Home Lifestyle ရေချိုးကန်အတွင်း ရေပူနဲ့ ရေစိမ်ချိုးပေးခြင်းရဲ့ အကျိုးကျေးဇူး ၅ ချက်
ရေချိုးကန်အတွင်း ရေပူနဲ့ ရေစိမ်ချိုးပေးခြင်းရဲ့ အကျိုးကျေးဇူး ၅ ချက်
0
ရေချိုးကန်အတွင်း ရေပူနဲ့ ရေစိမ်ချိုးပေးခြင်းရဲ့ အကျိုးကျေးဇူး  ၅ ချက်
တစ်ခါတစ်လေ သေးငယ်တဲ့ အရာလေးတွေကနေ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိတတ်လေ့ရှိပါတယ်။ ဒီထဲမှာ ရေပူနဲ့ ရေစိမ်ချိုးပေးခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် ရေပူနဲ့ ရေစိမ်ချိုးရခြင်းရဲ့ အကျိုးကျေးဇူး ( ၅ ) ချက်ကို စုစည်းတင်ပြလိုက်ရပါတယ်။
( ၁ ) သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း
ရေချိုးကန်အတွင်း ခန္ဓာကိုယ်တစ်ခုလုံးကို လည်ပင်းလောက်အထိ ရေပူထဲမှာ စိမ်ပေးထားခြင်းဟာ ကိုယ်အတွင်းရှိ သွေးကြောတွေအတွက် လေ့ကျင့်ခန်းလုပ်ပေးခြင်းလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေဟာ ခန္ဓာကိုယ်အတွက် ရုပ်ပိုင်းဆိုင်ရာဖိအားတစ်မျိုးကို ဖန်တီးပေးနိုင်ပြီး နှလုံးရဲ့ စွမ်းဆောင်ရည်ကို တိုးမြင့်လာစေနိုင်တာကြောင့်ဖြစ်ပါတယ်။ ရေထဲမှာ ခန္ဓာကိုယ် ရောက်ရှိနေချိန်ဆို နှလုံးခုန်နှုန်းဟာ မြန်ဆန်လာပြီး နှလုံးကိုပိုပြီး အားသန်စေလာပါတယ်။ ဒါကြောင့် ရေပူထဲမှာ ခန္ဓာကိုယ်ကို နှစ်ထားခြင်းဟာ နှလုံးသွေးလည်ပတ်မှုကို အဓိကကောင်းမွန်စေနိုင်ပါတယ်။
( ၂ ) ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း
ရေပူနဲ့ ရေစိမ်ချိုးခြင်းဟာ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်သွားစေနိုင်တာကြောင့် ကောင်းမွန်စွာ အိပ်ပျော်နိုင်စေပါတယ်။ ရေပူနဲ့ချိုးလိုက်တဲ့အခါ ခန္ဓာကိုယ်တွင်း အပူချိန်ပိုများလာပြီး ကြွက်သားအားလုံးကို ညောင်းညာခြင်းမှ ကင်းဝေးအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလို ကြွက်သားတွေ ဖြေလောျ့သွားခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကျိုးကျေးဇူးရှိစေတဲ့အတွက် နှစ်ခြိုက်စွာ အိမ်မောကျဖို့ ကူညီပေးနိုင်တာပဲဖြစ်ပါတယ်။
( ၃ ) ကိုယ်အလေးချိန် ကျဆင်းစေခြင်း
လေ့လာတွေ့ရှိချက်တွေအရ ဆီးချိုရောဂါရှိသူများအနေနဲ့ ရေပူနဲ့ ပုံမှန်ရေစိမ်ချိုးပေးသွားမယ်ဆိုရင် သွေးအတွင်းမှာရှိတဲ့ သကြားဓါတ်တွေ လျော့နည်းသွားစေနိုင်တယ်လို့ သိရပါတယ်။ တစ်နေ့ကို မိနစ်နှစ်ဆယ်မှ နာရီဝက်အတွင်းနဲ့ တစ်ပတ်ကိုခြောက်ရက်လောက်အထိ ရေပူနဲ့ ပုံမှန်ရေစိမ်ချိုးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို နှစ်ပေါင်ခွဲလောက်အထိကို ကျဆင်းသွားစေနိုင်ပါတယ်။
( ၄ ) ခေါင်းကိုက်ခြင်းမှ သက်သာစေနိုင်ခြင်း
ခေါင်းကိုက်ခြင်းအများစုဟာ ဦးခေါင်းမှာရှိတဲ့ သွေးကြောတွေ ကျဉ်းသွားတာကြောင့် ဖြစ်ပေါ်တတ်လေ့ရှိပါတယ်။ ရေပူနဲ့ ရေစိမ်ချိုးကြည့်မယ်ဆိုရင် ဦးခေါင်းထဲက သွေးကြောတွေရဲ့ တင်းရင်းမှုကို သက်သာလျော့ပါးစေနိုင်ပြီး ခေါင်းကိုက်ဝေဒနာကို အလျင်အမြန် သက်သာသွားစေနိုင်ပါတယ်။
( ၅ ) နှာစီး ချောင်းဆိုးခြင်းမှ ပျောက်ကင်းစေခြင်း
ရေပူထဲမှာ လည်ပင်းလောက်အထိ ရေစိမ်ထားမယ်ဆိုရင် လည်ပင်းထဲက ချွဲသလိပ်တွေကို တစ်စုတစ်စည်းတည်းနဲ့ အပြင်ကိုထွက်ရှိလာစေနိုင်ပါတယ်။ ဒါကြောင့် ချောင်းပုံမှန်ဆိုးနေသူများအနေနဲ့ ရေပူနဲ့ ရေစိမ်ချိုးသင့်ပါတယ်။ ဒါ့အပြင် သင့်မှာ အအေးမိဖျားနာခြင်း ဖြစ်နေမယ်ဆိုရင် ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ရေပူနဲ့ ရေစိမ်ချိုးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်ခင်ဗျာ။
Zawgyi Font : ရေချိုးကန်အတွင်း ရေပူနဲ့ရေစိမ်ချိုးပေးခြင်းရဲ့ အကျိုးကျေးဇူး ( ၅ ) ချက်
bathing
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: