
( ၁ ) Margo Dydek
ပိုလန်လူမျိုး အမျိုးသမီးဘတ်စကတ်ဘော ကစားသမားဖြစ်သူ Margo Dydek ဟာ အရပ် ၇ပေနဲ့ ၂လက်မရှိသူဖြစ်ပြီး အမျိုးသမီး ဘတ်စကတ်ဘောသမိုင်းတလျောက် အရပ်အမြင့်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ ၂၀၁၁ခုနှစ်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
( ၂ ) Robert Pershing Wadlow
Giant of Illinois လို့ အမည်ပြောင်ပေးထားခံရသူ Robert Pershing Wadlow ဟာ ၁၉၁၈ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၂၂နှစ်သားအရွှယ်မှာပဲ ကွယ်လွန်ခဲ့သူဖြစ်ပါတယ်။ Robert ဟာ မွေးဖွားပြီးချင်းမှာပဲ Gigantism လို့ခေါ်တဲ့ ခန္ဓာကိုယ်အရွှယ်အစား အဆမတန် ကြီးထွားမှုဝေဒနာကို ခံစားလာခဲ့ရပြီး ခြောက်နှစ်သားအရွှယ်မှာပဲ မိဘနှစ်ပါးထက်ကို အရပ်ရှည်နေခဲ့ရပါတယ်။ သူကွယ်လွန်ချိန်မှာတော့ Robert ရဲ့အရပ်ဟာ ၈ပေနဲ့ ၁၁လက်မအထိကို ရှိနေခဲ့ပါတယ်။
( ၃ ) Broc Brown
ချာတိတ်လေး Broc ကတော့ မွေးဖွားကတည်းက Sotos Syndrome လို့ခေါ်တဲ့ အလွန်ရှားပါးပြီး ဖြစ်ခဲ့လှတဲ့ မျိုးဗီဇ ကစဉ့်ကလျားဖြစ်စဉ်ကြောင့် သူရဲ့အရပ်ဟာ တစ်နှစ်ကို ခြောက်လက်မအထိ ရှည်နေရပါတယ်။ လက်ရှိ Broc ရဲ့ အရပ်အမြင့်ဟာ ၇ပေနဲ့ ၈လက်မအထိရှိနေပြီး ဆက်လက်ရှည်လျားနိုင်ဖွယ်လည်း ရှိနေပါတယ်။
( ၄ ) Brahim Takioullah
မော်ရိုကိုနိုင်ငံသား Brahim Takioullah ကတော့ သူရဲ့မြင့်မားလှတဲ့ ၈ပေ ၁လက်မရှိ အရပ်အမောင်းကြောင့် ကမ္ဘာပေါ်မှာ ဒုတိယအရပ်အမြင့်ဆုံးသူအဖြစ် သတ်မှတ်ထားခံရသူဖြစ်ပါတယ်။ ဒါ့အပြင် Brahim Takioullah ဟာ ကမ္ဘာပေါ်မှာ ခြေထောက်အကြီးမားဆုံးသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ဦးနှောက်ထဲက acromegaly လို့ခေါ်တဲ့ ပစ်ကျူထရီဂလင်းကြောင့် အခုလို ထွားကြိုင်းနေရတာပဲဖြစ်ပါတယ်။
( ၅ ) Andre the Giant
Andre the Giant ကိုတော့ WWE ပရိသတ်တိုင်း မသိသူမရှိပါဘူး။ အရပ် ၇ပေ ၄လက်မအထိရှိပြီး ပေါင်ငါးရာလောက်အထိရှိတဲ့ Andre the Giant ဟာ သူရဲ့ထွားကြိုင်းလှတဲ့ ခန္ဓာကိုယ်ကြောင့် WWE နပန်းပွဲမှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပြီး ယခုအချိန်ထိ သူ့ကိုဂုဏ်ယူပွဲတွေ ပြုလုပ်နေရပါတယ်ခင်ဗျာ။
Zawgyi Font : မယုံၾကည္ႏုိင္စရာ ေကာင္းေလာက္ေအာင္ အရပ္ျမင့္မားၾကသူ ( ၅ ) ဦး
( ၁ ) Margo Dydek
ပုိလန္လူမ်ိဳး အမ်ိဳးသမီးဘတ္စကတ္ေဘာ ကစားသမားျဖစ္သူ Margo Dydek ဟာ အရပ္ ၇ေပနဲ႔ ၂လက္မရွိသူျဖစ္ၿပီး အမ်ိဳးသမီး ဘတ္စကတ္ေဘာသမုိင္းတေလ်ာက္ အရပ္အျမင့္ဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္ႏုိင္ခဲ႔သူျဖစ္ပါတယ္။ သူမဟာ ၂၀၁၁ခုႏွစ္က ႏွလုံးေရာဂါနဲ႔ ကြယ္လြန္သြားခဲ႔ပါတယ္။
( ၂ ) Robert Pershing Wadlow
Giant of Illinois လုိ႔ အမည္ေျပာင္ေပးထားခံရသူ Robert Pershing Wadlow ဟာ ၁၉၁၈ခုႏွစ္မွာ ေမြးဖြားခဲ႔သူျဖစ္ၿပီး အသက္ ၂၂ႏွစ္သားအရႊယ္မွာပဲ ကြယ္လြန္ခဲ႔သူျဖစ္ပါတယ္။ Robert ဟာ ေမြးဖြားၿပီးခ်င္းမွာပဲ Gigantism လုိ႔ေခၚတဲ႔ ခႏၶာကုိယ္အရႊယ္အစား အဆမတန္ ႀကီးထြားမႈေဝဒနာကုိ ခံစားလာခဲ႔ရၿပီး ေျခာက္ႏွစ္သားအရႊယ္မွာပဲ မိဘႏွစ္ပါးထက္ကုိ အရပ္ရွည္ေနခဲ႔ရပါတယ္။ သူကြယ္လြန္ခ်ိန္မွာေတာ့ Robert ရဲ႕အရပ္ဟာ ၈ေပနဲ႔ ၁၁လက္မအထိကုိ ရွိေနခဲ႔ပါတယ္။
( ၃ ) Broc Brown
ခ်ာတိတ္ေလး Broc ကေတာ့ ေမြးဖြားကတည္းက Sotos Syndrome လို႔ေခၚတဲ႔ အလြန္ရွားပါးၿပီး ျဖစ္ခဲ႔လွတဲ႔ မ်ိဳးဗီဇ ကစဥ့္ကလ်ားျဖစ္စဥ္ေၾကာင့္ သူရဲ႕အရပ္ဟာ တစ္ႏွစ္ကုိ ေျခာက္လက္မအထိ ရွည္ေနရပါတယ္။ လက္ရွိ Broc ရဲ႕ အရပ္အျမင့္ဟာ ၇ေပနဲ႔ ၈လက္မအထိရွိေနၿပီး ဆက္လက္ရွည္လ်ားႏုိင္ဖြယ္လည္း ရွိေနပါတယ္။
( ၄ ) Brahim Takioullah
ေမာ္ရုိကုိႏုိင္ငံသား Brahim Takioullah ကေတာ့ သူရဲ႕ျမင့္မားလွတဲ႔ ၈ေပ ၁လက္မရွိ အရပ္အေမာင္းေၾကာင့္ ကမာၻေပၚမွာ ဒုတိယအရပ္အျမင့္ဆုံးသူအျဖစ္ သတ္မွတ္ထားခံရသူျဖစ္ပါတယ္။ ဒါ့အျပင္ Brahim Takioullah ဟာ ကမာၻေပၚမွာ ေျခေထာက္အႀကီးမားဆုံးသူတစ္ဦးလည္း ျဖစ္ပါတယ္။ သူဟာ ဦးေႏွာက္ထဲက acromegaly လုိ႔ေခၚတဲ႔ ပစ္က်ဴထရီဂလင္းေၾကာင့္ အခုလုိ ထြားႀကိဳင္းေနရတာပဲျဖစ္ပါတယ္။
( ၅ ) Andre the Giant
Andre the Giant ကုိေတာ့ WWE ပရိသတ္တုိင္း မသိသူမရွိပါဘူး။ အရပ္ ၇ေပ ၄လက္မအထိရွိၿပီး ေပါင္ငါးရာေလာက္အထိရွိတဲ႔ Andre the Giant ဟာ သူရဲ႕ထြားႀကိဳင္းလွတဲ႔ ခႏၶာကုိယ္ေၾကာင့္ WWE နပန္းပြဲမွာ ေအာင္ျမင္မႈေတြ ဆက္တုိက္ရရွိခဲ႔ၿပီး ယခုအခ်ိန္ထိ သူ႔ကုိဂုဏ္ယူပြဲေတြ ျပဳလုပ္ေနရပါတယ္ခင္ဗ်ာ။