုံးကြိမ်တိုင်တိုင် အရေးယူမည့်ကိစ္စနှင့်ပတ်သတ်၍ ပြောဆိုခဲ့ပြီး အရာအားလုံးကို ကျနော်တို့ ဒီစားပွဲဝိုင်းပေါ်ကနေ ညှိနှိုင်းဖြေရှင်းလို့ရပါတယ် ဟု ပြောခဲ့သည်။

အမေရိကန်အနေဖြင့် လက်ရှိတွင် မြောက်ကိုးရီးယားအား အရေးယူပိတ်ဆို့ရန် နိုင်ငံတစ်ကာသို့ သံတမန်ရေးရာ အရ ညှိနှိုင်းတွေ့ဆုံလျက်ရှိပြီး လက်ရှိတွင် တရုတ်အပါအဝင် သြစတေးလျနှင့် အမေရိကန် မဟာမိတ်နိုင်ငံများအပါအဝင် မြောက်ကိုးရီးယားအား ပိတ်ဆို့အရေးယူရန် စီစဉ်လျက်ရှိသည်။

သြစတေးလျနိုင်ငံသည် စီးပွားရေးတောင့်တင်းသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား စသည့် စီးပွားရေးအင်အားကြီးနိုင်ငံများနှင့် ချိတ်ဆက်လုပ်ကိုင်နေသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော အစိုးရအဖွဲ့အစည်းများမှ မြောက်ကိုးရီးယား၏ နူကလိယားလက်နက် တပ်ဆင်မှုအပေါ် ပြင်းထန်စွာ အရေးယူရန် လှုပ်ရှားလျက်ရှိပြီး လက်ရှိတွင် မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်း၍ မြောက်ကိုးရီးယားအား စီးပွားရေး အရ ပိတ်ဆို့ရန် လှုံ့ဆော်လျက်ရှိသည်။

အမေရိကန်ဒုသမ္မတ ပင့်စ့်က နည်းဗျူဟာအရ သည်းခံခဲ့သော အချိန်သည ကုန်ဆုံးခဲ့ပြီ ဖြစ်၍ မြောက်ကိုးရီးယားအနေဖြင့် အမေရိကန်တို့၏ အင်အားကို လာမစမ်းရန် သတိပေးခဲ့သည်။ တစ်ချိန်ထဲမှာပင် တရုတ်ကလည်း အမေရိကန်နှင့်အတူ ပူးပေါင်း၍ မြောက်ကိုးရီးယားနှင့် ချုပ်ဆိုထားသော ကျောက်မီးသွေးစာချုပ်အား ဖောက်ဖျက်ခဲ့သည်။

အမေရိကန် ဒုသမ္မတ ပင့်စ့်မှ သြစတေးလျ ဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့သော်လည်း လက်ရှိတွင် ရလဒ်မှာ အကြောင်းမထူးသေးပေ။ သြစတေးလျအနေဖြင့် အမေရိကန်ဖြင့် ပူးပေါင်းမည်လား သို့မဟုတ် ကမ္ဘာ့ပြဿနာရပ်ကြီးတွင် ဝင်မပါဘဲ နှုတ်ဆိတ်မည်လား ဆိုသည်မှာ စောင့်ကြည့်ရအုံးမည် ဖြစ်သည်။

Zawgyi Font : အေမရိကန္ ဒုသမၼတ ပင့္စ့္မွ ေျမာက္ကိုးရီးယားအား စီးပြားေရးအရ အေရးယူပိတ္ဆို႕ရန္ ၾသစေတးလ် ၀န္ၾကီးခ်ဳပ္ႏွင့္ ေတြ႕ဆံု

pence in au

ေျမာက္ကိုးရီးယား၏ ႏူကလိယားလက္နက္ ကိစၥအေရးႏွင့္ပတ္သက္၍ အေမရိကန္ ဒုသမၼတ ပင့္စ့္မွ စီးပြားေရးအရ ပိတ္ဆို႕အေရးယူရန္ ၾသစေတးလ် ၀န္ၾကီးခ်ဳပ္ႏွင့္ ေတြ႕ဆံုညိွႏိႈင္းခဲ့သည္။ ေတြ႕ဆံုပြဲတြင္ အေမရိကန္ ဒုသမၼတ ပင့္စ္မွ သံုးၾကိမ္တိုင္တိုင္ အေရးယူမည့္ကိစၥႏွင့္ပတ္သတ္၍ ေျပာဆိုခဲ့ျပီး အရာအားလံုးကို က်ေနာ္တို႕ ဒီစားပြဲ၀ိုင္းေပၚကေန ညိွႏိႈင္းေျဖရွင္းလို႕ရပါတယ္ ဟု ေျပာခဲ့သည္။

အေမရိကန္အေနျဖင့္ လက္ရွိတြင္ ေျမာက္ကိုးရီးယားအား အေရးယူပိတ္ဆို႕ရန္ ႏုိင္ငံတစ္ကာသို႕ သံတမန္ေရးရာ အရ ညိွႏိႈင္းေတြ႕ဆံုလ်က္ရွိျပီး လက္ရွိတြင္ တရုတ္အပါအ၀င္ ၾသစေတးလ်ႏွင့္ အေမရိကန္ မဟာမိတ္ႏုိင္ငံမ်ားအပါအ၀င္ ေျမာက္ကိုးရီးယားအား ပိတ္ဆို႕အေရးယူရန္ စီစဥ္လ်က္ရွိသည္။

ၾသစေတးလ်ႏုိင္ငံသည္ စီးပြားေရးေတာင့္တင္းေသာ ႏုိင္ငံတစ္ႏုိင္ငံျဖစ္ျပီး အေမရိကန္၊ တရုတ္၊ ဂ်ပန္၊ ေတာင္ကိုးရီးယား စသည့္ စီးပြားေရးအင္အားၾကီးႏုိင္ငံမ်ားႏွင့္ ခ်ိတ္ဆက္လုပ္ကိုင္ေနေသာ ႏုိင္ငံတစ္ႏုိင္ငံလည္း ျဖစ္သည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ဦးေဆာင္ေသာ အစိုးရအဖြဲ႕အစည္းမ်ားမွ ေျမာက္ကိုးရီးယား၏ ႏူကလိယားလက္နက္ တပ္ဆင္မႈအေပၚ ျပင္းထန္စြာ အေရးယူရန္ လႈပ္ရွားလ်က္ရွိျပီး လက္ရွိတြင္ မဟာမိတ္ႏုိင္ငံမ်ားႏွင့္ပူးေပါင္း၍ ေျမာက္ကိုးရီးယားအား စီးပြားေရး အရ ပိတ္ဆို႕ရန္ လႈံ႕ေဆာ္လ်က္ရွိသည္။

အေမရိကန္ဒုသမၼတ ပင့္စ့္က နည္းဗ်ဴဟာအရ သည္းခံခဲ့ေသာ အခ်ိန္သည ကုန္ဆံုးခဲ့ျပီ ျဖစ္၍ ေျမာက္ကိုးရီးယားအေနျဖင့္ အေမရိကန္တို႕၏ အင္အားကို လာမစမ္းရန္ သတိေပးခဲ့သည္။ တစ္ခ်ိန္ထဲမွာပင္ တရုတ္ကလည္း အေမရိကန္ႏွင့္အတူ ပူးေပါင္း၍ ေျမာက္ကုိးရီးယားႏွင့္ ခ်ဳပ္ဆိုထားေသာ ေက်ာက္မီးေသြးစာခ်ဳပ္အား ေဖာက္ဖ်က္ခဲ့သည္။

အေမရိကန္ ဒုသမၼတ ပင့္စ့္မွ ၾသစေတးလ် ၀န္ၾကီးခ်ဳပ္ႏွင့္ ေဆြးေႏြးခဲ့ေသာ္လည္း လက္ရွိတြင္ ရလဒ္မွာ အေၾကာင္းမထူးေသးေပ။ ၾသစေတးလ်အေနျဖင့္ အေမရိကန္ျဖင့္ ပူးေပါင္းမည္လား သို႕မဟုတ္ ကမၻာ႕ျပႆနာရပ္ၾကီးတြင္ ၀င္မပါဘဲ ႏႈတ္ဆိတ္မည္လား ဆိုသည္မွာ ေစာင့္ၾကည့္ရအံုးမည္ ျဖစ္သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: