Home News နည်းဗျူဟာအရ သည်းခံခဲ့သည့်အချိန်သည် ကုန်ဆုံးသွားခဲ့ပြီဟု အမေရိကန် ဒုသမ္မတမှ မြောက်ကိုးရီးယားအား သတိပေး

နည်းဗျူဟာအရ သည်းခံခဲ့သည့်အချိန်သည် ကုန်ဆုံးသွားခဲ့ပြီဟု အမေရိကန် ဒုသမ္မတမှ မြောက်ကိုးရီးယားအား သတိပေး

0
နည်းဗျူဟာအရ သည်းခံခဲ့သည့်အချိန်သည် ကုန်ဆုံးသွားခဲ့ပြီဟု အမေရိကန် ဒုသမ္မတမှ မြောက်ကိုးရီးယားအား သတိပေး

အမေရိကန် ဒုသမ္မတ ပင့်စ်က မြောက်ကိုးရီယားအား နည်းဗျူဟာအရ သည်းခံခဲ့သည့်အချိန်သည် ကုန်ဆုံးသွားပြီ ဖြစ်၍ အမေရိကန်၏ အင်အားကို လာမစမ်းရန် ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် သတိပေးပြောဆိုလိုက်သည်။ မြောက်ကိုးရီးယားမှ ကြိုတင်ကြေငြာထားသည့်အတိုင်း တနင်္ဂနွေနေ့တွင် IBM ဒုံးကျည်ပစ်လွှတ်ခဲ့သော်လည်း စက္ကန့်ပိုင်း အတွင်း ဒုံးကျည်ပျက်စီးခဲ့ပြီး ပစ်လွှတ်မှု မအောင်မြင်ခဲ့ပေ။

အကယ်၍များ IBM ဒုံးကျည်တွင် နူကလိယားထိပ်ဖူးထပ်၍ ပစ်လွှတ်ခဲ့ပါက အမေရိကန်မှ မြောက်ကိုးရီးယားအား စတင်တိုက်ခိုက်မည် ဖြစ်ကြောင်းကိုလည်း အမေရိကန်ဘက်မှ ကြိုတင်ကြေငြာခဲ့သည်။ သို့သော်လည်း IBM ဒုံးကျည်မှာ အောင်မြင်မှု မရှိ၍ နှစ်ဖက် တိုက်ပွဲ မဖြစ်ပွားခဲ့ချေ။

ထို့အပြင် အမေရိကန်အနေဖြင့် တောင်ကိုးရီးယားအား ဒုံးကျည်ကာကွယ်ရေးစနစ်များအား တပ်ဆင်လျက်ရှိပြီး တောင်ကိုးရီးယားနိုင်ငံ အေးချမ်းသာယာရန်အတွက် မည်သည့်နည်းလမ်းကိုမဆို သုံးဖို့ ဝန်မလေးကြောင်း သတိပေးခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့် အပတ်က အာဖကန်နစ္စတန်ရှိ ISIS များပုန်းခိုရာ ဥမင်လှိုင်ခေါင်းတို့ကို နူကလိယားမဟုတ်သော အပြင်းထန်ဆုံး ဗုံးဖြစ်သည့် MOAB ဗုံးတစ်လုံးချ၍ တိုက်ခိုက်ခဲ့သည်။ ဆီးရီးယားတွင်လည်း ရှေ့ ၂ပတ်ခန့်က တိုမာဟော့ခ် ၅၉ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး အမေရိကန်၏ အင်အားကို ပြသခဲ့သည်။ ထို့အပြင် မြောက်ကိုးရီးယားအနေဖြင့် ဆီးရီးယားနှင့် အာဖကန်နစ္စတန်တို့၏ ဖြစ်ရပ်များအပေါ် သင်ခန်းစာအနေဖြင့် နမူနာ ယူသင့်ကြောင်း အမေရိကန် ဒုသမ္မတ ပင့်စ်က သတိပေးပြောဆိုခဲ့သည်။

Zawgyi Font : နည္းဗ်ဴဟာအရ သည္းခံခဲ့သည့္အခ်ိန္သည္ ကုန္ဆံုးသြားခဲ့ျပီဟု အေမရိကန္ ဒုသမၼတမွ ေျမာက္ကိုးရီးယားအား သတိေပး

pence

အေမရိကန္ ဒုသမၼတ ပင့္စ္က ေျမာက္ကိုးရီယားအား နည္းဗ်ဴဟာအရ သည္းခံခဲ့သည့္အခ်ိန္သည္ ကုန္ဆံုးသြားျပီ ျဖစ္၍ အေမရိကန္၏ အင္အားကို လာမစမ္းရန္ ယေန႕ ဧျပီလ ၁၇ ရက္ေန႕တြင္ သတိေပးေျပာဆိုလုိက္သည္။ ေျမာက္ကိုးရီးယားမွ ၾကိဳတင္ေၾကျငာထားသည့္အတိုင္း တနဂၤေႏြေန႕တြင္ IBM ဒံုးက်ည္ပစ္လႊတ္ခဲ့ေသာ္လည္း စကၠန္႕ပိုင္း အတြင္း ဒံုးက်ည္ပ်က္စီးခဲ့ျပီး ပစ္လႊတ္မႈ မေအာင္ျမင္ခဲ့ေပ။

အကယ္၍မ်ား IBM ဒံုးက်ည္တြင္ ႏူကလိယားထိပ္ဖူးထပ္၍ ပစ္လႊတ္ခဲ့ပါက အေမရိကန္မွ ေျမာက္ကိုးရီးယားအား စတင္တိုက္ခိုက္မည္ ျဖစ္ေၾကာင္းကိုလည္း အေမရိကန္ဘက္မွ ၾကိဳတင္ေၾကျငာခဲ့သည္။ သို႕ေသာ္လည္း IBM ဒံုးက်ည္မွာ ေအာင္ျမင္မႈ မရွိ၍ ႏွစ္ဖက္ တိုက္ပြဲ မျဖစ္ပြားခဲ့ေခ်။

ထို႕အျပင္ အေမရိကန္အေနျဖင့္ ေတာင္ကိုးရီးယားအား ဒံုးက်ည္ကာကြယ္ေရးစနစ္မ်ားအား တပ္ဆင္လ်က္ရွိျပီး ေတာင္ကိုးရီးယားႏုိင္ငံ ေအးခ်မ္းသာယာရန္အတြက္ မည္သည့္နည္းလမ္းကိုမဆို သံုးဖို႕ ၀န္မေလးေၾကာင္း သတိေပးခဲ့သည္။

အေမရိကန္သည္ ျပီးခဲ့သည့္ အပတ္က အာဖကန္နစၥတန္ရွိ ISIS မ်ားပုနး္ခိုရာ ဥမင္လိႈင္ေခါင္းတို႕ကို ႏူကလိယားမဟုတ္ေသာ အျပင္းထန္ဆံုး ဗံုးျဖစ္သည့္ MOAB ဗံုးတစ္လံုးခ်၍ တိုက္ခိုက္ခဲ့သည္။ ဆီးရီးယားတြင္လည္း ေရွ႕ ၂ပတ္ခန္႕က တိုမာေဟာ့ခ္ ၅၉ လံုးျဖင့္ တိုက္ခိုက္ခဲ့ျပီး အေမရိကန္၏ အင္အားကို ျပသခဲ့သည္။ ထို႕အျပင္ ေျမာက္ကိုးရီးယားအေနျဖင့္ ဆီးရီးယားႏွင့္ အာဖကန္နစၥတန္တို႕၏ ျဖစ္ရပ္မ်ားအေပၚ သင္ခန္းစာအေနျဖင့္ နမူနာ ယူသင့္ေၾကာင္း အေမရိကန္ ဒုသမၼတ ပင့္စ္က သတိေပးေျပာဆိုခဲ့သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: