Home News စပါးအသင်းကို လေးစားချစ်ခင်မိတယ်ဆိုတဲ့ ဒေးဗစ်လုဇ်

စပါးအသင်းကို လေးစားချစ်ခင်မိတယ်ဆိုတဲ့ ဒေးဗစ်လုဇ်

0

ချဲလ်ဆီးအသင်းရဲ့ ဗဟိုနောက်ခံလူ ဒေးဗစ်လုဇ်က ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် အက်အေဖလား ဆီးမီးဖိုင်နယ်ပွဲရဲ့ပြိုင်ဘက်လည်းဖြစ် လန်ဒန်ဒါဘီရဲ့ ခါးသီးပြိုင်ဘက်လည်းဖြစ်တဲ့ စပါးအသင်းအပေါ် လေးစားချစ်ခင်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့စပါးအသင်းတို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေကြသလို သက်တမ်းအရင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အက်အေဖလား ဆီးမီးဖိုင်နယ်မှာ တိုက်တိုက်ဆိုင်ဆိုင် လာရောက်ဆုံတွေ့နေလျက်ရှိပါတယ်။ ဒီလို ခါးသီးပြိုင်ဘက်နဲ့ တိုက်ဆိုင်စွာ ဆုံတွေ့နေရမှုအပေါ် ချဲလ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်က ” စပါးက တကယ်ကို အသင်းကောင်းတစ်သင်းပါ။ ကြောက်စရာကောင်းတဲ့ ကစားသမားတွေနဲ့ အရမ်းကောင်းတဲ့နည်းပြကို ပိုင်ဆိုင်ထားတာပါ။ ဒီအသင်းကို ကျွန်တော် ချစ်မြတ်နိုးမိ လေးစားမိပါတယ်။ စပါးအသင်းကို ကျွန်တော်တို့အနေနဲ့ တော်တော်လေး ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာလည်း သေချာနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ ကြောက်စရာကောင်းတဲ့ ကစားသမားတွေ ရှိနေတာပဲလေ။ ဥပမာ ကန်တီပေါ့။ ခက်ခဲတဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်လာနိုင်ပေမယ့် အကောင်းဆုံးရလဒ်တစ်ခု ရယူသွားနိုင်ဖို့ ကြိုးစားသွားမှာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့စပါးတို့အသင်းတို့ဟာ သူတို့ရဲ့ အက်အေဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်ကို ယနေ့ည ဆယ်နာရီ လေးဆယ့်ငါးမိနစ်အချိန်တွင် အင်္ဂလန်နိုင်ငံရဲ့ ဝင်ဘာလေကွင်းကြီးထဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်လို့ ဘောလုံးဝါသနာရှင်များအနေနဲ့ မလွတ်တမ်း စောင့်ကြည့်အားပေးဖို့ လိုအပ်ပါမယ်ခင်ဗျာ။

Zawgyi Font : စပါးအသင္းကုိ ေလးစားခ်စ္ခင္မိတယ္ဆုိတဲ႔ ေဒးဗစ္လုဇ္

david-luiz

ခ်ဲလ္ဆီးအသင္းရဲ႕ ဗဟုိေနာက္ခံလူ ေဒးဗစ္လုဇ္က ယေန႔ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ အက္ေအဖလား ဆီးမီးဖုိင္နယ္ပြဲရဲ႕ၿပိဳင္ဘက္လည္းျဖစ္ လန္ဒန္ဒါဘီရဲ႕ ခါးသီးၿပိဳင္ဘက္လည္းျဖစ္တဲ႔ စပါးအသင္းအေပၚ ေလးစားခ်စ္ခင္မိေၾကာင္း ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ပါတယ္။

ခ်ဲလ္ဆီးနဲ႔စပါးအသင္းတုိ႔ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အႀကိတ္အနယ္ျဖစ္ေနၾကသလုိ သက္တမ္းအရင့္ဆုံး ၿပိဳင္ပြဲတစ္ခုျဖစ္တဲ႔ အက္ေအဖလား ဆီးမီးဖုိင္နယ္မွာ တုိက္တုိက္ဆုိင္ဆုိင္ လာေရာက္ဆုံေတြ႕ေနလ်က္ရွိပါတယ္။ ဒီလုိ ခါးသီးၿပိဳင္ဘက္နဲ႔ တုိက္ဆုိင္စြာ ဆုံေတြ႕ေနရမႈအေပၚ ခ်ဲလ္ဆီးေနာက္ခံလူ ေဒးဗစ္လုဇ္က ” စပါးက တကယ္ကုိ အသင္းေကာင္းတစ္သင္းပါ။ ေၾကာက္စရာေကာင္းတဲ႔ ကစားသမားေတြနဲ႔ အရမ္းေကာင္းတဲ႔နည္းျပကုိ ပုိင္ဆုိင္ထားတာပါ။ ဒီအသင္းကုိ ကြ်န္ေတာ္ ခ်စ္ျမတ္ႏုိးမိ ေလးစားမိပါတယ္။ စပါးအသင္းကုိ ကြ်န္ေတာ္တုိ႔အေနနဲ႔ ေတာ္ေတာ္ေလး ခက္ခက္ခဲခဲ ရင္ဆုိင္ရမွာလည္း ေသခ်ာေနပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္တုိ႔အသင္းမွာ ေၾကာက္စရာေကာင္းတဲ႔ ကစားသမားေတြ ရွိေနတာပဲေလ။ ဥပမာ ကန္တီေပါ့။ ခက္ခဲတဲ႔ ၿပိဳင္ပြဲတစ္ပြဲ ျဖစ္လာႏုိင္ေပမယ့္ အေကာင္းဆုံးရလဒ္တစ္ခု ရယူသြားႏုိင္ဖုိ႔ ႀကိဳးစားသြားမွာပါ ” လုိ႔ ေျပာဆုိသြားခဲ႔ပါတယ္။

ခ်ဲလ္ဆီးနဲ႔စပါးတုိ႔အသင္းတို႔ဟာ သူတုိ႔ရဲ႕ အက္ေအဖလား ဆီးမီးဖုိင္နယ္ပြဲစဥ္ကုိ ယေန႔ည ဆယ္နာရီ ေလးဆယ့္ငါးမိနစ္အခ်ိန္တြင္ အဂၤလန္ႏုိင္ငံရဲ႕ ဝင္ဘာေလကြင္းႀကီးထဲမွာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားသြားၾကမွာျဖစ္လုိ႔ ေဘာလုံးဝါသနာရွင္မ်ားအေနနဲ႔ မလြတ္တမ္း ေစာင့္ၾကည့္အားေပးဖုိ႔ လုိအပ္ပါမယ္ခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: