Home Entertainment Celebrity MBC ရုပ်သံရဲ့ ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်လာမယ့် Sooyoung

MBC ရုပ်သံရဲ့ ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်လာမယ့် Sooyoung

0
MBC ရုပ်သံရဲ့ ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်လာမယ့် Sooyoung

Girls ‘ Generation အဖွဲ့ရဲ့ အဆိုတော်တစ်ဦးဖြစ်သူ Sooyoung ဟာ MBC ရုပ်သံလိုင်းကနေ စီစဉ်ရိုက်ကူးသွားမယ့် A Man Who Sets the Table လို့ ယာယီနာမည်ပေးထားတဲ့ ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အဆိုတော် Sooyoung အနေနဲ့ အဆိုပါ ဇာတ်လမ်းတွဲသစ်အတွင်း အဓိကဇာတ်ရုပ်နေရာကနေ ပါဝင်သွားမှာဖြစ်တယ်လို့ Sooyoung ရဲ့ အေဂျင်စီ SM Entertainment ကနေ ကြေညာသွားခဲ့တာဖြစ်ပါတယ်။ Sooyoung ဦးဆောင်ပါဝင်လာမယ့်  A Man Who Sets the Table ဇာတ်လမ်းတွဲသစ်ကို MBC ရုပ်သံမှာ လက်ရှိပြသနေတဲ့ You Are Too Much ဇာတ်လမ်းတွဲအပြီး စတင် ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။ Sooyoung ဟာ နာမည်ကျော် Girls’ Generation အဖွဲ့မှ အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် Dating Agency: Cyrano ၊ My Spring Days ၊ 38 Revenue Collection Unit တို့လို ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ဖူးထားတာကြောင့် သရုပ်ဆောင်အတွေ့အကြုံ လုံလုံလောက်လောက် ရှိနေသူလည်းဖြစ်ပါတယ်။ ဒါတင်မကသေးပဲ သူမပါဝင်သွားမယ့် A Man Who Sets the Table ဟာလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းပုံစံဖြစ်တာကြောင့် ပရိသတ်တွေကို ဆွဲဆောင်နိုင်မှာ သေချာပါတယ်။

A Man Who Sets the Table ဇာတ်လမ်းတွဲကို ကိုရီးယားနိုင်ငံအတွင်း အောင်မြင်ကျော်ကြားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ထုတ်လုပ်ရိုက်ကူးခဲ့သူ ရုပ်ရှင်ပရိုဂျူဆာ Joo Sung Woo နဲ့ ကျော်ကြားတဲ့ ဇာတ်လမ်းတွဲများစွာရဲ့ ဇာတ်ညွှန်းရေးဆရာ Park Hyun Joo တို့ ပူးပေါင်းတာဝန်ယူ ဖန်တီးထားတာဖြစ်လို့ အထူးကောင်းမွန်တဲ့ ဒရာမာဇာတ်လမ်းတွဲဖြစ်လာမှာ လုံးဝကိုသေချာပါတယ်ခင်ဗျာ။

Zawgyi Font: MBC ရုပ္သံရဲ႕ ဇာတ္လမ္းတြဲအသစ္မွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္လာမယ့္ Sooyoung

sooyoung

Girls’ Generation အဖြဲ႕ရဲ႕ အဆုိေတာ္တစ္ဦးျဖစ္သူ Sooyoung ဟာ MBC ရုပ္သံလုိင္းကေန စီစဥ္ရုိက္ကူးသြားမယ့္ A Man Who Sets the Table လုိ႔ ယာယီနာမည္ေပးထားတဲ႔ ဇာတ္လမ္းတြဲအသစ္မွာ ေခါင္းေဆာင္မင္းသမီးေနရာကေန ပါဝင္သရုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။

အဆုိေတာ္ Sooyoung အေနနဲ႔ အဆုိပါ ဇာတ္လမ္းတြဲသစ္အတြင္း အဓိကဇာတ္ရုပ္ေနရာကေန ပါဝင္သြားမွာျဖစ္တယ္လုိ႔ Sooyoung ရဲ႕ ေအဂ်င္စီ SM Entertainment ကေန ေၾကညာသြားခဲ႔တာျဖစ္ပါတယ္။ Sooyoung ဦးေဆာင္ပါဝင္လာမယ့္  A Man Who Sets the Table ဇာတ္လမ္းတြဲသစ္ကုိ MBC ရုပ္သံမွာ လက္ရွိျပသေနတဲ႔ You Are Too Much ဇာတ္လမ္းတြဲအၿပီး စတင္ ထုတ္လႊင့္ျပသေပးသြားမွာျဖစ္ပါတယ္။ Sooyoung ဟာ နာမည္ေက်ာ္ Girls’ Generation အဖြဲ႕မွ အဆုိေတာ္တစ္ေယာက္ျဖစ္ေပမယ့္ Dating Agency: Cyrano ၊ My Spring Days ၊ 38 Revenue Collection Unit တုိ႔လုိ ဇာတ္လမ္းတြဲမ်ားမွာ ပါဝင္သရုပ္ေဆာင္ဖူးထားတာေၾကာင့္ သရုပ္ေဆာင္အေတြ႕အႀကံဳ လုံလုံေလာက္ေလာက္ ရွိေနသူလည္းျဖစ္ပါတယ္။ ဒါတင္မကေသးပဲ သူမပါဝင္သြားမယ့္ A Man Who Sets the Table ဟာလည္း စိတ္ဝင္စားစရာေကာင္းတဲ႔ ဇာတ္လမ္းပုံစံျဖစ္တာေၾကာင့္ ပရိသတ္ေတြကုိ ဆြဲေဆာင္ႏုိင္မွာ ေသခ်ာပါတယ္။

A Man Who Sets the Table ဇာတ္လမ္းတြဲကုိ ကုိရီးယားႏုိင္ငံအတြင္း ေအာင္ျမင္ေက်ာ္ၾကားတဲ႔ ရုပ္သံဇာတ္လမ္းတြဲေတြ ထုတ္လုပ္ရုိက္ကူးခဲ႔သူ ရုပ္ရွင္ပရုိဂ်ဴဆာ Joo Sung Woo နဲ႔ ေက်ာ္ၾကားတဲ႔ ဇာတ္လမ္းတြဲမ်ားစြာရဲ႕ ဇာတ္ညႊန္းေရးဆရာ Park Hyun Joo တုိ႔ ပူးေပါင္းတာဝန္ယူ ဖန္တီးထားတာျဖစ္လုိ႔ အထူးေကာင္းမြန္တဲ႔ ဒရာမာဇာတ္လမ္းတြဲျဖစ္လာမွာ လုံးဝကုိေသခ်ာပါတယ္ခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: