
မိမိချစ်ရသူခင်ရသူအတွက် အမှတ်တရဖြစ်စေဖို့ ပန်းချီကားလေးတစ်ခု ပုံလေးတစ်ခုကို ကိုယ်တိုင်ရေးဆွဲချင်ပေမယ့် ပုံဆွဲကလည်းမတော် အချိန်လည်းမရလို့ ခက်ခဲနေပါသလား။ သင်ရဲ့အခက်အခဲကို ကူညီပေးဖို့အတွက် Google က သူတို့ရဲ့နည်းပညာသစ် AutoDraw ကို မိတ်ဆက်ပေးလိုက်ပါပြီ။
AutoDraw ဟာ ပုံဆွဲချင်သူတွေကို အချိန်တိုလေးအတွင်းမှာ ကူညီရေးဆွဲပေးနိုင်မယ့် A.I နည်းပညာသုံး Application တစ်ခုဖြစ်ပါတယ်။ အသုံးပြုလိုသူအနေနဲ့ မိမိရဲ့စမတ်ဖုန်း ကွန်ပျူတာပေါ်ကနေ AutoDraw ရဲ့ ဝက်ဆိုဒ်ကိုသွားပြီး ပုံသွားဆွဲရမှာဖြစ်ပါတယ်။ ပုံစဆွဲတော့မယ်ဆိုရင်တော့ အဖြူကွက်လပ်ပေါ်မှာ ကိုယ်ဆွဲချင်တဲ့အရာကို စဆွဲပေးလိုက်ပါ။ ဥပမာ ကိုယ်က ခွေးပုံကိုဆွဲတယ်။ ဒါပေမယ့် ခွေးနဲ့တော့ အနည်းငယ်လေး တူတယ်ဆိုရုံလောက်ပဲ ဆိုပါစို့။ ဒါကို AutoDraw ကနေ သူရဲ့မြင့်မားတဲ့ နည်းပညာနဲ့ သင်ရဲ့မညီမညာခွေးပုံကို သေသပ်လှပတဲ့ ခွေးပုံလေးဖြစ်အောင် ပြောင်းလဲပေးသွားပါလိမ့်မယ်။ သင်ရဲ့ပုံက ဆွဲရင်းတန်းလှန်းဖြစ်နေပေမယ့် AutoDraw ကနေ သင်ဘာပုံဆွဲနေသလဲဆိုတာ သိရှိသွားပြီဆိုတာနဲ့ သင်ဆွဲနေတဲ့ပုံကို အပြီးသတ်ပြီးသွားအောင် ကူညီပေးမှာဖြစ်ပါတယ်။
အရမ်းကိုမိုက်တဲ့ နည်းပညာသုံး Application ဖြစ်ပါတယ်။ သင်အနေနဲ့ မွေးနေ့ဆုတောင်းကဒ်ပြားလေးတွေ လုပ်ချင်တယ်ဆိုရင်လည်း အရင်လို သူများလုပ်ပြီးသားကို Download ဆွဲယူနေစရာမလိုပဲ ကိုယ့်စိတ်ကူးနဲ့ ကိုယ်တိုင်ပြုလုပ်မှုကို ပေါင်းစပ်ပြီး AutoDraw မှာ စိတ်တိုင်းကျ ဖန်တီးနိုင်ပြီဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ autodraw.com မှာ သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။
Zawgyi Font : ပုံအရမ္းဆြဲခ်င္တဲ႔ ပုံဆြဲမေတာ္သူေတြကုိ ကူညီေပးႏုိင္မယ့္ Google ရဲ႕ AutoDraw
မိမိခ်စ္ရသူခင္ရသူအတြက္ အမွတ္တရျဖစ္ေစဖုိ႔ ပန္းခ်ီကားေလးတစ္ခု ပုံေလးတစ္ခုကုိ ကုိယ္တုိင္ေရးဆြဲခ်င္ေပမယ့္ ပုံဆြဲကလည္းမေတာ္ အခ်ိန္လည္းမရလုိ႔ ခက္ခဲေနပါသလား။ သင္ရဲ႕အခက္အခဲကုိ ကူညီေပးဖုိ႔အတြက္ Google က သူတုိ႔ရဲ႕နည္းပညာသစ္ AutoDraw ကုိ မိတ္ဆက္ေပးလုိက္ပါၿပီ။
AutoDraw ဟာ ပုံဆြဲခ်င္သူေတြကုိ အခ်ိန္တုိေလးအတြင္းမွာ ကူညီေရးဆြဲေပးႏုိင္မယ့္ A.I နည္းပညာသုံး Application တစ္ခုျဖစ္ပါတယ္။ အသုံးျပဳလုိသူအေနနဲ႔ မိမိရဲ႕စမတ္ဖုန္း ကြန္ပ်ဴတာေပၚကေန AutoDraw ရဲ႕ ဝက္ဆုိဒ္ကုိသြားၿပီး ပုံသြားဆြဲရမွာျဖစ္ပါတယ္။ ပုံစဆြဲေတာ့မယ္ဆုိရင္ေတာ့ အျဖဴကြက္လပ္ေပၚမွာ ကုိယ္ဆြဲခ်င္တဲ႔အရာကုိ စဆြဲေပးလုိက္ပါ။ ဥပမာ ကုိယ္က ေခြးပုံကုိဆြဲတယ္။ ဒါေပမယ့္ ေခြးနဲ႔ေတာ့ အနည္းငယ္ေလး တူတယ္ဆုိရံုေလာက္ပဲ ဆုိပါစုိ႔။ ဒါကုိ AutoDraw ကေန သူရဲ႕ျမင့္မားတဲ႔ နည္းပညာနဲ႔ သင္ရဲ႕မညီမညာေခြးပုံကုိ ေသသပ္လွပတဲ႔ ေခြးပုံေလးျဖစ္ေအာင္ ေျပာင္းလဲေပးသြားပါလိမ့္မယ္။ သင္ရဲ႕ပုံက ဆြဲရင္းတန္းလွန္းျဖစ္ေနေပမယ့္ AutoDraw ကေန သင္ဘာပုံဆြဲေနသလဲဆုိတာ သိရွိသြားၿပီဆုိတာနဲ႔ သင္ဆြဲေနတဲ႔ပုံကုိ အၿပီးသတ္ၿပီးသြားေအာင္ ကူညီေပးမွာျဖစ္ပါတယ္။
အရမ္းကုိမုိက္တဲ႔ နည္းပညာသုံး Application ျဖစ္ပါတယ္။ သင္အေနနဲ႔ ေမြးေန႔ဆုေတာင္းကဒ္ျပားေလးေတြ လုပ္ခ်င္တယ္ဆုိရင္လည္း အရင္လုိ သူမ်ားလုပ္ၿပီးသားကုိ Download ဆြဲယူေနစရာမလုိပဲ ကိိုယ့္စိတ္ကူးနဲ႔ ကုိယ္တုိင္ျပဳလုပ္မႈကုိ ေပါင္းစပ္ၿပီး AutoDraw မွာ စိတ္တုိင္းက် ဖန္တီးႏုိင္ၿပီျဖစ္ပါတယ္။ စိတ္ဝင္စားရင္ေတာ့ autodraw.com မွာ သြားေရာက္ေလ့လာႏုိင္ပါတယ္ခင္ဗ်ာ။