Home Lifestyle အမျိုးသမီးတွေရဲ့ရွှေရင်တစ်စုံကို အမျိုးသားတွေဘာကြောင့် ရင်ခုန်တပ်မက်ရတာလဲ
အမျိုးသမီးတွေရဲ့ရွှေရင်တစ်စုံကို အမျိုးသားတွေဘာကြောင့် ရင်ခုန်တပ်မက်ရတာလဲ
0
အမျိုးသမီးတွေရဲ့ရွှေရင်တစ်စုံကို အမျိုးသားတွေဘာကြောင့် ရင်ခုန်တပ်မက်ရတာလဲ
လူသားအားလုံးနီးပါးလောက်က မိခင်နို့ရည်ကို သောက်သုံးပြီး လူ့ဘဝကိုဖြတ်သန်းကာ လူလားမြောက်လာခဲ့ကြတာဖြစ်ပါတယ်။လူသားတွေအတွက်  နို့ချိုကိုထုတ်လပ်ပေးတဲ့ ဒီရင်သားတစ်စုံဟာ အင်မတန်မှထူးဆန်းလှပတယ်။ အမျိုးသမီးတွေရဲ့ ခနာကိုယ်မှာလည်း အမျိုးသားတွေကိုရော၊အမျိုးသမီးတွေကိုရော လျှို့လျှို့ဝှက်ဝှက်နဲ့ ဆွဲဆောင်နိုင်တာဆိုလို့ ဒီရင်သားအစုံပဲရှိပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ အမျိုးသားတွေကို လိင်ပိုင်းဆိုင်ရာအရ ဘယ်လောက် ပမာဏထိ ဆွဲဆောင်နိုင်တယ်ဆိုတာကလည်း အမျိုးသမီးရဲ့ ရင်သားအစုံက အဆုံးအဖြတ်ပေးတတ်ပါတယ်။ အမျိုးသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအရ အမျိုးသမီးတွေရဲ့ ရွှေရင်တစ်စုံကို ခုံမင်နှစ်သက်ကြတာဟာ အောက်ပါ အကြောင်းရင်း(၇)ချက်ကြောင့်လို့ဆိုပါတယ်။
(၁) ရွှေရင်တစ်စုံက လျှို့ဝှက်ဆန်းကြယ်ပြီးနားလည်ရခက်လို့ပါ။
ကောင်လေးတွေက ငယ်ရွယ်တဲ့ဘဝကစပြီး ကောင်မလေးတွေရဲ့ ထူးခြားမှုတစ်ချို့ကို သတိပြုမိလာပါတယ်။ ဥပမာ သူတို့တွေအပေါ်စွပ်ကြယ်မပါဘဲ ပြေးလွှားခုန်ကစားတဲ့အချိန်မှာ ကောင်မလေးတွေက အဲ့လိုပြေးထွက်လို့မရတာ၊ပြီးတော့ ကောင်မလေးတွေက ရွှေရင်မို့မို့အပေါ်လျှို့ဝှက်လွန်းနေတာတွေဟာ ကောင်လေးတွေအတွက်တော့အထူးအဆန်းပါပဲ။ ဒါကြောင့် အဲ့ဒီအချိန်မှာ ကိုယ့်ထက်ကြီးတဲ့ အရွယ်တွေကို မေးမြန်းစူးစမ်းလာတယ်။ လူကြီးတွေရဲ့ပြောပြချက်အရ အခေါ်အဝေါ်တွေကအစသိလာတယ်။ ဟုတ်ပါတယ်။သူက အမျိုးသမီးတွေရဲ့ခန္ဓာမှာ ဘယ်အရာနဲ့မှမတူအောင် နူးညံ့လှပါတယ်။ ကလေးမွေးစဉ်မှာနို့ရည်ထွက်ပြီး မလိုတော့တဲ့အချိန်မှာ အလိုအလျောက်ခမ်းခြောက်သွားတာကလည်း နားလည်ရခက်ခဲတဲ့ သဘာဝတစ်ခုပါ။ ဒါတင်မကပါဘူး လိင်စိတ်ထကြွလာတဲ့အခါ နို့သီးခေါင်းလေးဟာ မာတင်းလာတတ်တယ်။ ပြေးတဲ့အခါလည်း အပေါ်အောက်လှုပ်ရှားနိုင်တယ်။ အမျိုးသားတွေအတွက်တော့ ရွှေရင်တစ်စုံဟာ ပဟေဠိဆန်လွန်းလို့ကို နှစ်သက်ခုံမင်နေကြတာလို့ဆိုပါတယ်။
(၂) ရွှေရင်တစ်စုံဟာ အမျိုးသားတွေအတွက် ဖြစ်တာမို့ ရင်ခုန်တပ်မက်ရတာပါ။
အမျိုးသမီးတွေရဲ့ ရွှေရင်တစ်စုံဟာ နို့ချိုတိုက်ကျွေးဖို့သက်သက်လို့ ပြောလာခဲ့ကြသူတွေဟာ မှားယွင်းတဲ့အယူအဆကို လက်ဆင့်ကမ်းသူတွေသာဖြစ်တယ်။ ဒီလူတွေဟာ ဘုရားသခင်ရဲ့အဆိုအမိန့်တွေကို သေချာပြန်ဖတ်ဖို့လိုတယ်လို့ဆိုပါတယ်။ ခရစ်တော်ရဲ့ အဆုံးအမ ၅း၁၈-၁၉ ထဲမှာ သူမရဲ့ ရင်သားတို့ဖြင့်အချိန်တိုင်းသင့်ကို စိတ်ကြည်နူးမှုဖြင့် ပြည့်စေ ဟုဆိုထားပါတယ်။ ကမ္ဘာဦးမှာ ဧဝရဲ့ ရွှေရင်တစ်စုံက အာဒံကို မစားဖို့တားမြစ်ထားတဲ့ အသီးကိုတောင် စားမိသွားစေသလားလို့ ယူဆမိပါတယ်။ ဒါကြောင့်ရွှေရင်တစ်စုံဟာ အမျိုးသားတွေအတွက်ဖြစ်လာရတာမို့ ရင်ခုန်ရပါတယ်လို့ ဆိုပါရစေ။
breast-model
(၃)ရွှေရင်တစ်စုံက လိင် စိတ်ကြောင့် ချစ်ရတာပါ။
တကယ်တော့ ရွှေရင်တစ်စုံမှာ ဘာနို့ရည်မှမရှိပါဘူး။ ဒါပေမယ့် နို့တိုက်တော့မယ်လို့ နို့သီးခေါင်းလေးကို ခလေးကလှုံ့ဆော်လိုက်ချိန်မှာ မိခင်ရဲ့မေတ္တာနို့ရည်ထွက်လာပါတယ်။ အဲ့ဒါဟာ အောက်စီတိုစင်ဆိုတဲ့ ဟော်မုန်းက ဥိးနှောက်ကိုလှုံ့ဆော်ပေးတဲ့ အတွက်ဖြစ်ပါတယ်။ ထိုနည်းတူစွာပါပဲ၊ ရွှေရင်တစ်စုံကိုပွတ်သပ်နှိပ်နယ်ပေးခြင်းက အောက်စီတိုစင်ကိုထွက်စေပြီး အမျိုးသမီးရဲ့ လိင်စိတ်ကို ပိုပြီးတက်ကြွလှုပ်ရှားစေပါတယ်။ ဒါကြောင့်မို့ ပုရိသတွေက ရွှေရင်အစုံကို ခုန်မင်ကြခြင်းဖြစ်ပါတယ်။
(၄) မျိုးဆက်ပွားနိုင်တယ်ဆိုတာကို ဖေါ်ညွှန်းတာကြောင့်ချစ်ရတာပါ။
အမျိုးသားတွေက ကျန်းမာတဲ့ အမျိုးသမီးတွေကို ဆွဲဆောင်တာဟာ မျိုးဆက်ပွားနိုင်တယ်လို့ယုံကြည်လို့ပါပဲ။ ရွှေရင်အစုံကြီးလေလေ မျိုးဆက်ကောင်း သားသမီးတွေကို မွေးမြူစောင့်ရှောက်နိုင်ဖို့ များလေလေပါပဲ။
(၅) ရွှေရင်ကမြင်ရုံနဲ့တောင် ဆွဲဆောင်နိုင်တာမို့ချစ်ရတာ။
အမျိုးသမီးနဲ့ အမျိူးသားကြားမှာ လှုံ့ဆော်မှု အခြေအနေမတူညီပါဘူး။ အမျိုးသမီးတွေက ကြားရရုံနဲ့ စိတ်တက်ကြွနိုင်ပေမယ့် အမျိုးသားတွေကမူ မြင်ရမှ စိတ်ဓါတ်တက်ကြွနိုင်ကြပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းကို မြင်ရတာ၊ ရင်သားတစ်စုံကိုမြင်ရတာတွေကြောင့် စိတ်ဓာတ်တက်ကြွနိုင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြီးပြီး တင်းတင်းရင်းရွှေရင်တစ်စုံကတော့ ပုရိသတိုင်းအတွက်ရင်ခုန်စရာဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။
(၆) ရွှေရင်က နုးညံ့လွန်းလို့ ချစ်တာပါ။
ရွှေရင်က မိန်းမတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်ထဲမှာ အနူးညံ့ဆုံး အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေက ဒါကို ဆုပ်ကိုင်ပွတ်သပ်ချင်ကြတယ်။ ဒီအရသာခံစားမှုကို သဘောကျကြတယ်။ မိန်းမတွေကတော့ သူတို့ရဲ့ရွှေရင်တစ်စုံနဲ့ ကြင်နာယုယမှုပေးရတာကို သဘောတွေ့ကြတယ်။
(၇) ရွှေရင်တစ်စုံကြောင့် ဇိမ်ရှိလို့ ပါ။
အမျိုးသားတွေက တစ်ချို့သောကိစ္စတွေမှာ ရွှေရင်တစ်စုံက ဇိမ်ရှိတယ်ဆိုတာ သိကြတယ်။ ခေါင်းလေးတင်မှီပြီး ကွေးရတဲ့ အရသာကိုသိကြတယ်။ အမြင်လေးတစ်ချက်တောင် စိတ်ဆိုးစိတ်ကျတာကို ပြေပျောက်စေတယ်လို့ဆိုပါတယ်။ Naples University က ဟိုမိုပက်သစ် ဆေးပညာပါမောက္ခ Mark Eis ရဲ့တွေ့ရှိချက်အရ ရွှေရင်တစ်စုံကို စိုက်ကြည့်၇တဲ့ အမျိုးသားတွေ အသက် ၄နှစ် ၆နှစ်အထိ အသက်ရှည်နိုင်တယ်လို့ဆိုပါတယ်။ ဒီကမ္ဘာမြေပေါ်မှာ ကလေးတွေကို ၂နှစ်အထိ နို့ချိုတိုက်ခဲ့ရတဲ့ ရွှေရင်တစ်စုံဟာ အမျိုးးသားတွေအတွက်တော့ ဘဝတစ်လျှောက်လုံးတန်ဖိုးကြီးလှပါတယ်။
Zawgyi Font : အမျိုးသမီးတွေရဲ့ရွှေရင်တစ်စုံကို အမျိုးသားတွေဘာကြောင့် ရင်ခုန်တပ်မက်ရတာလဲ
breast-female
breast-model
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: