Home News အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် နူကလိယားစစ်ပွဲ အချိန်မရွေးဖြစ်နိုင်ကြောင်း မြောက်ကိုးရီးယားမှ တုံ့ပြန်ပြောဆို

အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် နူကလိယားစစ်ပွဲ အချိန်မရွေးဖြစ်နိုင်ကြောင်း မြောက်ကိုးရီးယားမှ တုံ့ပြန်ပြောဆို

0
အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် နူကလိယားစစ်ပွဲ အချိန်မရွေးဖြစ်နိုင်ကြောင်း မြောက်ကိုးရီးယားမှ တုံ့ပြန်ပြောဆို

အမေရိကန်၏ လုပ်ရပ်သည် နူကလိယားစစ်ပွဲကို အချိန်မရွေးဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း မြောက်ကိုးရီးယားမှ ပြန်လည် တုံ့ပြန်ပြောဆိုလိုက်သည်။ ယမန်နေ့ ဧပြီ ၁၇ ရက်နေ့၌ အမေရိကန်ဒုသမ္မတ ပင့်စ်က နည်းဗျူဟာအရ သည်းခံခဲ့သည် အချိန်သည် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း၊ ဆီးရီးယားနှင့် အာဖကန်တို့၏ အဖြစ်အပျက်များကို မြောက်ကိုးရီးယားမှ သင်ခန်းစာ ယူထားသင့်ကြောင်း သတိပေးလိုက်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ မြောက်ကိုးရီးယားမှ ယနေ့တွင် အမေရိကန်အား ပြန်လည် တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း က ဒါဟာ အန္တရာယ်ရှိတဲ့ အနေအထားတစ်ခုကိုရောက်နေပြီ ဖြစ်သလို နူကလိယားတိုက်ပွဲဟာလည်း အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ချိန်းခြောက်နေသလိုပါဘဲ ဟု တုံ့ပြန်ခဲ့သည်။

မြောက်ကိုးရီးယားစစ်တပ်ရဲ့ ပြောရေးဆိုရေးခွင့်ရှိသူ တစ်ယောက်ကတော့ အမေရိကန်ဟာ ကမ္ဘာကြီးငြိမ်းချမ်းမှုနဲ့ တည်တံ့မှုကို ဖျက်လိုဖျက်စီးလုပ်နေတာ ဖြစ်ပြီး ကိုးရီးယားကျွန်းဆွယ်မှာ လာပြီး မိုက်ကြေးခွဲနေသလိုပါဘဲ ဟု ပြောခဲ့သည်။

Zawgyi Font: အေမရိကန္ရဲ႕ လုပ္ရပ္ေၾကာင့္ ႏူကလိယားစစ္ပြဲ အခ်ိန္မေရြးျဖစ္ႏုိင္ေၾကာင္း ေျမာက္ကိုးရီးယားမွ တံု႕ျပန္ေျပာဆို

kim jong unn

အေမရိကန္၏ လုပ္ရပ္သည္ နူကလိယားစစ္ပြဲကို အခ်ိန္မေရြးျဖစ္ေပၚေစသည့္ အေၾကာင္းရင္းတစ္ရပ္ ျဖစ္ေၾကာင္း ေျမာက္ကိုးရီးယားမွ ျပန္လည္ တံု႕ျပန္ေျပာဆိုလိုက္သည္။ ယမန္ေန႕ ဧျပီ ၁၇ ရက္ေန႕၌ အေမရိကန္ဒုသမၼတ ပင့္စ္က နည္းဗ်ဴဟာအရ သည္းခံခဲ့သည္ အခ်ိန္သည္ ကုန္ဆံုးသြားျပီ ျဖစ္ေၾကာင္း၊ ဆီးရီးယားႏွင့္ အာဖကန္တို႕၏ အျဖစ္အပ်က္မ်ားကို ေျမာက္ကိုးရီးယားမွ သင္ခန္းစာ ယူထားသင့္ေၾကာင္း သတိေပးလိုက္သည္။

အဆိုပါ ကိစၥႏွင့္ပတ္သတ္၍ ေျမာက္ကိုးရီးယားမွ ယေန႕တြင္ အေမရိကန္အား ျပန္လည္ တံု႕ျပန္ေျပာဆိုျခင္း ျဖစ္သည္။ ေျမာက္ကိုးရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္း က ဒါဟာ အႏၱရာယ္ရွိတဲ့ အေနအထားတစ္ခုကိုေရာက္ေနျပီ ျဖစ္သလို ႏူကလိယားတိုက္ပြဲဟာလည္း အခ်ိန္မေရြး ျဖစ္ပြားႏုိင္ပါတယ္။ အေမရိကန္ဟာ ကမၻာၾကီးရဲ႕ ျငိမ္းခ်မ္းမႈနဲ႕ လံုျခံဳမႈကို ခ်ိန္းေျခာက္ေနသလိုပါဘဲ ဟု တံု႕ျပန္ခဲ့သည္။

ေျမာက္ကိုးရီးယားစစ္တပ္ရဲ႕ ေျပာေရးဆိုေရးခြင့္ရွိသူ တစ္ေယာက္ကေတာ့ အေမရိကန္ဟာ ကမၻာၾကီးျငိမ္းခ်မ္းမႈနဲ႕ တည္တံ့မႈကို ဖ်က္လိုဖ်က္စီးလုပ္ေနတာ ျဖစ္ျပီး ကိုးရီးယားကြ်န္းဆြယ္မွာ လာျပီး မိုက္ေၾကးခြဲေနသလိုပါဘဲ ဟု ေျပာခဲ့သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: