Home News သေကြောင်းကြံစည်ချင်သူတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ သေခြင်းတရား အတွေ့အကြုံကျောင်း

သေကြောင်းကြံစည်ချင်သူတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ သေခြင်းတရား အတွေ့အကြုံကျောင်း

0
သေကြောင်းကြံစည်ချင်သူတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ သေခြင်းတရား အတွေ့အကြုံကျောင်း

တောင်ကိုရီးယားနိုင်ငံဆိုတာ အရင်တုန်းက အလွန်ကိုဆင်းရဲနုံချာလွန်းတဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်း ကာလများမှ နိုင်ငံသားတွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် နိုင်ငံစီးပွားရေးကောင်းမွန်လာပြီး အာရှတိုက်ရဲ့ နိုင်ငံကြီးမားတဲ့ နိုင်ငံကြီးတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလို အောင်မြင်တဲ့နိုင်ငံမှာ အသက်ရှင်နေထိုင်ရတဲ့ ပြည်သူတွေအဖို့ စိမ်ခေါ်မှုတွေဟာလည်း နေ့စဉ်တိုင်းလိုလိုကို ရှိနေပါတယ်။ စိမ်ခေါ်မှုတွေတိုင်း မအောင်မြင်တဲ့အခါမှာတော့ စိတ်ဓာတ်တွေ ကျပြီး ဘဝကို အဆုံးစီရင်သွားတတ်ကြပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆုံးစီရင်အများဆုံးအဖြစ် သတ်မှတ်ခံနေရတာဖြစ်ပြီး လူတစ်သိန်းမှာ ၂၈.၉%လောက်က အဆုံးစီရင်ဖို့ ကြိုးစားကြလေ့ရှိနေပါတယ်။ အဆိုးဆုံးကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေရှိနေတဲ့ နိုဝင်ဘာလမှာ အဆုံးစီရင်မှု အများဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှတ်အများဆုံး တက္ကသိုလ်သုံးခုကနေသာ ဘဝအတွက် အာမခံချက်ကောင်းတဲ့ အလုပ်အကိုင်တွေကို ရှာဖွေပေးနိုင်မှာဖြစ်လို့ပါပဲ။

death-exp-school

ဒါကြောင့် ဒီလိုအဆုံးစီရင်မှုတွေ လျှော့နည်းသွားစေဖို့အတွက် အသုဘလုပ်ငန်း လုပ်ကိုင်ခဲ့သူတစ်ဦးဟာ Seoul Hywon Healing Center ဆိုတဲ့ သေခြင်းတရား အတွေ့အကြုံကျောင်းတစ်ခုကို စတင်တည်ထောင်လိုက်ပါတယ်။ ဒီကျောင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စီးပွားရေး လူမှုရေး ပညာရေး စတဲ့ကဏ္ဍအသီးသီးမှာ ကျရှုံးမှုတွေချည်းနဲ့ ရင်ဆိုင်နေရလို့ ကိုယ်ကိုကိုယ် အဆုံးစီရင်ချင်သူတွေကို သေခြင်းတရားနဲ့ မိနစ်အနည်းငယ်လောက် ရင်ဆိုင်ပေးလိုက်ပြီး ဘဝကိုအသစ်တဖန် ပြန်လည်မွေးဖွားချင်စိတ် ပေါ်ပေါက်လာစေချင်တဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ အသက်ရှင်နေသမျှတော့ ဘယ်လိုအခက်အခဲပဲလာလာ ကျွန်တော်တို့ ရင်ဆိုင်ရမှာပဲလေ။ အသက်မသေးသမျှ ဘာကိုမှ အရှုံးပေးစရာမလိုပါဘူး။

Zawgyi Font : သေကြောင်းကြံစည်ချင်သူတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ သေခြင်းတရားအတွေ့အကြုံကျောင်း



death-exp-school-1


LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: