Home Lifestyle ကြို့ထိုးခြင်းကို အမြန်သက်သာစေမည့် နည်းလမ်း (၈)သွယ်

ကြို့ထိုးခြင်းကို အမြန်သက်သာစေမည့် နည်းလမ်း (၈)သွယ်

0
ကြို့ထိုးခြင်းကို အမြန်သက်သာစေမည့် နည်းလမ်း (၈)သွယ်

လူကြားထဲမှာ ကြို့ထိုးတာက စိတ်အနှောင့်ဖြစ်စရာကောင်းလှပါတယ်။ ကြို့ထိုးတာက တစ်ခါတစ်ရံမှာ အချိန်အတော်ကြာတဲ့အထိ ဖြစ်တတ်တာကြောင့် အမြန်သက်သာသွားအောင် အောက်ပါနည်းလမ်းတွေကို ဆောင်ရွက်ကြည့်ပါ။

ချိုသောအရာတစ်ခုခုကိုမျိုချပါ

ကြို့ထိုးနေတဲ့အချိန်မှာ သကြားတစ်ဇွန်းကို မျိုချတာက ရေပန်းစားပါတယ်။ အကြောင်းကတော့ သကြားအမှုန်တွေက အစာရေမြိုပြွန်ကို အနည်းငယ်မအီမသာ ဖြစ်စေပြီး ရင်ဝမ်းခြား အာရုံကြောတွေကို နေသားတကျပြန်ဖြစ်စေလို့ပါ။

sugar-sweet

မြေပဲထောပတ်စားပါ

မြေပဲထောပတ်ထမင်းစားဇွန်းတစ်ဇွန်းလောက်စားပေးတာကလည်း ကြို့ထိုးတာကို သက်သာစေပါတယ်။ မြေပဲထောပတ်ကို ကြိတ်ဝါးတာ၊ လျှာနဲ့သွားကနေ ထိုးသွင်းတာ၊ မျိုချတာနဲ့ အသက်ရှူတာ စတဲ့ ဖြစ်စဉ်တွေအားလုံးဟာ ကြို့ထိုးတာကို ပပျောက်သွားစေပါတယ်။

Groundnut butter

ပူသောခရမ်းချဉ်သီးဆော့စ် ငုံပါ

ပူစပ်တဲ့ ခရမ်းချဉ်သီးဆော့စ်ကြောင့် ခန္ဓာကိုယ်က ပူတဲ့ဘက်ကို အာရုံပြောင်းသွားကာ ကြို့ထိုးတာပျောက်သွားတတ်ပါတယ်။

tamato-salts

ပျားရည်အနည်းငယ် စားပါ

ပျားရည်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ကြက်သီးရေနွေးရေထဲ ထည့်မွှေကာ လျှာအနောက်အထိ ငုံပြီး မျိုချပါ။ ကြို့ထိုးတာ သက်သာသွားပါလိမ့်မည်။

honey

ချဉ်သောအရာတစ်ခုကို မျိုချပါ

တကယ်လို့ သကြားကို မျိုမချချင်ရင် ရှာလကာရည် လက်ဖက်စားဖွန်းတစ်ဇွန်းကို မျိုချလိုက်ပါ။ ချဉ်တဲ့အရသာဟာ ကြို့ထိုးတာကို ရပ်တန့်သွားစေပါတယ်။

sour

ချောကလက်မှုန့်စားပါ

ချောကလက်မှုန့် ဒါမှမဟုတ် ကိုကိုးမှုန့် ဒါမှမဟုတ် အိုဗာတင်းမှုန့်အနည်းငယ်ကို မျိုချတာက ကြို့ထိုးတဲ့ဖြစ်စဉ်ကို နှေးကာ ပျက်ပယ်သွားစေပါတယ်။

Chocolate

အညိုရောင် စက္ကူအိတ်ကို သုံးပါ

သေးငယ်တဲ့ စက္ကူအိတ်ကို ပါးစပ်ဝမှာတေ့ပြီး အသက်ဖြည်းဖြည်းနဲ့ ပြင်းပြင်းရှူသွင်းတာကို လုပ်ပေးပါ။ ဒီနည်းဟာ သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို များသွားပြီး ရင်ဝမ်းခြားကြွက်သားတွေကို အောက်ဆီဂျင်ရအောင် ကြိုးစားဖို့ ပြင်းပြင်းထန်ထန် ကျုံ့သွားစေပါတယ်။ ဒါ့ကြောင့် ကြို့ထိုးတာ ရပ်သွားတတ်ပါတယ်။

brown-paper-bag

တစ်သျူးစက္ကူပါးကို သုံးပါ

ရေဖန်ခွက်တစ်ခွက်ပေါ်မှာ တစ်သျူးစက္ကူပါးတစ်လွှာကို အုပ်ထားပြီး အဲ့ဒီစက္ကူပါးကနေတဆင့် ရေကိုသောက်ပါ။ ရေကိုသောက်နိုင်ဖို့ ရင်ဝမ်းခြားကြွက်သားတွေကို ပြင်းထန်စွာဆွဲဆန့်စေတာကြောင့် ကြို့ထိုးတာ သက်သာစေပါတယ်။

tissue-paper

Zawgyi Font : ကြို့ထိုးခြင်းကို အမြန်သက်သာစေမည့် နည်းလမ်း (၈)သွယ်




sugar-sweet

မြေပဲထောပတ်စားပါ


Groundnut butter



tamato-salts



honey



sour

ချောကလက်မှုန့်စားပါ


Chocolate



brown-paper-bag



tissue-paper

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: