Home News အမေရိကန်မှ ISIS အကြမ်းဖက်အဖွဲ့အစည်းများ ပုန်းခိုရာ အာဖကန်နစ္စတန်အား နူကလိယားမဟုတ်သော အပြင်းထန်ဆုံး MOAB ဗုံးဖြင့် ပစ်ချ

အမေရိကန်မှ ISIS အကြမ်းဖက်အဖွဲ့အစည်းများ ပုန်းခိုရာ အာဖကန်နစ္စတန်အား နူကလိယားမဟုတ်သော အပြင်းထန်ဆုံး MOAB ဗုံးဖြင့် ပစ်ချ

0
အမေရိကန်မှ ISIS အကြမ်းဖက်အဖွဲ့အစည်းများ ပုန်းခိုရာ အာဖကန်နစ္စတန်အား နူကလိယားမဟုတ်သော အပြင်းထန်ဆုံး MOAB ဗုံးဖြင့် ပစ်ချ

အမေရိကန်မှ နူကလိယားမဟုတ်သော အပြင်းထန်ဆုံး MOAB ဗုံးဖြင့် ISIS များပုန်းခိုရာ အာဖကန်နစ္စတန်သို့ ပစ်ချလိုက်ကြောင်း သိရှိရသည်။ MOAB ဗုံးမှာ အပြင်းထန်ဆုံးသော ဗုံးလက်နက်တစ်မျိုးဖြစ်ပြီး အရှည်ကောက်မှာ Mother of All Bombs ဟု အဓိပ္ပာယ်ရသည်။

အမေရိကန်၏ နူကလိယားမဟုတ်သော အကြီးမားဆုံးနှင့် အပြင်းထန်ဆုံး ဗုံးတစ်မျိုးလည်း ဖြစ်သည်။ အဆိုပါ MOAB ဗုံးမှာ အလေးချိန် ၂၁၆၀၀ ပေါင် ခန့်ရှိပြီး တန်ချိန်ဖြင့် တွက်မည်ဆိုရင် ၁၀.၈ တန်ခန့်ရှိသည်။ အရှည်အားဖြင့် ပေ ၃၀ ခန့် ရှိကြောင်း သိရှိရသည်။ MOAB ဗုံးအစွမ်းမှာ လှိုင်ခေါင်းများ၊ တောင်များကို ဖြိုချနိုင်သည့် အစွမ်းရှိပြီး အမေရိကန်မှ ဒုတိယအကြိမ်အဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

moab

MOAB ဗုံးကို ၂၀၀၃ ခုနှစ်က တစ်ခါအသုံးပြုခဲ့ဖူးသည်။ အာဖကန်နစ္စတန်၏ သမ္မတကတော့ အမေရိကန် အနေဖြင့် ISIS ကို တိုက်ခိုက်ခြင်းထက် MOAB ဗုံးအား အာဖကန်နစ္စတန် နယ်မြေတွင် လာရောက် စမ်းသပ်ခြင်းသာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

လက်ရှိတွင် ISIS အကြမ်းဖက်များ သေဆုံးမှုကို စာရင်းမထုတ်ပြန်ရသေးသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အမေရိကန် စစ်တပ်ဟာ အလွန်မှ အံ့သြဖွယ်ကောင်းလှတယ်။ ဒီ တိုက်ပွဲဟာ လုံး၀ လုံးဝကို အောင်မြင်တဲ့ Mission ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Zawgyi Font : အမေရိကန်မှ ISIS အကြမ်းဖက်အဖွဲ့အစည်းများ ပုန်းခိုရာ အာဖကန်နစ္စတန်အား နူကလိယားမဟုတ်သော အပြင်းထန်ဆုံး MOAB ဗုံးဖြင့် ပစ်ချ

MOAB_bomb




moab


LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: