Home News ကမ္ဘာ့သွေးခုန်နှုန်းမြင့်တက်လာခြင်း သို့မဟုတ် တတိယကမ္ဘာစစ်

ကမ္ဘာ့သွေးခုန်နှုန်းမြင့်တက်လာခြင်း သို့မဟုတ် တတိယကမ္ဘာစစ်

0
ကမ္ဘာ့သွေးခုန်နှုန်းမြင့်တက်လာခြင်း သို့မဟုတ် တတိယကမ္ဘာစစ်

ပြီးခဲ့တဲ့အပတ်မှာ ဆီးရီးယားအစိုးရက ဓာတုလက်နက်သုံးတိုက်ခိုက်ခဲ့လို့ အရပ်သားတွေနဲ့ ကလေးသူငယ်တွေ အများအပြားသေကျေ ဒဏ်ရာရပြီးနောက် အမေရိကန်က ဆီးရီးယားလေတပ်စခန်းကိုဒုံးကျည်များနဲ့ တိုက်ခတ်ခဲ့ရာကစ၍ အခြေအနေတင်းမာမှုများ မြင့်တက်လာပြီး ဆီးရီးယားကို နောက်တစ်ခါ ထပ်တိုက်မယ်ဆိုရင် အီရန်နဲ့ ရုရှားပါ ပါဝင်လာမည်ဖြစ်ကြောင်း ဆီးရီးယားသမ္မတက တုံ့ပြန်ခဲ့ပါတယ်။ ထရမ့်အနေနဲ့ ISIS ကို ချေမှုန်းတိုက်ခိုက်သည်ဟု အကြောင်းပြခဲ့သေ်ာလည်း အမေရိကန်၏ လုပ်ရပ်က ဆီးရီးယားသမ္မတအား ဖြုတ်ချရေး အတွက် အားပေးသက်ရောက်မှုဖြစ်စေခဲ့သည်။

ဒါ့အပြင် မကြာမှီအတွင်းမှာ အမေရိကန် ရေတပ်ဟာလည်း ၂ရက်အတွင်းမှာ အနောက်ပစိဖိတ်သမုဒ္ဒရာမှ ကိုးရီယားကျွန်းဆွယ်ကို ရောက်ရှိမည်ဖြစ်ပြီး မြောက်ကိုးရီးယားနဲ့ စစ်ရေးအရ ရင်ဆိုင်ရန်အတွက် ဖြစ်သည်ဟု သိရှိရသည်။ မြောက်ကိုးရီးယားမှလည်း အမေရိကန်ကို လက်တုံ့ပြန်မည်ဟု စစ်ကြေငြာထားပြီး လာမည့် စနေနေ့တွင် ကျရောက်မည့် အဖိုး ကင်မ်အီစန်းရဲ့ မွေးနေ့မှာ ဒုံးကျည်စမ်းသပ်ပစ်ခတ်ဖို့ရှိတယ်လို့ ကြေငြာထားပါတယ်။

လက်ရှိမှာ မြောက်ကိုးရီးယားရဲ့ နူကလိယားဒုံးကျည်နည်းပညာဟာ အောင်မြင်တိုးတက်လျက်ရှိပြီး မိုင်ပေါင်း ထောင်များစွာကို ပစ်ခတ်ချနိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်အပိုင် ဂူအမ်ကျွန်းအထိ ပစ်ချနိုင်တယ်လို့ ကြေငြာထားပြီး လက်ရှိမှာ အခြေအနေအရပ်ရပ်တို့က ထိပ်ဆုံးအထိ တင်းမာမှု ဖြစ်လာပါတယ်။

ကမ္ဘာပေါ်မှာ ဒုတိယရေတပ်အင်အားအကြီးဆုံးဖြစ်တဲ့ ဂျပန်ဟာလည်း ယခုဆိုရင် အမေရိကန်နှင့်ပူးပေါင်း၍ မဟာမိတ်စစ်တပ်အဖြစ် ချီတက်လာပြီ ဖြစ်သလို အကယ်၍များ မြောက်ကိုးရီးယားက အမေရိကန်ကို တိုက်ရမည်ဆိုလျှင် တောင်ကိုးရီးယား နှင့် ဂျပန်တို့ကိုပါ တစ်ချိန်တည်းမှာ တိုက်ခိုက်ရမည် ဖြစ်သည်။

တရုတ်မှလည်း ကိုယ်ကျိုးစီးပွားကာကွယ်ရေးအတွက် အမေရိကန်နှင့်ပူးပေါင်းလိုက်ပြီး မြောက်ကိုးရီးယားနှင့် ချုပ်ဆိုထားသော ကျောက်မီးသွေးစာချုပ်ကို ဖျက်သိမ်းလိုက်သဖြင့် မြောက်ကိုးရီးယား၏ စီးပွားရေးကို ထိခိုက်စေခဲ့သည်။ အဘယ့်ကြောင့် ဆိုသော စစ်အသုံးစရိတ်အချို့သည် တရုတ်နှင့် ချုပ်ဆိုထားသော ကျောက်မီးသွေးကုန်သွယ်ခြင်းမှ ရရှိနေခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း စစ်ပွဲကို ရင်ဆိုင်ရန် စိတ်ဓာတ်ပြင်းထန်လျက်ရှိပြီး တရုတ်အနေနှင့် စစ်ပွဲတွင် မဟာမိတ်အဖြစ်ဝင်ကူပါက ပိုမိုကောင်းမွန်မည် ဖြစ်ပြီး အကယ်၍ မပါဝင်ပါကလဲ အမေရိကန်နိုင်ငံတစ်ခုထဲနှင့် မြောက်ကိုးရီးယားကို စစ်ပွဲရင်ဆိုင်မည်ဟု Twitter တွင် ရေးသားခဲ့သည်။ တရုတ် သမ္မတ ရှီကျင့်ပင် သည် နိုင်ငံ၏ အကျိုးစီးပွားမထိခိုက်ရေးအတွက် အမေရိကန်နှင့် ပူးပေါင်းလိုက်ပြီး မြောက်ကိုးရီးယားနယ်စပ်တွင် တရုတ်စစ်သားပေါင်း တစ်သိန်းခွဲကို အဆင်သင့်အနေအထားအဖြစ် စောင့်ကြပ်စေခဲ့သည်။

မြောက်ကိုးရီးယားမှလည်း စစ်ကြေငြာလိုက်ပြီး မြောက်ကိုးရီးယားနိုင်ငံသားများမှ အမေရိကန်အား စစ်ခင်းရန် အထူး စစ်သွေးကြွလျက်ရှိသည်။ နိုင်ငံရေးကျွမ်းကျင်သူများကတော့ အမေရိကန်အနေဖြင့် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းအား လုပ်ကြံသတ်ဖြတ်မည့်နည်းလမ်းသုံးနိုင်သလို နူကလိယားဒုံးကျည်များအား ဖျက်စီးမည့် နည်းစနစ်များလည်း သုံးနိုင်တယ်လို့ ဆိုပါတယ်။

kim

အကယ်၍များ စစ်ပွဲသာဖြစ်ခဲ့ရင် မြောက်ကိုးရီးယားဘက်မှ မဟာမိတ်အဖြစ် ရုရှားလည်း ပါဝင်နိုင်ဖွယ်ရှိပြီး ဆီးရီးယားနှင့် အီရန်တို့ကပါ ထပ်မံအင်အားဖြည့်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ တရုတ်အနေနဲ့ မြောက်ကိုးရီးယားကို သံတမန်နည်းလမ်းအရ ညှိနှိုင်းမည် ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတော့ စိတ်မလောဖို့ မေတ္တာရပ်ခံထားပါတယ်။ ဒါပေမယ့် လာမယ့် စနေနေ့မှာ ဘာဖြစ်မလဲဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ်ရာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍များ တိုက်ပွဲသာစခဲ့ရင် တတိယကမ္ဘာစစ်ကြီးစတင်ပြီလို့ ဆိုနိုင်ပါပြီ။

Zawgyi Font: ကမၻာ႕ေသြးခုန္ႏႈန္းျမင့္တက္လာျခင္း သို႕မဟုတ္ တတိယကမၻာစစ္

ww3

ၿပီးခဲ့တဲ့အပတ္​မွာ ဆီးရီးယားအစိုးရက ဓာတုလက္​နက္​သံုးတိုက္​ခိုက္​ခဲ့လို႔ အရပ္​သား​ေတြနဲ႔ က​ေလးသူငယ္​​ေတြ အမ်ားအျပား​ေသ​ေက် ဒဏ္​ရာရၿပီး​ေနာက္​ အ​ေမရိကန္​က ဆီးရီးယား​ေလတပ္​စခန္​းကိုဒံုးက်ည္​မ်ားနဲ႔ တိုက္​ခတ္​ခဲ့ရာကစ၍ အေျခအေနတင္းမာမႈမ်ား ျမင့္တက္လာျပီး ဆီးရီးယားကို ေနာက္တစ္ခါ ထပ္တိုက္မယ္ဆိုရင္ အီရန္နဲ႕ ရုရွားပါ ပါ၀င္လာမည္ျဖစ္ေၾကာင္း ဆီးရီးယားသမၼတက တံု႕ျပန္ခဲ့ပါတယ္။ ထရမ့္အေနနဲ႕ ISIS ကို ေခ်မႈန္းတိုက္ခိုက္သည္ဟု အေၾကာင္းျပခဲ့ေသ္ာလည္း အေမရိကန္၏ လုပ္ရပ္က ဆီးရီးယားသမၼတအား ျဖဳတ္ခ်ေရး အတြက္ အားေပးသက္ေရာက္မႈျဖစ္ေစခဲ့သည္။

ဒါ့အျပင္ မၾကာမွီအတြင္းမွာ အေမရိကန္ ေရတပ္ဟာလည္း ၂ရက္အတြင္းမွာ အေနာက္ပစိဖိတ္သမုဒၵရာမွ ကိုးရီယားကြ်န္းဆြယ္ကို ေရာက္ရွိမည္ျဖစ္ျပီး ေျမာက္ကိုးရီးယားနဲ႕ စစ္ေရးအရ ရင္ဆုိင္ရန္အတြက္ ျဖစ္သည္ဟု သိရွိရသည္။ ေျမာက္ကိုးရီးယားမွလည္း အေမရိကန္ကို လက္တံု႕ျပန္မည္ဟု စစ္ေၾကျငာထားျပီး လာမည့္ စေနေန႕တြင္ က်ေရာက္မည့္ အဖိုး ကင္မ္အီစန္းရဲ႕ ေမြးေန႕မွာ ဒံုးက်ည္စမ္းသပ္ပစ္ခတ္ဖို႕ရွိတယ္လို႕ ေၾကျငာထားပါတယ္။

လက္ရွိမွာ ေျမာက္ကိုးရီးယားရဲ႕ နူကလိယားဒံုးက်ည္နည္းပညာဟာ ေအာင္ျမင္တိုးတက္လ်က္ရွိျပီး မိုင္ေပါင္း ေထာင္မ်ားစြာကို ပစ္ခတ္ခ်ႏုိင္ပါတယ္။ ဒါ့အျပင္ အေမရိကန္အပိုင္ ဂူအမ္ကြ်န္းအထိ ပစ္ခ်ႏုိင္တယ္လို႕ ေၾကျငာထားျပီး လက္ရွိမွာ အေျခအေနအရပ္ရပ္တို႕က ထိပ္ဆံုးအထိ တင္းမာမႈ ျဖစ္လာပါတယ္။

ကမၻာေပၚမွာ ဒုတိယေရတပ္အင္အားအၾကီးဆံုးျဖစ္တဲ့ ဂ်ပန္ဟာလည္း ယခုဆိုရင္ အေမရိကန္ႏွင့္ပူးေပါင္း၍ မဟာမိတ္စစ္တပ္အျဖစ္ ခ်ီတက္လာျပီ ျဖစ္သလို အကယ္၍မ်ား ေျမာက္ကိုးရီးယားက အေမရိကန္ကို တိုက္ရမည္ဆိုလွ်င္ ေတာင္ကိုးရီးယား ႏွင့္ ဂ်ပန္တို႕ကိုပါ တစ္ခ်ိန္တည္းမွာ တိုက္ခိုက္ရမည္ ျဖစ္သည္။

တရုတ္မွလည္း ကိုယ္က်ိဳးစီးပြားကာကြယ္ေရးအတြက္ အေမရိကန္ႏွင့္ပူးေပါင္းလိုက္ျပီး ေျမာက္ကိုးရီးယားႏွင့္ ခ်ဳပ္ဆိုထားေသာ ေက်ာက္မီးေသြးစာခ်ဳပ္ကို ဖ်က္သိမ္းလိုက္သျဖင့္ ေျမာက္ကိုးရီးယား၏ စီးပြားေရးကို ထိခိုက္ေစခဲ့သည္။ အဘယ့္ေၾကာင့္ ဆိုေသာ စစ္အသံုးစရိတ္အခ်ိဳ႕သည္ တရုတ္ႏွင့္ ခ်ဳပ္ဆိုထားေသာ ေက်ာက္မီးေသြးကုန္သြယ္ျခင္းမွ ရရွိေနျခင္း ျဖစ္သည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကလည္း စစ္ပြဲကို ရင္ဆိုင္ရန္ စိတ္ဓာတ္ျပင္းထန္လ်က္ရွိျပီး တရုတ္အေနႏွင့္ စစ္ပြဲတြင္ မဟာမိတ္အျဖစ္၀င္ကူပါက ပိုမိုေကာင္းမြန္မည္ ျဖစ္ျပီး အကယ္၍ မပါ၀င္ပါကလဲ အေမရိကန္ႏုိင္ငံတစ္ခုထဲႏွင့္ ေျမာက္ကိုးရီးယားကို စစ္ပြဲရင္ဆိုင္မည္ဟု Twitter တြင္ ေရးသားခဲ့သည္။ တရုတ္ သမၼတ ရွီက်င့္ပင္ သည္ ႏုိင္ငံ၏ အက်ိဳးစီးပြားမထိခိုက္ေရးအတြက္ အေမရိကန္ႏွင့္ ပူးေပါင္းလိုက္ျပီး ေျမာက္ကိုးရီးယားနယ္စပ္တြင္ တရုတ္စစ္သားေပါင္း တစ္သိန္းခြဲကို အဆင္သင့္အေနအထားအျဖစ္ ေစာင့္ၾကပ္ေစခဲ့သည္။

ေျမာက္ကိုးရီးယားမွလည္း စစ္ေၾကျငာလိုက္ျပီး ေျမာက္ကိုးရီးယားႏုိင္ငံသားမ်ားမွ အေမရိကန္အား စစ္ခင္းရန္ အထူး စစ္ေသြးၾကြလ်က္ရွိသည္။ ႏုိင္ငံေရးကြ်မ္းက်င္သူမ်ားကေတာ့ အေမရိကန္အေနျဖင့္ ေျမာက္ကိုးရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္းအား လုပ္ၾကံသတ္ျဖတ္မည့္နည္းလမ္းသံုးႏုိင္သလို ႏူကလိယားဒံုးက်ည္မ်ားအား ဖ်က္စီးမည့္ နည္းစနစ္မ်ားလည္း သံုးႏုိင္တယ္လို႕ ဆိုပါတယ္။

အကယ္၍မ်ား စစ္ပြဲသာျဖစ္ခဲ့ရင္ ေျမာက္ကိုးရီးယားဘက္မွ မဟာမိတ္အျဖစ္ ရုရွားလည္း ပါ၀င္ႏုိင္ဖြယ္ရွိျပီး ဆီးရီးယားႏွင့္ အီရန္တို႕ကပါ ထပ္မံအင္အားျဖည့္ႏုိင္ဖြယ္ရွိတယ္လို႕ ဆိုပါတယ္။ တရုတ္အေနနဲ႕ ေျမာက္ကိုးရီးယားကို သံတမန္နည္းလမး္အရ ညိွႏိႈင္းမည္ ျဖစ္ျပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကိုေတာ့ စိတ္မေလာဖို႕ ေမတၱာရပ္ခံထားပါတယ္။ ဒါေပမယ့္ လာမယ့္ စေနေန႕မွာ ဘာျဖစ္မလဲဆိုတာကိုေတာ့ စိတ္လႈပ္ရွားဖြယ္ရာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ အကယ္၍မ်ား တိုက္ပြဲသာစခဲ့ရင္ တတိယကမၻာစစ္ၾကီးစတင္ျပီလို႕ ဆိုႏုိင္ပါျပီ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: