
ဗိုက္ျပည့္ေနခ်ိန္တြင္ ေရကူးပါက ေရနစ္ရန္ အခြင့္အလမ္းပိုမ်ားသည္ဟု Medicine And The Law ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။ ေရမကူးမီမည္မွ်ၾကိဳတင္၍ အစာစားရမည္ဆိုသည္မွာမူ မိနစ္ ၂၀မွသည္ ၃နာရီအထိ ကြဲျပားေနဆဲ ျဖစ္သည္။ ယခုေလ့လာခ်က္မ်ားအရ ေရမကူးမီ အစာစားျခင္းႏွင့္ ေရမကူးမီအစာစားျခင္းႏွင့္ ေရနစ္ျခင္းတို႔၏ ထင္ရွားေသာ ဆက္ႏႊယ္မႈကို ေတြ႔ခဲ့ၾကရသည္။
၎ေလ့လာမႈမွာ တိုက်ိဳအမ်ိဳးသမီးမ်ား ေဆးတကၠသိုလ္က ၂၀၀၀ျပည့္ႏွစ္ ဧျပီလမွ ၂၀၁၄ခုႏွစ္ ဒီဇင္ဘာလအတြင္း အေလာင္း ၉၃၆ေလာင္းအား ရင္ခြဲစစ္ေဆးခ်က္မွ အခ်က္အလက္မ်ားကို ၾကည့္၍ သံုးသပ္ျခင္း ျဖစ္သည္။ ပညာရွင္မ်ားက ရင္ခြဲစစ္ေဆးခ်က္မွတ္တမ္းမ်ား၊ ရဲမွတ္တမ္းမ်ားကို အေျခခံ၍ ထိုအေလာင္မ်ားေသဆံုးရျခင္း အေၾကာင္းရင္းကို ဆန္းစစ္ခဲ့ၾကသည္။ အခ်ိဳ႕ေသဆံုးမႈမ်ားမွာ မူအေၾကာင္းရင္းကို ေသခ်ာမသိရေပ။ အဆိုပါ အေလာင္းမ်ား၏ ေသြးတြင္းအရက္ပမာဏကို တိုင္းတာကာ သူတို႔၏ အစာအိမ္မ်ားထဲ အစာမ်ား ရွိ၊ မရွိကိုၾကည့္ရႈခဲ့ၾကသည္။
မေတာ္တဆေရနစ္ေသဆံုးခဲ့သူမ်ား၏ ၇၉ရာခိုင္ႏႈန္း (ရင္ခြဲစစ္ေဆးမႈ ၃၄ခုဌဲမွ ၂၇ခု) တြင္ အစာအိမ္ထဲတြင္ အစာမ်ားေတြ႔ရွိခဲ့ရသည္။ ၎တို႔ထဲမွာ ခုႏွစ္ဦးသည္ အသက္ ၆၉ႏွစ္ေက်ာ္ျပီ ျဖစ္သည္။
ရင္ခြဲစစ္ေဆးမႈမ်ားမွ ၁၁၁ခုမွာ ကိုယ့္ကိုယ္ကို သတ္ေသျခင္းျဖစ္ျပီး ၎တို႔အနက္ ၅၁ဦးမွာ ေရထဲခုန္ခ်ေသခဲ့ျခင္းျဖစ္သည္။ ထိုကိုယ့္ကိုယ္ကို သတ္ေသသူမ်ားတြင္မူ အစာအိမ္အတြင္း အစားအစာေတြ႔ရွိမႈႏႈန္းမွာ ၄၃ရာခိုင္ႏႈန္းသာရွိသည္။
သုေတသနပညာရွင္မ်ားကေတာ့ အစာစားျခင္းႏွင့္ ေရနစ္ျခင္းမွာ ဆက္စပ္ေနသည္ဟု ဆိုၾကသည္။ သို႔ေသာ္ အစာမည္မွ်စားလွ်င္ ေရပိုနစ္ႏိုင္သည္။ ေရမကူးမီ အစာမည္မွ်ၾကိဳတင္စားရမည္ကို ေလ့လာရဦးမည္ျဖစ္သည္။
ပညာရွင္မ်ားက ေအာက္ပါအခ်က္ႏွစ္ခ်က္သည္ ေရနစ္ေသဆံုးရန္ တြန္းအားေပးသည္ဟု ယံုၾကည္ၾကသည္။
-အစာအိမ္ထဲမွ အစာမ်ားအန္ထြက္ျပီး အန္ဖတ္ဆို႔ကာ အသက္ရွဴလမ္းေၾကာင္း ပိတ္ျခင္း။
-အစာေျခခ်ိန္တြင္ ေသြးမ်ားက အူနံရံအတြင္းသို႔ ပိုမိုစီးဆင္းေနသည့္အတြက္ ေရနစ္ခ်ိန္တြင္ ဦးေႏွာက္တြင္းသို႔ ေသြး၀င္ေရာက္မႈ နည္းပါးျပီး သတိေမ့ေျမာလြယ္ျခင္း တို႕ ျဖစ္သည္။
Unicode: ရေမကူးမီ အစာစားခြင်းသည် အန္တရာယ်ရှိ
ဗိုက်ပြည့်နေချိန်တွင် ရေကူးပါက ရေနစ်ရန် အခွင့်အလမ်းပိုများသည်ဟု Medicine And The Law ဂျာနယ်တွင် ဖော်ပြထားသည်။ ရေမကူးမီမည်မျှကြိုတင်၍ အစာစားရမည်ဆိုသည်မှာမူ မိနစ် ၂၀မှသည် ၃နာရီအထိ ကွဲပြားနေဆဲ ဖြစ်သည်။ ယခုလေ့လာချက်များအရ ရေမကူးမီ အစာစားခြင်းနှင့် ရေမကူးမီအစာစားခြင်းနှင့် ရေနစ်ခြင်းတို့၏ ထင်ရှားသော ဆက်နွှယ်မှုကို တွေ့ခဲ့ကြရသည်။
၎င်းလေ့လာမှုမှာ တိုကျိုအမျိုးသမီးများ ဆေးတက္ကသိုလ်က ၂၀၀၀ပြည့်နှစ် ဧပြီလမှ ၂၀၁၄ခုနှစ် ဒီဇင်ဘာလအတွင်း အလောင်း ၉၃၆လောင်းအား ရင်ခွဲစစ်ဆေးချက်မှ အချက်အလက်များကို ကြည့်၍ သုံးသပ်ခြင်း ဖြစ်သည်။ ပညာရှင်များက ရင်ခွဲစစ်ဆေးချက်မှတ်တမ်းများ၊ ရဲမှတ်တမ်းများကို အခြေခံ၍ ထိုအလောင်များသေဆုံးရခြင်း အကြောင်းရင်းကို ဆန်းစစ်ခဲ့ကြသည်။ အချို့သေဆုံးမှုများမှာ မူအကြောင်းရင်းကို သေချာမသိရပေ။ အဆိုပါ အလောင်းများ၏ သွေးတွင်းအရက်ပမာဏကို တိုင်းတာကာ သူတို့၏ အစာအိမ်များထဲ အစာများ ရှိ၊ မရှိကိုကြည့်ရှုခဲ့ကြသည်။
မတော်တဆရေနစ်သေဆုံးခဲ့သူများ၏ ၇၉ရာခိုင်နှုန်း (ရင်ခွဲစစ်ဆေးမှု ၃၄ခုဌဲမှ ၂၇ခု) တွင် အစာအိမ်ထဲတွင် အစာများတွေ့ရှိခဲ့ရသည်။ ၎င်းတို့ထဲမှာ ခုနှစ်ဦးသည် အသက် ၆၉နှစ်ကျော်ပြီ ဖြစ်သည်။
ရင်ခွဲစစ်ဆေးမှုများမှ ၁၁၁ခုမှာ ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြစ်ပြီး ၎င်းတို့အနက် ၅၁ဦးမှာ ရေထဲခုန်ချသေခဲ့ခြင်းဖြစ်သည်။ ထိုကိုယ့်ကိုယ်ကို သတ်သေသူများတွင်မူ အစာအိမ်အတွင်း အစားအစာတွေ့ရှိမှုနှုန်းမှာ ၄၃ရာခိုင်နှုန်းသာရှိသည်။
သုတေသနပညာရှင်များကတော့ အစာစားခြင်းနှင့် ရေနစ်ခြင်းမှာ ဆက်စပ်နေသည်ဟု ဆိုကြသည်။ သို့သော် အစာမည်မျှစားလျှင် ရေပိုနစ်နိုင်သည်။ ရေမကူးမီ အစာမည်မျှကြိုတင်စားရမည်ကို လေ့လာရဦးမည်ဖြစ်သည်။
ပညာရှင်များက အောက်ပါအချက်နှစ်ချက်သည် ရေနစ်သေဆုံးရန် တွန်းအားပေးသည်ဟု ယုံကြည်ကြသည်။
-အစာအိမ်ထဲမှ အစာများအန်ထွက်ပြီး အန်ဖတ်ဆို့ကာ အသက်ရှူလမ်းကြောင်း ပိတ်ခြင်း။
-အစာခြေချိန်တွင် သွေးများက အူနံရံအတွင်းသို့ ပိုမိုစီးဆင်းနေသည့်အတွက် ရေနစ်ချိန်တွင် ဦးနှောက်တွင်းသို့ သွေးဝင်ရောက်မှု နည်းပါးပြီး သတိမေ့မြောလွယ်ခြင်း တို့ ဖြစ်သည်။