Home News ဧပြီ ၁၅ ရက်နေ့ သို့မဟုတ် မြောက်ကိုးရီးယားတို့၏ သူရိယနေဝန်း အထိမ်းအမှတ်နေ့
ဧပြီ ၁၅ ရက်နေ့ သို့မဟုတ် မြောက်ကိုးရီးယားတို့၏ သူရိယနေဝန်း အထိမ်းအမှတ်နေ့
0
ဧပြီ ၁၅ ရက်နေ့ သို့မဟုတ် မြောက်ကိုးရီးယားတို့၏ သူရိယနေဝန်း အထိမ်းအမှတ်နေ့
ဧပြီ ၁၅ ရက်နေ့ဟာ မြောက်ကိုးရီယားတို့ရဲ့ အထွဋ်အမြတ်ထားရာ သူရိယနေဝန်း နေ့ထူး နေ့မြတ်ဖြစ်ပြီး မြောက်ကိုးရီးယားနိုင်ငံကို တည်ထောက်ခဲ့သူ ကင်အီဆောင် ကို ဂုဏ်ပြုသော နေ့ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သူရိယနေဝန်းနေ့ရက်တွင် မြောက်ကိုးရီးယားတို့၏ စစ်အင်အားများနှင့် စစ်လက်နက် အသစ်အဆန်းများအား စမ်းသပ် သော နေ့တစ်ရက်လည်း ဖြစ်သည်။
လက်ရှိတွင် အမေရိကန်နှင့် မြောက်ကိုးရီးယားတို့ကြား စစ်ရေးအရ တင်းမာလျက်ရှိပြီး မြောက်ကိုးရီယားမှ သူရိယနေဝန်း နေ့တွင် နူကလိယား လက်နက် စမ်းသပ်ပစ်လွှတ်ပါက အမေရိကန်မှ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မည် ဖြစ်ကြောင်း ကြေငြာထားသည်။
မြောက်ကိုးရီးယားမှလည်း စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေကြောင်း ပြန်လည်ပြောဆိုပြီး အမေရိကန်မှ စတင်တိုက်ခိုက်ပါက တုန်ပြန်တိုက်ခိုက်မှုစနစ်ဖြင့် ရင်ဆိုင်မည် ဖြစ်သည်ဟုကြေငြာထားသည်။ လက်ရှိအခြေအနေတွင် မြောက်ကိုးရီယားမှ သူရိယနေဝန်းနေ့ရက်အား ကျင်းပနေပြီ ဖြစ်သလို နူကလိယားဒုံးကျည် စမ်းသပ်မှုလည်း မရှိသေးကြောင်း သိရှိရသည်။
သို့သော်လည်း ယနေ့တွင် intercontinental ballistic missile (IBM) ဒုံးကျည်ကို စမ်းသပ်မည်ဟု ကြေငြာထားသည်။ IBM ဒုံးကျည်မှာ ၅၅၀၀ ကီလိုမီတာ အကွာအဝေးထိ ပစ်ခတ်နိုင်ပြီး နူကလိယားထိပ်ဖူးကို သယ်ဆောင်နိုင်သည်။ ထို့အပြင် ဇီဝလက်နက်နှင့် ဓာတုအဆိပ်ရည် လက်နက်များပါ ထပ်မံသယ်ဆောင်နိုင်ပြီး မြောက်ကိုးရီးယားအနေဖြင့် IBM ဒုံးကျည်တွင် အမှန်တစ်ကယ် နူကလိယားဒုံးထိပ်ဖူး တပ်ဆင်၍ စမ်းသပ်မည်လား သို့မဟုတ် IBM ၏ အကွာအဝေးကို စမ်းသပ်လိုရုံဖြင့် သာမန် ဒုံးကျည်အဖြစ် စမ်းသပ်မည်လား ဆိုသည်မှာ လာမည့် အချိန် အနည်းငယ်အတွင်းမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
NK nuclear
အကယ်၍များ IBM ဒုံးကျည်မှာ နူကလိယားထည့်ခဲ့မယ်ဆိုရင်တော့ အမေရိကန်စစ်တပ်မှ မြောက်ကိုးရီးယားအတွင်းသို့ ဝင်ရောက် တိုက်ခိုက်မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ လက်နက်စမ်းသပ်မှုလုပ်မယ်လို့ ကြေငြာထားပေမယ့် မစမ်းသပ်ရသေးပါဘူး။
Zawgyi Font : ဧပြီ ၁၅ ရက်နေ့ သို့မဟုတ် မြောက်ကိုးရီးယားတို့၏ သူရိယနေ၀န်း အထိမ်းအမှတ်နေ့
day of the sun
NK nuclear
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: