Home News အိမ်သာပေါက်ထဲ လက်ဝင်သွားလို့ မီးသတ်သမားတွေပါ ကူညီကယ်ဆယ်ခဲ့ရ

အိမ်သာပေါက်ထဲ လက်ဝင်သွားလို့ မီးသတ်သမားတွေပါ ကူညီကယ်ဆယ်ခဲ့ရ

0
အိမ်သာပေါက်ထဲ လက်ဝင်သွားလို့ မီးသတ်သမားတွေပါ ကူညီကယ်ဆယ်ခဲ့ရ

ဘိုထိုင်အိမ်သာထဲမှာ အိမ်သာသုံးစက္ကူတွေ ပိတ်ဆို့နေတာကြောင့် ကိုယ်တိုင်ကိုယ်ကျ လက်နဲ့နှိုက်ပြီး သန့်ရှင်းရေးပြုလုပ်ခဲ့သူ အမျိုးသမီးတစ်ဦးဟာ အိမ်သာပေါက်ထဲကနေ လက်ပြန်မထုတ်နိုင်တော့လို့ မီးသတ်သမားတစ်ဦးရဲ့ အကူအညီကိုတောင်းခဲ့ရတယ်လို့ သိရပါတယ်။

Gracie Henderson ဆိုတဲ့ အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်သူတစ်ယောက်ဟာ အိမ်အသစ်ကို ပြောင်းရွေ့လာပြီးနောက် အခက်အခဲအမျိုးမျိုးကို ကြုံတွေ့နေခဲ့တာဖြစ်ပါတယ်။ Gracie Henderson က ” ကျွန်မ ပထမဆုံး အိမ်ပြောင်းလာတဲ့နေ့ကပဲ နံရံပေါ်မှာ တပ်ဆင်ထားတဲ့ ရေပိုက်တစ်ခု ကျိုးသွားတယ်။ မြတ်ရိတ်စက်အသစ်လည်း အလုပ်မလုပ်တော့ဘူး။ ကားကလည်း အိမ်ရှေ့က ဗွက်တောထဲကို ထိုးဝင်သွားတယ်။ တကယ်ကို ကံမကောင်းတာတွေချည်းပဲ ကြုံတွေ့ခဲ့ရတယ်လို့ ” ညည်းတွားခဲ့ပါတယ်။ Henderson ရဲ့ ကံမကောင်းခြင်းတွေက ဧပြီ ၁၂ရက်နေ့အထိ ဆက်သွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာ Henderson ဟာ အိမ်သာအတွင်း ပိတ်ဆို့နေတာကို ဖြေရှင်းဖို့အတွက် ရော်ဘာခွက်တပ်ထားတဲ့တုပ်တံ မရှိတာကြောင့် အိမ်သာပေါက်ထဲကို လက်နဲ့နှိုက်ပြီး အိမ်သာသုံးစက္ကူများဖယ်ရှားဖို့ ပြုလုပ်ခဲ့ပါတယ်။ ကံဆိုးချင်တော့ သူရဲ့လက်ဟာ အိမ်သာပေါက်ထဲကနေ လုံးဝဆွဲထုတ်လို့ မရတော့တာပါပဲ။

ဒါကြောင့် Henderson အနေနဲ့ မီးသတ်ရဲဖော်များနဲ့ သူငယ်ချင်းမိတ်ဆွေများကို ဖုန်းဆက်အကြောင်းကြားလိုက်ရပါတယ်။ မီးသတ်သမားတစ်ဦးက Henderson ရဲ့လက်ကို အိမ်သာပေါက်ထဲကနေ ထုတ်ပေးခဲ့ပုံကို Henderson ရဲ့ သူငယ်ချင်းတစ်ဦးက ဗီဒီယိုရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင်ပေးခဲ့ပါသေးတယ်။ ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရတာကတော့ မီးသတ်သမားတစ်ဦးဟာ တူကြီးတစ်ချောင်းနဲ့ အိမ်သာခွက်ကို ရိုက်ခွဲခဲ့ပြီး Henderson ရဲ့ လက်ကို ပြန်လည်ဆယ်ယူပေးနိုင်ခဲ့တာကို မြင်တွေ့ခဲ့ ရပါတယ်ခင်ဗျာ။

Zawgyi Font : အိမ္သာေပါက္ထဲ လက္ဝင္သြားလုိ႔ မီးသတ္သမားေတြပါ ကူညီကယ္ဆယ္ခဲ့ရ

fireman save woman arm

ဘုိထုိင္အိမ္သာထဲမွာ အိမ္သာသုံးစကၠဴေတြ ပိတ္ဆုိ႔ေနတာေၾကာင့္ ကုိယ္တုိင္ကုိယ္က် လက္နဲ႔ႏႈိက္ၿပီး သန္႔ရွင္းေရးျပဳလုပ္ခဲ႔သူ အမ်ိဳးသမီးတစ္ဦးဟာ အိမ္သာေပါက္ထဲကေန လက္ျပန္မထုတ္ႏုိင္ေတာ့လုိ႔ မီးသတ္သမားတစ္ဦးရဲ႕ အကူအညီကုိေတာင္းခဲ႔ရတယ္လုိ႔ သိရပါတယ္။

Gracie Henderson ဆုိတဲ႔ အေမရိကန္ႏုိင္ငံ တကၠဆက္ ျပည္နယ္သူတစ္ေယာက္ဟာ အိမ္အသစ္ကုိ ေျပာင္းေရြ႕လာၿပီးေနာက္ အခက္အခဲအမ်ိဳးမ်ိဳးကုိ ႀကံဳေတြ႕ေနခဲ႔တာျဖစ္ပါတယ္။ Gracie Henderson က ” ကြ်န္မ ပထမဆုံး အိမ္ေျပာင္းလာတဲ႔ေန႔ကပဲ နံရံေပၚမွာ တပ္ဆင္ထားတဲ႔ ေရပုိက္တစ္ခု က်ိဳးသြားတယ္။ ျမတ္ရိတ္စက္အသစ္လည္း အလုပ္မလုပ္ေတာ့ဘူး။ ကားကလည္း အိမ္ေရွ႕က ဗြက္ေတာထဲကုိ ထုိးဝင္သြားတယ္။ တကယ္ကုိ ကံမေကာင္းတာေတြခ်ည္းပဲ ႀကံဳေတြ႕ခဲ႔ရတယ္လုိ႔ ” ညည္းတြားခဲ႔ပါတယ္။ Henderson ရဲ႕ ကံမေကာင္းျခင္းေတြက ဧၿပီ ၁၂ရက္ေန႔အထိ ဆက္သြားခဲ႔ပါတယ္။ အဲ႔ဒီေန႔မွာ Henderson ဟာ အိမ္သာအတြင္း ပိတ္ဆုိ႔ေနတာကုိ ေျဖရွင္းဖုိ႔အတြက္ ေရာ္ဘာခြက္တပ္ထားတဲ႔တုပ္တံ မရွိတာေၾကာင့္ အိမ္သာေပါက္ထဲကုိ လက္နဲ႔ႏႈိက္ၿပီး အိမ္သာသုံးစကၠဴမ်ားဖယ္ရွားဖုိ႔ ျပဳလုပ္ခဲ႔ပါတယ္။ ကံဆုိးခ်င္ေတာ့ သူရဲ႕လက္ဟာ အိမ္သာေပါက္ထဲကေန လုံးဝဆြဲထုတ္လုိ႔ မရေတာ့တာပါပဲ။

ဒါေၾကာင့္ Henderson အေနနဲ႔ မီးသတ္ရဲေဖာ္မ်ားနဲ႔ သူငယ္ခ်င္းမိတ္ေဆြမ်ားကုိ ဖုန္းဆက္အေၾကာင္းၾကားလုိက္ရပါတယ္။ မီးသတ္သမားတစ္ဦးက Henderson ရဲ႕လက္ကုိ အိမ္သာေပါက္ထဲကေန ထုတ္ေပးခဲ႔ပုံကုိ Henderson ရဲ႕ သူငယ္ခ်င္းတစ္ဦးက ဗီဒီယုိရုိက္ၿပီး ေဖ့စ္ဘုတ္ေပၚတင္ေပးခဲ႔ပါေသးတယ္။ ဗီဒီယုိထဲမွာ ျမင္ေတြ႕ခဲ႔ရတာကေတာ့ မီးသတ္သမားတစ္ဦးဟာ တူႀကီးတစ္ေခ်ာင္းနဲ႔ အိမ္သာခြက္ကုိ ရုိက္ခြဲခဲ႔ၿပီး Henderson ရဲ႕ လက္ကုိ ျပန္လည္ဆယ္ယူေပးႏုိင္ခဲ႔တာကုိ ျမင္ေတြ႕ခဲ့ ရပါတယ္ခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: