Home Knowledge Halo Effect သို့မဟုတ် လူ့ပတ်ဝန်းကျင်၏ ရောင်ခြည်စက်ဝန်းသက်ရောက်မှု

Halo Effect သို့မဟုတ် လူ့ပတ်ဝန်းကျင်၏ ရောင်ခြည်စက်ဝန်းသက်ရောက်မှု

0
Halo Effect သို့မဟုတ် လူ့ပတ်ဝန်းကျင်၏ ရောင်ခြည်စက်ဝန်းသက်ရောက်မှု

ကျွန်မတို့ နေထိုင်ရာ လူ့ပတ်ဝန်းကျင်မှာ ကျွန်မတို့ဟာ အခြားသူတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ “ကြိုတင်မှန်းဆ” တဲ့အကြည့်တွေနဲ့ သူတို့ကို ကြည့်မိတတ်ပါတယ်။ ထိုလူတွေကို ကျွန်မတို့က “ဘောင်” ဆိုတဲ့ အကန့်အသတ် တစ်ခုထဲသွင်းပြီး ဒီဘောင်ထဲကကြည့်ရင် ဒီလူကတော့ လူကောင်း၊ဒီလူကတော့ လူဆိုးဆိုပြီးခွဲခြားလေ့ရှိပါတယ်။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ခွေးအဟောင်ခံရသူတိုင်းဟာ သူခိုးဟုတ်ချင်မှဟုတ်မှာပါ။ စာပို့သမားလည်းဖြစ်နိုင်ပါတယ်။ ပြီးတော့ မုတ်ဆိတ်အရှည်ထားတဲ့ သူတိုင်းဟာလည်း အနုပညာသည် ဟုတ်ချင်မှဟုတ်မယ်။ ဆံပင်အရှည်ထားတိုင်းလဲ လမ်းသရဲဖြစ်ချင်မှဖြစ်မယ်။

ဒီလိုပဲ ရပ်ကွက်ထဲက ဦးမောင်ဟာ သောကြာနေ့ ညနေတိုင်းမှာ နေမကောင်းဖြစ်နေတဲ့ မိခင်ကို ပြန်ကြည့်တဲ့မိန်းမဖြစ်သူကို ဘူတာရုံကို အမြဲလိုက်ပို့တတ်တယ်။ အဲ့ဒီဦးမောင်ရဲ့ဇနီးစီးတဲ့ ရထားထွက်သွားပြီးနောက် ဆယ်မိနစ်အကြာမှာ ဦးမောင်ဇနီးမရှိတုန်း အိမ်မှာထမင်းဟင်း ဝိုင်းကူချက်ပြုတ်ပေးမဲ့ ဦးမောင်ရဲ့ညီမဖြစ်သူ လိုက်ပါလာမဲ့ရထားက ဘူတာဆိုက်တယ်။

အဲ့တော့ဦးမောင်က ညီမဖြစ်သူကို တစ်ခါတည်းစောင့်ကြိုပြီး အိမ်ကိုခေါ်လာတယ်။ဒီလိုနဲ့ တနင်္ဂနွေနေ့ ညနေမှာတော့ ညီမဖြစ်သူကို ဘူတာရုံလိုက်ပို့ပြီး ဆယ်မိနစ်အကြာမှာ ဆိုက်မဲ့ရထားနဲ့ ပါလာမဲ့ မိန်းမဖြစ်သူကို ဦးမောင် ကအိမ်ပြန်ခေါ်ခဲ့တယ်။ ဒီလိုရက်သတ္တပတ်အနည်းငယ်ကြာကြာ အဲ့လိုအပို့အကြိုလုပ်ရင်းနဲ့ တနင်္ဂနွေနေ့ညနေတစ်ခုမှာ ရထားဝန်ထမ်းတစ်ဦးက ဦးမောင်အနား လျှောက်လာပြီး ရယ်ရယ်ပြုံးပြုံးနဲ့ပြောလေတယ်။ ဘာပြောလဲဆိုတော့ “ခင်ဗျားကြီး….အကြံတော်တော်ပိုင်တာပဲနော်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီလိုလုပ်ရပ်တွေကို သူတို့မိသွားမှာ မကြောက်ဖူးလား” တဲ့။

halo

ဝန်ထမ်းလူကြီးက ၎င်းရဲ့အထင်မှာတော့ “သူ့ကြည့်ရတာ နောက်မီးလင်းနေသလိုပဲ၊ သူကတော့ဖြင့် တအားလူလည်ကျတာပဲ” လို့ စတဲ့အတွေးတွေနဲ့ တစ်ဘက်လူရဲ့ကိုယ်ပေါ်ကို ပုံချတတ်ကြတယ်။ ထိုလူရဲ့ကိုယ်ကျင့်တရားကိုလဲ မထီမဲ့မြင်ပြုရာရောက်သလို အမှန်တရားနဲ့လဲ လမ်းလွှဲသွားတတ်ပါတယ်။

နောက်ထပ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြရမယ်ဆိုရင် ကော်ဖီဆိုင်တစ်ဆိုင်မှာ အမျိုးသမီးနှစ်ယောက်ဟာ ဘေးချင်းကပ်ထိုင်ပြီး ကော်ဖီသောက်နေကြတယ်။ သူတို့ထဲက တစ်ယောက်ဟာ ယူလာတဲ့ထီးကို စားပွဲခြေရင်းမှာထောင်ထားလိုက်တယ်။ ခဏအကြာမှာ ကော်ဖီအရင်သောက်ပြီးတဲ့ အမျိုးသမီးတစ်ယောက်ဟာ ထအထွက်မှာ ယောင်တောင်တောင်နဲ့ ထောင်ထားတဲ့ထီးကို ကောက်ယူပြီးထွက်သွားပါတယ်။ ဒါကိုထီးပိုင်ရှင်ကမြင်တော့ “ဒီမယ်ရှင့် ရှင် ကျွန်မထီးကိုယူတယ်” လို့အော်ပြောလိုက်တယ်။

ထီးမှားယူမိတဲ့တစ်ယောက်က မျက်နှာကြီးနီမြန်းပြီး အားတုံ့အားနာနဲ့ ထီးပိုင်ရှင်ကို တောင်းပန်လိုက်တယ်။ သူထီးယူလာမိတယ်အထင်နဲ့ မှားယူမိကြောင်းပြောပြတယ်။ဒီအဖြစ်ပျက်ကြောင့် ထီးမှားယူမိတဲ့အမျိုးသမီးက သူထီးဝယ်ရမယ်ဆိုတာ သတိရလိုက်တယ်။ အိမ်က ကလေးတွေအတွက်ပါဝယ်လိုက်မယ်ဆိုပြီး သူထီးနှစ်ချောင်း ဝယ်လိုက်ပါတယ်။

အဲ့လိုနဲ့ ထီးနှစ်ချောင်းဝယ်ခဲ့တဲ့အမျိုးသမီးဟာ အိမ်အပြန်လမ်းက ဘတ်စ်ကားပေါ်မှာ သူထီးမှားယူမိတဲ့ ထီးပိုင်ရှင်အမျိုးသမီးနဲ့ မတော်တဆထပ်ဆုံမိပြန်ပါတယ်။ အဲ့ဒီအမျိုးသမီးက သူ့လက်ထဲက ထီးနှစ်ချောင်းကိုကြည့်ပြီး “အော်….ရှင်ဒီနေ့ တော်တော်တွက်ချေကိုက်တာပဲနော်” လို့သူ့ကိုပြောပါတယ်။

လူတွေဟာ အခြားသူတွေအပေါ်မှာ ဝေဖန်ပိုင်းခြားတဲ့အခါမှာ ယိမ်းယိုင်မှုတွေဖြစ်တတ်ကြပါတယ်။ လူတစ်ယောက်ကို အမြင်အားဖြင့် “အကောင်း” ဒါမှမဟုတ် “မကောင်း” ဆိုပြီးနှစ်မျိုးခွဲခြားလိုက်တယ်။ လူတစ်ယောက်ကို ကောင်းတဲ့ထင်မြင်ချက်မျိုးနဲ့ ထင်စေတဲ့အခါမှာ ထိုလူရဲ့ အပြုမူ၊အပြောဆိုတွေကအစ အရာအားလုံးကို”အကောင်း”ဆိုတဲ့ရှုထောင့်ကနေကြည့်ပြီး ဝေဖန်ပိုင်းခြားလိုက်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ “မကောင်း”တဲ့ ထင်မြင်ချက်မျိုးဖြစ်စေတဲ့အခါ အဲ့ဒီလူဘာလုပ်လုပ် “မကောင်း”တာပဲမြင်တော့တယ်။ ဒီဖြစ်စဉ်ကို “Halo Effect” (ရောင်ခြည်စက်ဝန်းသက်ရောက်မှု)လို့ခေါ်တယ်။ လူတွေဟာ ညဘက် လမင်းကြီးကိုတွေ့တဲ့အခါ လမင်းကြီးရဲ့ဘေးက ဖြာကျနေတဲ့ ရောင်ခြည်စက်ဝန်းကိုလဲ သတိထားမိကြမှာပါ။ အဲ့လိုပဲ လူတစ်ယောက်ကလည်း အခြားသူကိုမြင်တဲ့အခါ သူ့ရဲ့ထင်မြင်ချက်နောက်ကိုလိုက်ပြီး သူ့ရဲ့အပြောအဆို၊ အမူအရာတွေကို “Halo Effect” နဲ့ ဝေဖန်ပိုင်းခြားကြပါလိမ့်မယ်။

“အင်္ဂလန်စာရေးဆရာ(Hazlitt William) က “အမှန်ကို မစူးစမ်းဘဲ မျက်စိမှိတ်ဘက်လိုက်ခြင်းက အသိမရှိတဲ့ကလေးနဲ့တူတယ်”တဲ့။

လူတိုင်းဟာ သင့်ကိုမသိနားမလည်နိုင်သလို သင်ကလည်း သူတို့အားလုံးကို သိနားလည်နိုင်မှာမဟုတ်ဖူး။ ဒီလိုဆိုတော့ ကျွန်မတို့ဟာ အခြားလူတွေအပေါ် လွယ်လွယ်နဲ့မဝေဖန်၊ မပိုင်းခြားသင့်သလို သင့်အပေါ်အခြားလူ ဝေဖန်ပိုင်းခြားတာကိုလည်း အလေးထားနေဖို့မလိုပါဖူး။ ဘာလို့လဲဆိုတော့ လူတိုင်းလူတိုင်းဟာ အကျီၤရဲ့ ပထမဆုံးကြယ်သီးကို တစ်ကြိမ်တစ်ခါတော့ မှားတပ်ဖူးစမြဲမို့ပါ။

မူရင်း- – – http:// blog.udn.com

Zawgyi Font : Halo Effect သို႕မဟုတ္ လူ႕ပတ္၀န္းက်င္၏ ေရာင္ျခည္စက္၀န္းသက္ေရာက္မႈ

halo-effect

ကြၽန္မတို႔ ေနထိုင္ရာ လူ႕ပတ္ဝန္းက်င္မွာ ကြၽန္မတို႔ဟာ အျခားသူေတြနဲ႔ ဆက္ဆံေျပာဆိုတဲ့အခါ “ႀကိဳတင္မွန္းဆ” တဲ့အၾကည့္ေတြနဲ႔ သူတို႔ကို ၾကည့္မိတတ္ပါတယ္။ ထိုလူေတြကို ကြ်န္မတို႔က “ေဘာင္” ဆိုတဲ့ အကန္႔အသတ္ တစ္ခုထဲသြင္းၿပီး ဒီေဘာင္ထဲကၾကည့္ရင္ ဒီလူကေတာ့ လူေကာင္း၊ဒီလူကေတာ့ လူဆိုးဆိုၿပီးခြဲျခားေလ့႐ွိပါတယ္။

ဥပမာအေနနဲ႔ေျပာရမယ္ဆိုရင္ ေခြးအေဟာင္ခံရသူတိုင္းဟာ သူခိုးဟုတ္ခ်င္မွဟုတ္မွာပါ။ စာပို႔သမားလည္းျဖစ္ႏိုင္ပါတယ္။ ၿပီးေတာ့ မုတ္ဆိတ္အ႐ွည္ထားတဲ့ သူတိုင္းဟာလည္း အႏုပညာသည္ ဟုတ္ခ်င္မွဟုတ္မယ္။ ဆံပင္အ႐ွည္ထားတိုင္းလဲ လမ္းသရဲျဖစ္ခ်င္မွျဖစ္မယ္။

ဒီလိုပဲ ရပ္ကြက္ထဲက ဦးေမာင္ဟာ ေသာၾကာေန႔ ညေနတိုင္းမွာ ေနမေကာင္းျဖစ္ေနတဲ့ မိခင္ကို ျပန္ၾကည့္တဲ့မိန္းမျဖစ္သူကို ဘူတာရံုကို အျမဲလိုက္ပို႔တတ္တယ္။ အဲ့ဒီဦးေမာင္ရဲ႕ဇနီးစီးတဲ့ ရထားထြက္သြားၿပီးေနာက္ ဆယ္မိနစ္အၾကာမွာ ဦးေမာင္ဇနီးမ႐ွိတုန္း အိမ္မွာထမင္းဟင္း ဝိုင္းကူခ်က္ျပဳတ္ေပးမဲ့ ဦးေမာင္ရဲ႕ညီမျဖစ္သူ လိုက္ပါလာမဲ့ရထားက ဘူတာဆိုက္တယ္။

အဲ့ေတာ့ဦးေမာင္က ညီမျဖစ္သူကို တစ္ခါတည္းေစာင့္ႀကိဳၿပီး အိမ္ကိုေခၚလာတယ္။ဒီလိုနဲ႔ တနဂၤေႏြေန႔ ညေနမွာေတာ့ ညီမျဖစ္သူကို ဘူတာရံုလိုက္ပို႔ၿပီး ဆယ္မိနစ္အၾကာမွာ ဆိုက္မဲ့ရထားနဲ႔ ပါလာမဲ့ မိန္းမျဖစ္သူကို ဦးေမာင္ ကအိမ္ျပန္ေခၚခဲ့တယ္။ ဒီလိုရက္သတၱပတ္အနည္းငယ္ၾကာၾကာ အဲ့လိုအပို႔အႀကိဳလုပ္ရင္းနဲ႔ တနဂၤေႏြေန႔ညေနတစ္ခုမွာ ရထားဝန္ထမ္းတစ္ဦးက ဦးေမာင္အနား ေလွ်ာက္လာၿပီး ရယ္ရယ္ျပံဳးျပံဳးနဲ႔ေျပာေလတယ္။ ဘာေျပာလဲဆိုေတာ့ “ခင္ဗ်ားႀကီး….အၾကံေတာ္ေတာ္ပိုင္တာပဲေနာ္။ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ ဒီလိုလုပ္ရပ္ေတြကို သူတို႔မိသြားမွာ မေၾကာက္ဖူးလား” တဲ့။

halo

ဝန္ထမ္းလူႀကီးက ၎ရဲ႕အထင္မွာေတာ့ “သူ႔ၾကည့္ရတာ ေနာက္မီးလင္းေနသလိုပဲ၊ သူကေတာ့ျဖင့္ တအားလူလည္က်တာပဲ” လို႔ စတဲ့အေတြးေတြနဲ႔ တစ္ဘက္လူရဲ႕ကိုယ္ေပၚကို ပံုခ်တတ္ၾကတယ္။ ထိုလူရဲ႕ကိုယ္က်င့္တရားကိုလဲ မထီမဲ့ျမင္ျပဳရာေရာက္သလို အမွန္တရားနဲ႔လဲ လမ္းလႊဲသြားတတ္ပါတယ္။

ေနာက္ထပ္ဇာတ္လမ္းေလးတစ္ပုဒ္ကို ေျပာျပရမယ္ဆိုရင္ ေကာ္ဖီဆိုင္တစ္ဆိုင္မွာ အမ်ိဳးသမီးႏွစ္ေယာက္ဟာ ေဘးခ်င္းကပ္ထိုင္ၿပီး ေကာ္ဖီေသာက္ေနၾကတယ္။ သူတို႔ထဲက တစ္ေယာက္ဟာ ယူလာတဲ့ထီးကို စားပြဲေျခရင္းမွာေထာင္ထားလိုက္တယ္။ ခဏအၾကာမွာ ေကာ္ဖီအရင္ေသာက္ၿပီးတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ထအထြက္မွာ ေယာင္ေတာင္ေတာင္နဲ႔ ေထာင္ထားတဲ့ထီးကို ေကာက္ယူၿပီးထြက္သြားပါတယ္။ ဒါကိုထီးပိုင္႐ွင္ကျမင္ေတာ့ “ဒီမယ္႐ွင့္ ႐ွင္ ကြၽန္မထီးကိုယူတယ္” လို႔ေအာ္ေျပာလိုက္တယ္။

ထီးမွားယူမိတဲ့တစ္ေယာက္က မ်က္ႏွာႀကီးနီျမန္းၿပီး အားတံု႔အားနာနဲ႔ ထီးပိုင္႐ွင္ကို ေတာင္းပန္လိုက္တယ္။ သူထီးယူလာမိတယ္အထင္နဲ႔ မွားယူမိေၾကာင္းေျပာျပတယ္။ဒီအျဖစ္ပ်က္ေၾကာင့္ ထီးမွားယူမိတဲ့အမ်ိဳးသမီးက သူထီးဝယ္ရမယ္ဆိုတာ သတိရလိုက္တယ္။ အိမ္က ကေလးေတြအတြက္ပါဝယ္လိုက္မယ္ဆိုၿပီး သူထီးႏွစ္ေခ်ာင္း ဝယ္လိုက္ပါတယ္။

အဲ့လိုနဲ႔ ထီးႏွစ္ေခ်ာင္းဝယ္ခဲ့တဲ့အမ်ိဳးသမီးဟာ အိမ္အျပန္လမ္းက ဘတ္စ္ကားေပၚမွာ သူထီးမွားယူမိတဲ့ ထီးပိုင္႐ွင္အမ်ိဳးသမီးနဲ႔ မေတာ္တဆထပ္ဆံုမိျပန္ပါတယ္။ အဲ့ဒီအမ်ိဳးသမီးက သူ႔လက္ထဲက ထီးႏွစ္ေခ်ာင္းကိုၾကည့္ၿပီး “ေအာ္….႐ွင္ဒီေန႔ ေတာ္ေတာ္တြက္ေခ်ကိုက္တာပဲေနာ္” လို႔သူ႔ကိုေျပာပါတယ္။

လူေတြဟာ အျခားသူေတြအေပၚမွာ ေဝဖန္ပိုင္းျခားတဲ့အခါမွာ ယိမ္းယိုင္မႈေတြျဖစ္တတ္ၾကပါတယ္။ လူတစ္ေယာက္ကို အျမင္အားျဖင့္ “အေကာင္း” ဒါမွမဟုတ္ “မေကာင္း” ဆိုၿပီးႏွစ္မ်ိဳးခြဲျခားလိုက္တယ္။ လူတစ္ေယာက္ကို ေကာင္းတဲ့ထင္ျမင္ခ်က္မ်ိဳးနဲ႔ ထင္ေစတဲ့အခါမွာ ထိုလူရဲ႕ အျပဳမူ၊အေျပာဆိုေတြကအစ အရာအားလံုးကို”အေကာင္း”ဆိုတဲ့႐ႈေထာင့္ကေနၾကည့္ၿပီး ေဝဖန္ပိုင္းျခားလိုက္တယ္။ ဆန္႔က်င္ဘက္အေနနဲ႔ “မေကာင္း”တဲ့ ထင္ျမင္ခ်က္မ်ိဳးျဖစ္ေစတဲ့အခါ အဲ့ဒီလူဘာလုပ္လုပ္ “မေကာင္း”တာပဲျမင္ေတာ့တယ္။ ဒီျဖစ္စဥ္ကို “Halo Effect” (ေရာင္ျခည္စက္ဝန္းသက္ေရာက္မႈ)လို႔ေခၚတယ္။ လူေတြဟာ ညဘက္ လမင္းႀကီးကိုေတြ႔တဲ့အခါ လမင္းႀကီးရဲ႕ေဘးက ျဖာက်ေနတဲ့ ေရာင္ျခည္စက္ဝန္းကိုလဲ သတိထားမိၾကမွာပါ။ အဲ့လိုပဲ လူတစ္ေယာက္ကလည္း အျခားသူကိုျမင္တဲ့အခါ သူ႔ရဲ႕ထင္ျမင္ခ်က္ေနာက္ကိုလိုက္ၿပီး သူ႔ရဲ႕အေျပာအဆို၊ အမူအရာေတြကို “Halo Effect” နဲ႔ ေဝဖန္ပိုင္းျခားၾကပါလိမ့္မယ္။

“အဂၤလန္စာေရးဆရာ(Hazlitt William) က “အမွန္ကို မစူးစမ္းဘဲ မ်က္စိမွိတ္ဘက္လိုက္ျခင္းက အသိမ႐ွိတဲ့ကေလးနဲ႔တူတယ္”တဲ့။

လူတိုင္းဟာ သင့္ကိုမသိနားမလည္ႏိုင္သလို သင္ကလည္း သူတို႔အားလံုးကို သိနားလည္ႏိုင္မွာမဟုတ္ဖူး။ ဒီလိုဆိုေတာ့ ကြၽန္မတို႔ဟာ အျခားလူေတြအေပၚ လြယ္လြယ္နဲ႔မေဝဖန္၊ မပိုင္းျခားသင့္သလို သင့္အေပၚအျခားလူ ေဝဖန္ပိုင္းျခားတာကိုလည္း အေလးထားေနဖို႔မလိုပါဖူး။ ဘာလို႔လဲဆိုေတာ့ လူတိုင္းလူတိုင္းဟာ အက်ီၤရဲ႕ ပထမဆံုးၾကယ္သီးကို တစ္ႀကိမ္တစ္ခါေတာ့ မွားတပ္ဖူးစျမဲမို႔ပါ။

မူရင္း- – – http:// blog.udn.com

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: