
အလွန်လှပသော နွေဦးရာသီဥတုဖြစ်သည်။
မြေဩဇာပြည့်ဝသော ဥယျာဉ်ပျိုးခင်းခြံဝင်းတစ်ခုထဲမှာ သစ်စေ့နှစ်စေ့ ဘေးချင်းယှဉ်၍ တည်ရှိနေလေတယ်။
ပထမသစ်စေ့က အရင်ဆုံးဆိုလေတယ်။
“ငါ အပင်အရမ်းဖြစ်ချင်တယ်၊ကြီးထွားချင်တယ်၊ ငါ့အမြစ်တွေကို မြေအောက်ထဲကို နက်နက်ရှိုင်းရှိုင်း တွန်းပို့ချင်တယ်။ ငါ့ အစို့အညှောက်လေးတွေကို အထက် မြေလွှာကိုဖောက်ထွင်းပြီး အပြင်လောကကိုမြင်ချင်တယ်။ နူးညံ့တဲ့ အဖူးလေးတွေက ပွင့်အာလာတဲ့ ပန်းပွင်ချပ်လွှာလေးတွေနဲ့အတူ အောင်လံထူပြီး နွေဦးကိုကြိုချင်တယ်၊ ငါ့မျက်နှာပေါ် နွေးထွေးတဲ့နေရောင်ခြည် ကျရောက်တာ ငါခံယူချင်တယ်။ အေးမြလတ်ဆက်တဲ့ နံနက်ခင်းနှင်းပွင့်ကလေးတွေ ငါ့ ပွင့်လွှာချပ်တွေပေါ် ဖျန်းပတ်တာလဲ ငါခံစားချင်တယ်” လို့ဆိုတော့….။
ဒုတိယသစ်စေ့ကတော့ ဤကဲ့သို့ဆိုလေသည်။
“ငါက အပင်ပေါက်ရမာကြောက်တယ်။ အမြစ်တွေမြေကြီးထဲ ထိုးထည့်တဲ့အခါ အမှောင်ထဲမှာ ဘာတွေနဲ့ရင်ဆိုင်တိုးရမလဲဆိုတာ ငါမသိဖူး။ အပေါ်ကမြေမာကို ထိုးဖောက်ထွက်တော့လဲ နူးညံ့တဲ့ ငါ့အစို့အညှောက်လေးတွေ ပဲ့ရွဲ့ပျက်စီးကုန်မှာ စိုးရတယ်။….အဖူးအငုံလေးတွေ ပွင့်အာစမှာ ပက်ကျိစားသွားရင်ကော၊ ပန်းကလေးတွေပွင့်လာတော့မှ ကလေးတစ်ယောက် ကောက်နှုတ်သွားရင်ကော ဘယ့်နှယ့်လုပ်မလဲ၊ မဖြစ်ဖူး၊ စိတ်ချရတဲ့အထိစောင့်မှ ကောင်းမယ်” လို့ပြောလေတယ်။
ဤသို့နှင့် ဒုတိယအစေ့သည် သူပြောတဲ့အတိုင်း စောင့်နေမြဲစောင့်နေခဲ့သည်။
တစ်နေ့ကျတော့ ခြံထဲကို အစာရှာထွက်လာတဲ့ ကြက်မတစ်ကောင်ဟာ ဟိုဟိုသည်သည် ယက်ရင်းနဲ့ စိတ်ချရသောအချိန်ကိုစောင့်မျှော်နေတဲ့ သစ်စေ့လေးကိုတွေ့ကာ ဆက်ခနဲ ကောက်စားပစ်လိုက်လေးသည်။
ပြောချင်တာကတော့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ဘဝကို ကိုယ်ပိုင် ဖန်တီးစီမံနိုင်တဲ့အရည်သွေးတွေ အပြည့်ရှိနေပြီးသားပါ။ ကိုယ်ဖန်တီးထားတဲ့ ဘဝအတိုင်းပဲ ဖြတ်သန်းပုံဖော်ရတာပါ။ စွန့်စားရမဲ့ အချိန်ရောက်သည့် တိုင်အောင် အင်အားတစ်ခုမှ စိုက်မထုတ်ပဲ မဖြစ်သေးတာတွေကို ကြိုတွေးစိုးရိမ်နေမယ်ဆိုရင် ကံကြမ္မာက ဖန်တီးတဲ့ဘဝကြီးမှာ ကျွန်မတို့ရဲ့ဘဝတွေဟာ ရေစုန်မျှောရမှာပါ။ ထိုဥပမာလေးအတိုင်းပဲ စာဖတ်သူတို့လဲ မိမိတို့ကိုယ်ပိုင်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ့ကိုင်ပြီး အောင်မြင်မှုတွေ သီးပွင့်နေတဲ့ ပန်းတိုင်ကိုအရောက်လှမ်းနိုင်ပါစေ။
Credit by >>Risking of Patty Hansen
Zawgyi Font : စြန္႕စားျခင္း ႏွင့္ စိုးရိမ္ေၾကာင့္ၾကျခင္း
အလြန္လွပေသာ ေႏြဦးရာသီဥတုျဖစ္သည္။
ေျမဩဇာျပည့္ဝေသာ ဥယ်ာဥ္ပ်ိဳးခင္းျခံဝင္းတစ္ခုထဲမွာ သစ္ေစ့ႏွစ္ေစ့ ေဘးခ်င္းယွဥ္၍ တည္႐ွိေနေလတယ္။
ပထမသစ္ေစ့က အရင္ဆံုးဆိုေလတယ္။
“ငါ အပင္အရမ္းျဖစ္ခ်င္တယ္၊ႀကီးထြားခ်င္တယ္၊ ငါ့အျမစ္ေတြကို ေျမေအာက္ထဲကို နက္နက္႐ိႈင္း႐ိႈင္း တြန္းပို႔ခ်င္တယ္။ ငါ့ အစို႔အေညႇာက္ေလးေတြကို အထက္ ေျမလႊာကိုေဖာက္ထြင္းၿပီး အျပင္ေလာကကိုျမင္ခ်င္တယ္။ ႏူးညံ့တဲ့ အဖူးေလးေတြက ပြင့္အာလာတဲ့ ပန္းပြင္ခ်ပ္လႊာေလးေတြနဲ႔အတူ ေအာင္လံထူၿပီး ေႏြဦးကိုႀကိဳခ်င္တယ္၊ ငါ ့မ်က္ႏွာေပၚ ေႏြးေထြးတဲ့ေနေရာင္ျခည္ က်ေရာက္တာ ငါခံယူခ်င္တယ္။ ေအးျမလတ္ဆက္တဲ့ နံနက္ခင္းႏွင္းပြင့္ကေလးေတြ ငါ့ ပြင့္လႊာခ်ပ္ေတြေပၚ ဖ်န္းပတ္တာလဲ ငါခံစားခ်င္တယ္” လို႔ဆိုေတာ့….။
ဒုတိယသစ္ေစ့ကေတာ့ ဤကဲ့သို႔ဆိုေလသည္။
“ငါက အပင္ေပါက္ရမာေၾကာက္တယ္။ အျမစ္ေတြေျမႀကီးထဲ ထိုးထည့္တဲ့အခါ အေမွာင္ထဲမွာ ဘာေတြနဲ႔ရင္ဆိုင္တိုးရမလဲဆိုတာ ငါမသိဖူး။ အေပၚကေျမမာကို ထိုးေဖာက္ထြက္ေတာ့လဲ ႏူးညံ့တဲ့ ငါ့အစို႔အေညႇာက္ေလးေတြ ပဲ့ရြဲ႔ပ်က္စီးကုန္မွာ စိုးရတယ္။….အဖူးအငံုေလးေတြ ပြင့္အာစမွာ ပက္က်ိစားသြားရင္ေကာ၊ ပန္းကေလးေတြပြင့္လာေတာ့မွ ကေလးတစ္ေယာက္ ေကာက္ႏႈတ္သြားရင္ေကာ ဘယ့္ႏွယ့္လုပ္မလဲ၊ မျဖစ္ဖူး၊ စိတ္ခ်ရတဲ့အထိေစာင့္မွ ေကာင္းမယ္” လို႔ေျပာေလတယ္။
ဤသို႔ႏွင့္ ဒုတိယအေစ့သည္ သူေျပာတဲ့အတိုင္း ေစာင့္ေနျမဲေစာင့္ေနခဲ့သည္။
တစ္ေန႔က်ေတာ့ ျခံထဲကို အစာ႐ွာထြက္လာတဲ့ ၾကက္မတစ္ေကာင္ဟာ ဟိုဟိုသည္သည္ ယက္ရင္းနဲ႔ စိတ္ခ်ရေသာအခ်ိန္ကိုေစာင့္ေမွ်ာ္ေနတဲ့ သစ္ေစ့ေလးကိုေတြ႔ကာ ဆက္ခနဲ ေကာက္စားပစ္လိုက္ေလးသည္။
ေျပာခ်င္တာကေတာ့ ကြၽန္မတို႔ဟာ ကြၽန္မတို႔ရဲ႕ဘဝကို ကိုယ္ပိုင္ ဖန္တီးစီမံႏိုင္တဲ့အရည္ေသြးေတြ အျပည့္႐ွိေနၿပီးသားပါ။ ကိုယ္ဖန္တီးထားတဲ့ ဘဝအတိုင္းပဲ ျဖတ္သန္းပံုေဖာ္ရတာပါ။ စြန္႔စားရမဲ့ အခ်ိန္ေရာက္သည့္ တိုင္ေအာင္ အင္အားတစ္ခုမွ စိုက္မထုတ္ပဲ မျဖစ္ေသးတာေတြကို ႀကိဳေတြးစိုးရိမ္ေနမယ္ဆိုရင္ ကံၾကမၼာက ဖန္တီးတဲ့ဘဝႀကီးမွာ ကြၽန္မတို႔ရဲ႕ဘဝေတြဟာ ေရစုန္ေမ်ွာရမွာပါ။ ထိုဥပမာေလးအတိုင္းပဲ စာဖတ္သူတို႔လဲ မိမိတို႔ကိုယ္ပိုင္ဘဝကို ကိုယ္ကိုယ္တိုင္ပဲ့ကိုင္ၿပီး ေအာင္ျမင္မႈေတြ သီးပြင့္ေနတဲ့ ပန္းတိုင္ကိုအေရာက္လွမ္းႏိုင္ပါေစ။
Credit by >>Risking of Patty Hansen