Home Knowledge မိဘများအနေနဲ့ ဆယ်ကျော်သက်အရွယ်တွေကို ဘယ်လိုထိန်းမလဲ

မိဘများအနေနဲ့ ဆယ်ကျော်သက်အရွယ်တွေကို ဘယ်လိုထိန်းမလဲ

0
မိဘများအနေနဲ့ ဆယ်ကျော်သက်အရွယ်တွေကို ဘယ်လိုထိန်းမလဲ

ဆယ်ကျော်သက်အရွယ် လူငယ်တွေကို ကိုယ့်ကိုယ်ကို အားကိုးရပ်တည်နိုင်ပြီး စိတ်နဲ့ခန္ဓာ ကျန်းမာစေဖို့ ထိန်းကျောင်းရာမှာ မိဘတွေအနေနဲ့ အရည်အချင်းရှိဖို့လိုပါတယ်။ ဆယ်ကျော်သက် အရွယ်ကနေ အရွယ်ရောက်လူကြီးဘဝကို အကူးအပြောင်းကာလမှာ စိတ်ခေါ်မှုမျိုးစုံကို ကြုံတွေ့ရတတ်တာကြောင့် ဆယ်ကျော်သက်တွေကို အုပ်ထိန်းမှုပေးရာမှာ မိဘတွေအနေနဲ့ အောက်ပါအရည်အချင်းတွေကို သုံးသင့်ပါတယ်။

ချစ်ခြင်းမေတ္တာကို ပြသပါ

ဆယ်ကျော်သက်အရွယ်တွေကို  ပြုစုပျိုးထောင်ရာမှာ အရေးပါတဲ့အချက်အနေနဲ့ အပြုသဘောဆောင်တဲ့ မေတ္တာဖော်ပြမှုလိုအပ်ပါတယ်။ သင့်အနေနဲ့ ဂရုစိုက်တယ်ဆိုတာကို သိနိုင်အောင် ဆယ်ကျော်သက်တွေအတွက် အချိန်ပေးပါ။ သူပြောတဲ့စကားတွေကို နားထောင်ပေးပြီး သူ့ရဲ့စိတ်ခံစားချက်ကို အသိအမှတ်ပြုပေးပါ။ သင်ပေးတဲ့စည်းကမ်းအတိုင်းလိုက်နာနေထိုင်တဲ့အခါတိုင်း သင့်ကလေးကို နှစ်ကြိမ်လောက်ချီးမွမ်းစကားဆိုပါ။ ဆယ်ကျော်သက်အရွယ်တွေမှာ မိသားစုနဲ့နေထိုင်တာကို ငြီးငွေ့လာတတ်ကြပါတယ်။ အဲလိုမဖြစ်ရအောင် ကြိုးစားတဲ့အနေနဲ့ မိသားစုစုံညီ ထမင်းစားပါ။ သင်ထမင်းဟင်းပြင်ဆင်ရာမှာ ဆယ်ကျော်သက်သားသမီးတွေကိုပါ ပါဝင်လုပ်ဆောင်ခိုင်းပါ။ ညနေခင်းအားလပ်ချိန်တွေမှာ လေ့ကျင့်ခန်းတွေကို အတူလုပ်ဆောင်ပေးပါ။ သူ့အတွက် စံပြဖြစ်လောက်အောင် အတုယူဖွယ်ရာကောင်းသူတွေနဲ့ စကားစမြည်ပြောအောင် အားပေးပါ။ (ဥပမာ-ဆွေမျိုးထဲက ဦးလေး၊ ဝမ်းကွဲမောင်နှမ စသဖြင့်)

ဖိအားကို လျော့ချပါ

ဆယ်ကျော်သက်အရွယ် သားသမီးကို သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဖိအားအမျိုးမျိုး မသုံးပါနဲ့။ အဝတ်အစား၊ ဆံပင် စတာတွေကို သူ့စိတ်ကြိုက်ဆင်ယင်ခွင့်ပြုပေးလိုက်ပါ။ ဆယ်ကျော်သက်အရွယ်တွေမှာ သူတို့ကို ချုပ်ခြယ်လွန်းရင် ပုန်ကန်ချင်စိတ် ပြင်းပြတတ်ပါတယ်။ တကယ်လို့ ဆယ်ကျော်သက်အရွယ်မှာ ဆေးမင်ထိုးတာ ၊အပေါက်ဖောက်တာတွေကို စိတ်ဝင်စားနေရင်  ကျန်းမာရေး အန္တရာယ်တွေကို ရှင်းပြပေးပါ။

ဘေးကင်းသော အင်တာနက်သုံးစွဲမှုကို အားပေးပါ

ဆယ်ကျော်သက်တွေရဲ့ နည်းပညာစူးစမ်းလိုစိတ်ကို အားပေးပြီး သူကြည့်လိုတဲ့ ဝက်ဘ်ဆိုက်တွေကို ကြည့်နိုင်ဖို့ အင်တာနက်သုံးခွင့်ပြုသင့်ပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကို အင်တာနက်သုံးစွဲရာမှာ သိသင့်တဲ့အချက်တွေကို နားလည်အောင် ရှင်းပြထားပေးပါ။

-အွန်လိုင်းကနေ ကိုယ်ရေးကိုတာ အချက်အလက်တွေကို မျှဝေတာမျိုး မလုပ်သင့်ပါ။

-ကိုယ့်ရဲ့ Passwordကို သူတပါးအား မပေးသင့်ပါ။

-အွန်လိုင်းက မိတ်ဆွေနဲ့ အပြင်မှာ နှစ်ယောက်တည်း မချိန်းသင့်ပါ။

-သူ့ဆီပို့လာတဲ့ Message ဟာ စိတ်မသက်မသာရစေတယ်ဆိုရငိ မိဘ ဒါမှမဟုတ် ယုံကြည်ရသူတစ်ဦးဦကိုူ ဖွင့်ပြောပြခိုင်းပါ။

စည်းကမ်းသတ်မှတ်ပါ

ဆယ်ကျော်သက်အရွယ်လူငယ်တွေရဲ့ အပြုအမူတွေမှန်ကန်စေဖို့အတွက် အိမ်မှာတည်းက လက်ခံနိုင်တဲ့အပြုအမူနဲ့ လက်မခံနိုင်တဲ့ အပြုအမူတွေကို သွန်သင်ဆုံးမထားပါ။

rule

စည်းကမ်းသတ်မှတ်တဲ့အခါမျိုးမှာ

*ရာဇသံပေးတာမျိုးကို ရှောင်ပါ။ ဆယ်ကျော်သက်လူငယ်တွေဟာ ရာဖသံပေးတာကို အထက်စီးဆန်တယ်ဆိုပြီး ရင်ဆိုင်စရာ စိန်ခေါ်မှုတစ်ခုအဖြစ် ထင်မြင်တတ်ကြပါတယ်။

*တိတိကျကျပြောပါ။ နောက်ကျတဲ့အထိ အပြင်မှာမနေဖို့ ပြောတာမျိုးထက် အချိန်တစ်ခု သတ်မှတ်ထားပြီး သတ်မှတ်ချိန်အတွင်း ပြန်လာဖို့ ပြောပါ။

*တိတိကျကျ ထားပါ။ စည်းကမ်းကို အမြဲတမ်းပြောင်းလဲနေရင် ဘယ်တော့မှ လိုက်နာမှာ မဟုတ်သလို အမြဲတမ်းစည်းကမ်း ထုတ်နေရင်လည်း ချုပ်ချယ်သလို ထင်သွားပါလိမ့်မယ်။ သူ့ဘဝကို ထိခိုက်စေနိုင်တဲ့ အရာမျိုးတွေကိုသာ တိတိကျကျ စည်းကမ်း ထုတ်ထားပါ။

*အပြန်အလှန်ဆွေးနွေးပါ  ဆယ်ကျော်သက်အရွယ်တွေကို အုပ်ထိန်းရာမှာ အချိန်မပေးတာနဲ့ စိတ်မရှည်တာတွေက အဆိုးဆုံး ဖြစ်ပါတယ်။

စံပြဖြစ်အောင်နေပါ

ဆယ်ကျော်သက်လူငယ်တွေကို လိုက်နာစေချင်တဲ့အရာတွေအတွက် ကိုယ်တိုင်ကလည်း စံပြဖြစ်အောင်နေပြသင့်ပါတယ်။ ဥပမာ-သူတို့ရှေ့မှာ ဆေးလိပ်၊ အရက်မသောက်ပြပါနဲ့။ ရန်ဖြစ်တာ၊ ကားကို ခပ်ကြမ်းကြမ်းမောင်တာ၊ ကားမောင်းရင်း ဖုန်းပြောတာ၊ အပျော်အပါးလိုက်စားတာတွေကို ရှောင်ပါ။

အပြုအမူတွေကိုသာ အပြစ်တင်ပါ

ဆယ်ကျော်သက်လူငယ်က သင်မကြိုက်တဲ့ အပြုအမူမျိုးလုပ်လိုက်ရင် သူ့ကို အပြစ်တင်တာမျိုးထက် သူလုပ်တဲ့အပြုအမူကို ဦးတည်ပြီး အပြစ်တင်တာမျိုးကို လုပ်ဆောင်ပါ။ ဒါမှ သူ့ကို မချစ်လို့မဟုတ်ပဲ သူ့လုပ်ရပ်မမှန်တာကြောင့် အပြစ်တင်ခံရတာ ဖြစ်ကြောင်း သိသွားမှာပါ။

Zawgyi Font : မိဘမ်ားအေနနဲ႕ ဆယ္ေက်ာ္သက္အရြယ္ေတြကို ဘယ္လိုထိန္းမလဲ

family

ဆယ္ေက်ာ္သက္အရြယ္ လူငယ္ေတြကို ကိုယ့္ကိုယ္ကို အားကိုးရပ္တည္ႏုိုင္ျပီး စိတ္နဲ႔ခႏၶာ က်န္းမာေစဖို႔ ထိန္းေက်ာင္းရာမွာ မိဘေတြအေနနဲ႔ အရည္အခ်င္းရွိဖို႔လိုပါတယ္။ ဆယ္ေက်ာ္သက္ အရြယ္ကေန အရြယ္ေရာက္လူၾကီးဘ၀ကို အကူးအေျပာင္းကာလမွာ စိတ္ေခၚမႈမ်ိဳးစံုကို ၾကံဳေတြ႔ရတတ္တာေၾကာင့္ ဆယ္ေက်ာ္သက္ေတြကို အုပ္ထိန္းမႈေပးရာမွာ မိဘေတြအေနနဲ႔ ေအာက္ပါအရည္အခ်င္းေတြကို သံုးသင့္ပါတယ္။

ခ်စ္ျခင္းေမတၱာကို ျပသပါ

ဆယ္ေက်ာ္သက္အရြယ္ေတြကိ္ု  ျပဳစုပ်ိဳးေထာင္ရာမွာ အေရးပါတဲ့အခ်က္အေနနဲ႔ အျပဳသေဘာေဆာင္တဲ့ ေမတၱာေဖာ္ျပမႈလိုအပ္ပါတယ္။ သင့္အေနနဲ႔ ဂရုစိုက္တယ္ဆိုတာကို သိႏိုင္ေအာင္ ဆယ္ေက်ာ္သက္ေတြအတြက္ အခ်ိန္ေပးပါ။ သူေျပာတဲ့စကားေတြကို နားေထာင္ေပးျပီး သူ႕ရဲ႕စိတ္ခံစားခ်က္ကို အသိအမွတ္ျပဳေပးပါ။ သင္ေပးတဲ့စည္းကမ္းအတိုင္းလုိက္နာေနထိုင္တဲ့အခါတိုင္း သင့္ကေလးကို ႏွစ္ၾကိမ္ေလာက္ခ်ီးမြမ္းစကားဆိုပါ။ ဆယ္ေက်ာ္သက္အရြယ္ေတြမွာ မိသားစုနဲ႔ေနထိုင္တာကို ျငီးေငြ႔လာတတ္ၾကပါတယ္။ အဲလိုမျဖစ္ရေအာင္ ၾကိဳးစားတဲ့အေနနဲ႔ မိသားစုစံုညီ ထမင္းစားပါ။ သင္ထမင္းဟင္းျပင္ဆင္ရာမွာ ဆယ္ေက်ာ္သက္သားသမီးေတြကိုပါ ပါ၀င္လုပ္ေဆာင္ခိုင္းပါ။ ညေနခင္းအားလပ္ခ်ိန္ေတြမွာ ေလ့က်င့္ခန္းေတြကို အတူလုပ္ေဆာင္ေပးပါ။ သူ႕အတြက္ စံျပျဖစ္ေလာက္ေအာင္ အတုယူဖြယ္ရာေကာင္းသူေတြနဲ႔ စကားစျမည္ေျပာေအာင္ အားေပးပါ။ (ဥပမာ-ေဆြမ်ိဳးထဲက ဦးေလး၊ ၀မ္းကြဲေမာင္ႏွမ စသျဖင့္)

ဖိအားကို ေလ်ာ႔ခ်ပါ

ဆယ္ေက်ာ္သက္အရြယ္ သားသမီးကို သူ႔ဆႏၵနဲ႔ ဆန္႔က်င္ျပီး ဖိအားအမ်ိဳးမ်ိဳး မသံုးပါနဲ႔။ အ၀တ္အစား၊ ဆံပင္ စတာေတြကို သူ႕စိတ္ၾကိဳက္ဆင္ယင္ခြင့္ျပဳေပးလိုက္ပါ။ ဆယ္ေက်ာ္သက္အရြယ္ေတြမွာ သူတို႔ကို ခ်ဳပ္ျခယ္လြန္းရင္ ပုန္ကန္ခ်င္စိတ္ ျပင္းျပတတ္ပါတယ္။ တကယ္လို႔ ဆယ္ေက်ာ္သက္အရြယ္မွာ ေဆးမင္ထိုးတာ ၊အေပါက္ေဖာက္တာေတြကို စိတ္၀င္စားေနရင္  က်န္းမာေရး အႏၱရာယ္ေတြကို ရွင္းျပေပးပါ။

ေဘးကင္းေသာ အင္တာနက္သံုးစြဲမႈကို အားေပးပါ

ဆယ္ေက်ာ္သက္ေတြရဲ႕ နည္းပညာစူးစမ္းလိုစိတ္ကို အားေပးျပီး သူၾကည့္လိုတဲ့ ၀က္ဘ္ဆိုက္ေတြကို ၾကည့္ႏိုင္ဖို႔ အင္တာနက္သံုးခြင့္ျပဳသင့္ပါတယ္။ ဒါေပမဲ့ ဆယ္ေက်ာ္သက္အရြယ္ကို အင္တာနက္သံုးစြဲရာမွာ သိသင့္တဲ့အခ်က္ေတြကို နားလည္ေအာင္ ရွင္းျပထားေပးပါ။

-အြန္လိုင္းကေန ကိုယ္ေရးကိုတာ အခ်က္အလက္ေတြကို မွ်ေ၀တာမ်ိဳး မလုပ္သင့္ပါ။

-ကိုယ့္ရဲ႕ Passwordကို သူတပါးအား မေပးသင့္ပါ။

-အြန္လိုင္းက မိတ္ေဆြနဲ႔ အျပင္မွာ ႏွစ္ေယာက္တည္း မခ်ိန္းသင့္ပါ။

-သူ႕ဆီပို႔လာတဲ့ Message ဟာ စိတ္မသက္မသာရေစတယ္ဆိုရငိ မိဘ ဒါမွမဟုတ္ ယံုၾကည္ရသူတစ္ဦးဦကိုူ ဖြင့္ေျပာျပခိုင္းပါ။

စည္းကမ္းသတ္မွတ္ပါ

ဆယ္ေက်ာ္သက္အရြယ္လူငယ္ေတြရဲ႕ အျပဳအမူေတြမွန္ကန္ေစဖို႔အတြက္ အိမ္မွာတည္းက လက္ခံႏိုင္တဲ့အျပဳအမူနဲ႔ လက္မခံႏိုင္တဲ့ အျပဳအမူေတြကို သြန္သင္ဆံုးမထားပါ။

စည္းကမ္းသတ္မွတ္တဲ့အခါမ်ိဳးမွာ

*ရာဇသံေပးတာမ်ိဳးကို ေရွာင္ပါ။ ဆယ္ေက်ာ္သက္လူငယ္ေတြဟာ ရာဖသံေပးတာကို အထက္စီးဆန္တယ္ဆုိုျပီး ရင္ဆိုင္စရာ စိန္ေခၚမႈတစ္ခုအျဖစ္ ထင္ျမင္တတ္ၾကပါတယ္။

*တိတိက်က်ေျပာပါ။ ေနာက္က်တဲ့အထိ အျပင္မွာမေနဖို႔ ေျပာတာမ်ိဳးထက္ အခ်ိန္တစ္ခု သတ္မွတ္ထားျပီး သတ္မွတ္ခ်ိန္အတြင္း ျပန္လာဖို႔ ေျပာပါ။

*တိတိက်က် ထားပါ။ စည္းကမ္းကို အျမဲတမ္းေျပာင္းလဲေနရင္ ဘယ္ေတာ့မွ လိုက္နာမွာ မဟုတ္သလို အျမဲတမ္းစည္းကမ္း ထုတ္ေနရင္လည္း ခ်ဳပ္ခ်ယ္သလို ထင္သြားပါလိမ့္မယ္။ သူ႔ဘ၀ကို ထိခိုက္ေစႏိုင္တဲ့ အရာမ်ိဳးေတြကိုသာ တိတိက်က် စည္းကမ္း ထုတ္ထားပါ။

*အျပန္အလွန္ေဆြးေႏြးပါ  ဆယ္ေက်ာ္သက္အရြယ္ေတြကို အုပ္ထိန္းရာမွာ အခ်ိန္မေပးတာနဲ႔ စိတ္မရွည္တာေတြက အဆိုးဆံုး ျဖစ္ပါတယ္။

စံျပျဖစ္ေအာင္ေနပါ

ဆယ္ေက်ာ္သက္လူငယ္ေတြကို လိုက္နာေစခ်င္တဲ့အရာေတြအတြက္ ကိုယ္တိုင္ကလည္း စံျပျဖစ္ေအာင္ေနျပသင့္ပါတယ္။ ဥပမာ-သူတို႔ေရွ႔မွာ ေဆးလိပ္၊ အရက္မေသာက္ျပပါနဲ႔။ ရန္ျဖစ္တာ၊ ကားကို ခပ္ၾကမ္းၾကမ္းေမာင္တာ၊ ကားေမာင္းရင္း ဖုန္းေျပာတာ၊ အေပ်ာ္အပါးလိုက္စားတာေတြကို ေရွာင္ပါ။

အျပဳအမူေတြကိုသာ အျပစ္တင္ပါ

ဆယ္ေက်ာ္သက္လူငယ္က သင္မၾကိဳက္တဲ့ အျပဳအမူမ်ိဳးလုပ္လိုက္ရင္ သူ႕ကို အျပစ္တင္တာမ်ိဳးထက္ သူလုပ္တဲ့အျပဳအမူကို ဦးတည္ျပီး အျပစ္တင္တာမ်ိဳးကို လုပ္ေဆာင္ပါ။ ဒါမွ သူ႕ကို မခ်စ္လို႔မဟုတ္ပဲ သူ႔လုပ္ရပ္မမွန္တာေၾကာင့္ အျပစ္တင္ခံရတာ ျဖစ္ေၾကာင္း သိသြားမွာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: