Home News စွမ်းအင်ထုတ်ပေးရုံသာမက အလုပ်အကိုင်နဲ့ နိုင်ငံခြားသားများကိုပါ ဆွဲဆောင်နိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံက Wind Turbine များ

စွမ်းအင်ထုတ်ပေးရုံသာမက အလုပ်အကိုင်နဲ့ နိုင်ငံခြားသားများကိုပါ ဆွဲဆောင်နိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံက Wind Turbine များ

0
စွမ်းအင်ထုတ်ပေးရုံသာမက အလုပ်အကိုင်နဲ့ နိုင်ငံခြားသားများကိုပါ ဆွဲဆောင်နိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံက Wind Turbine များ

ဖိလစ်ပိုင်နိုင်ငံ တောင်တန်းဒေသတွေမှာရှိတဲ့ Wind Turbine များဟာ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနေရုံသာမကပဲ ဒေသတွင်းကပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးစွမ်းနိုင်တဲ့အပြင် နိုင်ငံအတွင်းကို လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်းများအတွက်လည်း ဆွဲဆောင်မှုတွေ ပေးစွမ်းနိုင်လျက်ရှိနေပါတယ်။

အဆိုပါ Wind Turbine များဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရဲ့အရှေ့ဘက်ခြမ်းရှိ ရီဇယ်ခရိုင်က တောင်တန်းတွေပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ၂၇ခုခန့်ရှိပြီး ၁၂၅ပေမြင့်တဲ့ အဖြူရောင် Wind Turbine များရှိရာဒေသကို ကမ္ဘာလှည့်ခရီးသွားများက တကူးတကကို လာရောက်လည်ပတ်ကြတာ စတင်ဖွင့်လှစ်ချိန်ကတည်းက အခုထိပင်ဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသည်များက ဖိလစ်ပိုင်နိုင်ငံရဲ့ အလှတရားတွေကို ကြည့်ရှုကြဖို့နဲ့ လေကောင်းလေသန့် ရှုရှိုက်ဖို့အတွက် ဒီနေရာကို  လာရောက်ကြတာဖြစ်တယ်လို့ ကမ္ဘာလှည့်ခရီးသွားတစ်ယောက်က ပြောဆိုထားခဲ့ပါတယ်။ Wind Turbine ကြီးတွေဟာ နိုင်ငံအတွင်းကို လာရောက်လှည့်ပတ်ကြသူများကိုပါ ဆွဲဆောင်နိုင်ရုံမကပဲ အနီးအနားဒေသရှိ ပြည်သူသုံးရာကျော်ခန့်ကိုပါ အလုပ်အကိုင်တွေ ပေးစွမ်းထားနိုင်ပါသေးတယ်။

လေအားကနေ လျှပ်စစ်ထုတ်လုပ်နေတဲ့ နည်းပညာရပ်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ အခုနောက်ပိုင်းကာလအတွင်း အသုံးတွင်ကျယ်လာလျက်ရှိပြီး နိုင်ငံတဝန်းလုံးအတွက် လျှပ်စစ်ဓါတ်အား ၂၀၀၅၅မီဂါဝပ်လောက်အထိကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ယခုလက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံဟာ လျှပ်စစ်ဓါတ်အားများကို ကျောက်မီးသွေးမှ ၃၄% ၊ ဆီနဲ့ဓါတ်ငွေ့များမှ ၃၄% နဲ့ ဆိုလာပြား လေတာဘိုင်နဲ့ ဇီဝဒြပ်ထုတို့လို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကနေ ၃၂% တို့ဖြင့် ထုတ်လုပ်လျက်ရှိပါတယ်။

Zawgyi Font : စွမ်းအင်ထုတ်ပေးရုံသာမက အလုပ်အကိုင်နဲ့ နိုင်ငံခြားသားများကိုပါ ဆွဲဆောင်နိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံက Wind Turbine များ

wind-turbine





LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: