Home Lifestyle ညံ့ဖျင်းသည့် သူဌေးများကြောင့် ၀န်ထမ်းများ နေမကောင်းဖြစ်နိုင်ချေ ပိုများ


0



boss



Unicode  : ညံ့ဖျင်းသည့် သူဌေးများကြောင့် ဝန်ထမ်းများ နေမကောင်းဖြစ်နိုင်ချေ ပိုများ

လေ့လာတွေ့ရှိချက်များအရ ညံ့ဖျင်းသော သူဌေးများကြောင့် လုပ်ခန်းခွင်အတွင်းက ဝန်ထမ်းများ နေထိုင်မကောင်း ဖြစ်နိုင်ချေ ပိုမိုများပြားကြောင်း သိရှိရသည်။ ထို့အပြင် အလုပ်သမားမမြဲခြင်းနှင့် လုပ်ငန်းခွင်အတွင်း မတည်ငြိမ်မှုများ အမြဲဖြစ်ပေါ်နေသည်ဟု အမေရိကန် စိတ်ပညာရှင် အဖွဲ့အစည်းမှ ထုတ်ပြန်ခဲ့သည်။

၇၅ ရာခိုင်နှုန်းသော အမေရိကန်ရဲ့ ဝန်ထမ်းတွေဟာ အလုပ်ရှင်နဲ့ မန်နေဂျာတွေကြောင့် စိတ်ဖိစီးမှုကို ခံစားနေရပြီး ၅၉ ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှုဒဏ်ကြောင့် အလုပ်ထွက်ကုန်ကြတယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်အတွင်း သန့်ရှင်းမှု မရှိခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှုအတွက် သေချာသော အာမခံမရှိခြင်း၊ အလုပ်ကို မတရား ဖိနှိပ်၍ ခိုင်းခြင်း တို့ကြောင့် ဝန်ထမ်းများဟာ စိတ်ဖိစီးမှုပိုမိုများပြားပြီး နေထိုင်မကောင်း ဖြစ်နိုင်ချေ ပိုမိုများပြားတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

boss

ဒါ့အပြင် လုပ်ငန်းရှင်သူဌေးများဘက်မှ ဝန်ထမ်းများ သက်တောင့်သက်သာ ဖြစ်စေရန်အတွက် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် မေ့လျော့ခြင်း သို့မဟုတ် မဖန်တီးပေးခြင်းတို့ကလည်း ဝန်ထမ်းများကို လုပ်ငန်းခွင်အပေါ်တွင် စိတ်ပျက်အားလျော့စေကြောင်း ထုတ်ပြန်ထားသည်။

ထိုကဲ့သို့သော ညံ့ဖျင်းသည့် လုပ်ငန်းရှင်သူဌေးအများစုမှာ လုပ်ငန်းအကြောင်း ကိုယ်တိုင်နားမလည်ဘဲ ပိုက်ဆံရင်း၍ ဝန်ထမ်းများဖြင့် လည်ပတ်နေသောကြောင့်လည်း ဝန်ထမ်းများကို စိတ်ဒုက္ခပေးနေသလိုဖြစ်နေသည်ဟု ဆိုသည်။ ဒါကြောင့် ညံ့ဖျင်းသော သူဌေးလက်အောက်တွင် အလုပ်လုပ်ရသည့် ဝန်ထမ်းများမှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများအပြင် နေမကောင်း တစ်ချိန်လုံး ဖြစ်နိုင်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: