Home Sports အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရသွားတဲ့ Sead Kolasinac

အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရသွားတဲ့ Sead Kolasinac

0
အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရသွားတဲ့ Sead Kolasinac

အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ အဓိကပြစ်မှတ်ဖြစ်နေတဲ့ ရှော်ကေးအသင်းရဲ့နောက်ခံကစားသမား Sead Kolasinac ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရသွားခဲ့ပြီး ဆေးစစ်မှုတွေလည်း ပြုလုပ်ပြီးသွားပြီလို့ သတင်းထွက်ရှိလာခဲ့ပါတယ်။

အသက် ၂၃နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဂျာမနီလူမျိုး ဘယ်နောက်ခံကစားသမား Sead Kolasinac ကို အာဆင်နယ်အသင်းအပြင် ချဲလ်ဆီးအသင်းနဲ့ အဲဗာတန်အသင်းတို့ကလည်း ခေါ်ယူရန် အပြိုင်ကမ်းလှမ်းခဲ့ပြီး အာဆင်နယ်အသင်းက ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရရှိသွားခဲ့တာဖြစ်ပါတယ်။ Goal.com နဲ့ ဖော်ပြချက်အရ Kolasinac ဟာ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးအတွက် လာမယ့်နွေရာသီ အပြောင်းအရွေ့ ကနဦးခေါ်ယူမှုလည်း ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ တကယ်လို့ အာဆင်ဝင်းဂါးအနေနဲ့ အာဆင်နယ်က ထွက်ခွာဖြစ်မယ်ဆိုရင်တော့ Kolasinac ဟာ သူနောက်ဆုံးခေါ်ယူခဲ့တဲ့ ကစားသမားလည်း ဖြစ်သွားနိုင်ပါတယ်။

Kolasinac ဟာ ရှော်ကေးအသင်းမှာ ၂၀၁၂ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ငါးနှစ်တာခန့် ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၁ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ ဂျာမနီယူ-၁၉ အသင်းနဲ့ ၂၀၁၂ခုနှစ်ကနေ ၂၀၁၃ခုနှစ်အထိ ဂျာမနီယူ-၂၀ အသင်းတိ့ုအတွက် ရွေးချယ်ခံခဲ့ရပေမယ့် လက်ရွေးစင်အသင်းကြီးအတွက် အရွေးမခံခဲ့ရတာကြောင့် ဘော့စနီယားနိုင်ငံလက်ရွေးစင်အဖြစ်သာ ခံယူထားခဲ့သူလည်း ဖြစ်ပါတယ်ခင်ဗျာ။

Zawgyi Font : အာဆင္နယ္အသင္းနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ရသြားတဲ့ Sead Kolasinac

Sead Kolasinac

အာဆင္နယ္အသင္းဟာ သူတုိ႕အသင္းရဲ႕ အဓိကျပစ္မွတ္ျဖစ္ေနတဲ႔ ေရွာ္ေကးအသင္းရဲ႕ေနာက္ခံကစားသမား Sead Kolasinac ကုိ ေခၚယူဖုိ႔အတြက္ ပုဂၢိဳလ္ေရးဆုိင္ရာ သေဘာတူညီခ်က္ရသြားခဲ႔ၿပီး ေဆးစစ္မႈေတြလည္း ျပဳလုပ္ၿပီးသြားၿပီလုိ႔ သတင္းထြက္ရွိလာခဲ႔ပါတယ္။

အသက္ ၂၃ႏွစ္အရႊယ္ရွိၿပီျဖစ္တဲ႔ ဂ်ာမနီလူမ်ိဳး ဘယ္ေနာက္ခံကစားသမား Sead Kolasinac ကုိ အာဆင္နယ္အသင္းအျပင္ ခ်ဲလ္ဆီးအသင္းနဲ႔ အဲဗာတန္အသင္းတုိ႔ကလည္း ေခၚယူရန္ အၿပိဳင္ကမ္းလွမ္းခဲ႔ၿပီး အာဆင္နယ္အသင္းက ၿပိဳင္ဘက္အသင္းေတြထက္ လက္ဦးမႈရရွိသြားခဲ႔တာျဖစ္ပါတယ္။ Goal.com နဲ႔ ေဖာ္ျပခ်က္အရ Kolasinac ဟာ အာဆင္နယ္နည္းျပ အာဆင္ဝင္းဂါးအတြက္ လာမယ့္ေႏြရာသီ အေျပာင္းအေရြ႕ ကနဦးေခၚယူမႈလည္း ျဖစ္သြားခဲ႔တယ္လုိ႔ သိရပါတယ္။ တကယ္လုိ႔ အာဆင္ဝင္းဂါးအေနနဲ႔ အာဆင္နယ္က ထြက္ခြာျဖစ္မယ္ဆုိရင္ေတာ့ Kolasinac ဟာ သူေနာက္ဆုံးေခၚယူခဲ႔တဲ႔ ကစားသမားလည္း ျဖစ္သြားႏုိင္ပါတယ္။

Kolasinac ဟာ ေရွာ္ေကးအသင္းမွာ ၂၀၁၂ခုႏွစ္ကေန ၂၀၁၇ခုႏွစ္အထိ ငါးႏွစ္တာခန္႔ ပါဝင္ကစားေပးခဲ့ၿပီး ၂၀၁၁ခုႏွစ္ကေန ၂၀၁၂ခုႏွစ္အထိ ဂ်ာမနီယူ-၁၉ အသင္းနဲ႔ ၂၀၁၂ခုႏွစ္ကေန ၂၀၁၃ခုႏွစ္အထိ ဂ်ာမနီယူ-၂၀ အသင္းတိ႔ုအတြက္ ေရြးခ်ယ္ခံခဲ႔ရေပမယ့္ လက္ေရြးစင္အသင္းႀကီးအတြက္ အေရြးမခံခဲ႔ရတာေၾကာင့္ ေဘာ့စနီယားႏုိင္ငံလက္ေရြးစင္အျဖစ္သာ ခံယူထားခဲ႔သူလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: