Home News မကြာမှီစတင်မည့် စစ်ပွဲကြောင့် ပြုံယမ်း မြို့ရှိ ပြည်သူများအား နေရာပြောင်းရွှေ့ရန် ကင်ဂျုံအန်း အမိန့်ချမှတ်

မကြာမှီစတင်မည့် စစ်ပွဲကြောင့် ပြုံယမ်း မြို့ရှိ ပြည်သူများအား နေရာပြောင်းရွှေ့ရန် ကင်ဂျုံအန်း အမိန့်ချမှတ်

0
မကြာမှီစတင်မည့် စစ်ပွဲကြောင့် ပြုံယမ်း မြို့ရှိ ပြည်သူများအား နေရာပြောင်းရွှေ့ရန် ကင်ဂျုံအန်း အမိန့်ချမှတ်

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းမှ ပြုံယမ်းမြို့တွင် နေထိုင်သော ပြည်သူများအား ဘေးကင်းလုံခြုံမည့်နေရာသို့ ချက်ချင်း ရွှေ့ပြောင်းရန် အမိန့်ချမှတ်ခဲ့သည်။ အကြောင်းရင်းမှာ လာမည့် ၄၈ နာရီအတွင်းတွင် အမေရိကန်နှင့် မြောက်ကိုးရီးယားတို့၏ စစ်ရေးအခြေအနေ အချိန်မရွေးဖြစ်ပွားနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။

ပြုံယမ်းမြို့ရှိ လူပေါင်း ၆သိန်းကျော်အား ပြောင်းရွှေ့ရန် အမိန့်ချမှတ်ထားပြီး အမေရိကန်၏ ဒုံးကျည်များ မြို့အတွင်းသို့ စတင် ပစ်ခတ်ခဲ့လျှင် ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် အခြေအနေနှစ်ဖက်မှာ ပိုမို တင်းမာလျက်ရှိပြီး အမေရိကန်နှင့် မြောက်ကိုးရီးယားတို့က စစ်ရေးအင်အားပြသလျက်ရှိသည်။

nuclear-war

လက်ရှိတွင် အမေရိကန်မှ တောင်ကိုးရီးယားအား နူကလိယားဒုံးခွင်းလက်နက်များတပ်ဆင်ပေးထားလျက်ရှိပြီး ဂျပန်နိုင်ငံတွင်လည်း ဒုံးခွင်းလက်နက်များ အသင့်ဖြစ်နေပြီဟု ဆိုသည်။ လက်ရှိတွင် တရုတ်အနေနှင့် ငြိမ်းချမ်းရေးကို ပိုမိုလိုလားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား နှစ်ကြိမ်တိုင်တိုင် ဖြောင်းဖျခဲ့သော်လည်း ဒေါ်နယ်ထရမ့်အနေဖြင့် ဆုံးဖြတ်ချက်ကို ပြင်ဆင်နိုင်ဖွယ်ရာ မရှိကြောင်းပြောခဲ့သည်။

Zawgyi Font : မကြာမှီစတင်မည့် စစ်ပွဲကြောင့် ပြုံယမ်း မြို့ရှိ ပြည်သူများအား နေရာပြောင်းရွှေ့ရန် ကင်ဂျုံအန်း အမိန့်ချမှတ်



nuclear-war


LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: