
အီးစီးကရက်များဟာ အပြင်ပန်းကြည့်လိုက်ရင် စမတ်ကျတယ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်း ကျန်းမာရေးအရ ပိုမိုဆိုးရွားတဲ့ ရလဒ်ဖြစ်စေသလို အီးစီးကရက်ရဲ့ အရည်အသွေးကြောင့် ပေါက်ကွဲမှုများလည်း ဖြစ်ပေါ်လျက်ရှိပါတယ်။ အမေရိကန် ရေတပ်မှာတော့ အီးစီးကရက်သောက်သုံးမှုကို စတင်ပိတ်ပင်လိုက်ပါပြီ။ သင်္ဘောသားများရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ဒဏ်ရာရမှုကို ကြိုတင်ကာကွယ်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ရေတပ်ရဲ့ ထုတ်ပြန်ချက်အရ ရေတပ်သားတွေဟာ အီးစီးကရက် ပေါက်ကွဲမှုကြောင့် မျက်နှာနဲ့ သွားဒဏ်ရာရမှု များ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တပ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အီးစီးကရက်ပေါက်ကွဲမှု ၁၅ ခုဟာ ဘတ်ထရီ ၂လုံး တပ်ဆင်ထားတဲ့ ပစ္စည်းတွေကြောင့် ဖြစ်ပြီး လက်ရှိမှာတော့ မည်သည့် အီးစီးကရက်ကိုမှ သင်္ဘောပေါ်မှာ သောက်သုံးခွင့် မပြုတော့ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် အီးစီးကရက်မှာ တပ်ဆင်ထားတဲ့ ဘတ်ထရီတွေကိုလည်း ဖြုတ်ခိုင်းထားပါတယ်။ သင်္ဘောပေါ်မှာ ပေါက်ကွဲမှု အသေးစားဖြစ်နိုင်ချေကိုလည်း ထိန်းသိမ်းလိုက်တာ လို့အကြောင်းပြထားပါတယ်။ ဒါပေမယ့် သင်္ဘောပေါ်မှာမဟုတ်ဘဲ ကမ်းခြေဆင်းတဲ့အချိန်မှာတော့ သောက်သုံးခွင့်ပြုထားပါတယ်။
Zawgyi Font : အေမရိကန္ ေရတပ္တြင္ အီးစီးကရက္ေသာက္သံုးမႈ စတင္ပိတ္ပင္
အီးစီးကရက္မ်ားဟာ အျပင္ပန္းၾကည့္လုိက္ရင္ စမတ္က်တယ္လို႕ ထင္ရေပမယ့္ တစ္ကယ္တမ္း က်န္းမာေရးအရ ပိုမိုဆိုးရြားတဲ့ ရလဒ္ျဖစ္ေစသလို အီးစီးကရက္ရဲ႕ အရည္အေသြးေၾကာင့္ ေပါက္ကြဲမႈမ်ားလည္း ျဖစ္ေပၚလ်က္ရွိပါတယ္။ အေမရိကန္ ေရတပ္မွာေတာ့ အီးစီးကရက္ေသာက္သံုးမႈကို စတင္ပိတ္ပင္လိုက္ပါျပီ။ သေဘၤာသားမ်ားရဲ႕ က်န္းမာေရးနဲ႕ ခႏၶာကိုယ္ဒဏ္ရာရမႈကို ၾကိဳတင္ကာကြယ္ဖို႕ အတြက္ ျဖစ္တယ္လို႕ ဆိုပါတယ္။
အေမရိကန္ေရတပ္ရဲ႕ ထုတ္ျပန္ခ်က္အရ ေရတပ္သားေတြဟာ အီးစီးကရက္ ေပါက္ကြဲမႈေၾကာင့္ မ်က္ႏွာနဲ႕ သြားဒဏ္ရာရမႈ မ်ား ျဖစ္ပြားခဲ့တယ္လို႕ ဆိုပါတယ္။ တပ္အတြင္းမွာ ျဖစ္ပြားခဲ့တဲ့ အီးစီးကရက္ေပါက္ကြဲမႈ ၁၅ ခုဟာ ဘတ္ထရီ ၂လံုး တပ္ဆင္ထားတဲ့ ပစၥည္းေတြေၾကာင့္ ျဖစ္ျပီး လက္ရွိမွာေတာ့ မည္သည့္ အီးစီးကရက္ကိုမွ သေဘၤာေပၚမွာ ေသာက္သံုးခြင့္ မျပဳေတာ့ဘူးလို႕ ထုတ္ျပန္လိုက္ပါတယ္။
ဒါ့အျပင္ အီးစီးကရက္မွာ တပ္ဆင္ထားတဲ့ ဘတ္ထရီေတြကိုလည္း ျဖဳတ္ခိုင္းထားပါတယ္။ သေဘၤာေပၚမွာ ေပါက္ကြဲမႈ အေသးစားျဖစ္ႏုိင္ေခ်ကိုလည္း ထိန္းသိမ္းလိုက္တာ လို႕အေၾကာင္းျပထားပါတယ္။ ဒါေပမယ့္ သေဘၤာေပၚမွာမဟုတ္ဘဲ ကမ္းေျခဆင္းတဲ့အခ်ိန္မွာေတာ့ ေသာက္သံုးခြင့္ျပဳထားပါတယ္။