Home Lifestyle မိမိနဲ့ လိုက်ဖက်တဲ့ အနီရောင်နှုတ်ခမ်းနီ အမျိုးအစား ဘယ်လိုရွေးချယ်မလဲ

မိမိနဲ့ လိုက်ဖက်တဲ့ အနီရောင်နှုတ်ခမ်းနီ အမျိုးအစား ဘယ်လိုရွေးချယ်မလဲ

0
မိမိနဲ့ လိုက်ဖက်တဲ့ အနီရောင်နှုတ်ခမ်းနီ အမျိုးအစား ဘယ်လိုရွေးချယ်မလဲ

ကိုးရီးယား ဇာတ်လမ်းတွဲတွေ ခေတ်စားပြီနောက်ပိုင်းမှာ မြန်မာမိန်းကလေးအများစုရဲ့ ဆင်ယင် ခြယ်သမှုတွေကလည်း ကိုးရီယားမင်းသမီးလေးတွေလို သဘာ၀ အသွေးအရောင်တွေ အတိုင်းသာ ပြင်ဆင်ခြယ်သလာကြပါတယ်။ တစ်ချိန်က နှုတ်ခမ်းနီဆိုရင် အနီရဲလေးကိုသာ နှုတ်ခမ်းသားပေါ်မှာ ဆိုးခဲ့ပေမဲ့ အခုတော့ သဘာဝနှုတ်ခမ်းရောင်အတိုင်းသာ ဆိုးလာတတ်ကြပါတယ်။ ဒါပေမဲ့ အနီရောင်နှုတ်ခမ်းလေးက စွဲမက်ဖွယ်နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်တယ်ဆိုတာကိုတော့ သင်ငြင်းမှာမဟုတ်ပါဘူး။

မိန်းကလေးအများစုက အနီရောင်နှုတ်ခမ်းနီဆိုးရမှာကို မဝံ့မရဲ ဖြစ်တတ်ကြပါတယ်။ အကြောင်းရင်းကတော့ အသားအရေနဲ့ မလိုက်ဖက်မှာကို စိုးရိမ်ပူပန်မိတာကြောင့်ပါ။ ဒါ့အပြင် ကိုယ်နဲ့လိုက်ဖက်တဲ့ အနီရောင်ကို မရွေးချယ်နိုင်တာကြောင့် အနီရောင်နှုတ်ခမ်းနီဆိုးဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးရတာကြောင့်ပါ။ သင့်အသားရေနဲ့ လိုက်ဖက်တဲ့ အနီရောင်နှုတ်ခမ်းနီကို ရွေးခြယ်နိုင်အောင် အနီရောင်မှာ အရောင်သုံးမျိုးရှိပြီး ဘယ်လိုအသားအရောင်မျိုးနဲ့ လိုက်ဖက်တယ်ဆိုတာကို ခိုင့်ရဲ့ စာဖတ်ပရိသတ် ညီအစ်မတွေ သိအောင် ရေးသားလိုက်ပါတယ်။

လိမ္မော်ရောင်သမ်းသော အနီရောင်

သင်ဟာ ဝင်းဝါတဲ့ အသားအရေကို ပိုင်ဆိုင်ခဲ့တယ်ဆိုရင် သင်နဲ့ လိုက်ဖက်တဲ့ အရောင်အနေနဲ့  လိမ္မော်ရောင်သမ်းတဲ့ အနီရောင်နှုတ်ခမ်းနီကို ရွေးချယ်ဝယ်ယူပါ။ ဝင်းဝါတဲ့ သင့်အသားအရောင်မှာ လိမ္မော်ရောင် အောက်ခံရှိနေတာကြောင့် လိမ္မော်ရောင်သမ်းတဲ့ အနီရောင် နှုတ်ခမ်းနီနဲ့ အသင့်တော်ဆုံးပါ။

orange-lip

အနီရောင်ရဲရဲ

နှုတ်ခမ်းနီ အနီရောင်ရဲရဲလေးဆိုးချင်ပေမဲ့လည်း သင့်အသားရောင်က သိပ်မဖြူလို့ စိတ်မညစ်နေပါနဲ့။ တကယ်တော့ အညိုရောင်ဘက်သမ်းတဲ့ သင့်အသားအရောင်မှာ အနီရောင်အောက်ခံရှိတာကြောင့် အနီရောင်ရဲရဲ နှုတ်ခမ်းနီနဲ့ လိုက်ဖက်ပါတယ်၊

red-lip

အနီရောင်ရင့်ရင့်

အညိုရောင်အသားအရေကို ပိုင်ဆိုင်ထားသူတွေရဲ့ သဘာဝနှုတ်ခမ်းသားအောက်ခံအရောင်က ခရမ်းရောင်ဖြစ်နေတာကြောင့် အနီရောင်ရင့်ရင့် နှုတ်ခမ်းနီက သင့်ကို စွဲဆောင်မှုပိုစေပါတယ်။

dark-red

Zawgyi Font : မိမိနဲ႕ လိုက္ဖက္တဲ့ အနီေရာင္ႏႈတ္ခမ္းနီ အမ်ိဳးအစား ဘယ္လိုေရြးခ်ယ္မလဲ

lipstick

ကိုးရီးယား ဇာတ္လမ္းတြဲေတြ ေခတ္စားျပီေနာက္ပိုင္းမွာ ျမန္မာမိန္းကေလးအမ်ားစုရဲ႕ ဆင္ယင္ ျခယ္သမႈေတြကလည္း ကိုးရီယားမင္းသမီးေလးေတြလို သဘာ၀ အေသြးအေရာင္ေတြ အတိုင္းသာ ျပင္ဆင္ျခယ္သလာၾကပါတယ္။ တစ္ခ်ိန္က ႏႈတ္ခမ္းနီဆိုရင္ အနီရဲေလးကိုသာ ႏႈတ္ခမ္းသားေပၚမွာ ဆိုးခဲ့ေပမဲ့ အခုေတာ့ သဘာ၀ႏႈတ္ခမ္းေရာင္အတိုင္းသာ ဆိုးလာတတ္ၾကပါတယ္။ ဒါေပမဲ့ အနီေရာင္ႏႈတ္ခမ္းေလးက စြဲမက္ဖြယ္ႏႈတ္ခမ္းတစ္စံုကို ပိုင္ဆိုင္ႏိုင္တယ္ဆိုတာကိုေတာ့ သင္ျငင္းမွာမဟုတ္ပါဘူး။

မိန္းကေလးအမ်ားစုက အနီေရာင္ႏႈတ္ခမ္းနီဆိုးရမွာကို မ၀ံ့မရဲ ျဖစ္တတ္ၾကပါတယ္။ အေၾကာင္းရင္းကေတာ့ အသားအေရနဲ႔ မလိုက္ဖက္မွာကို စိုးရိမ္ပူပန္မိတာေၾကာင့္ပါ။ ဒါ့အျပင္ ကိုယ္နဲ႔လိုက္ဖက္တဲ့ အနီေရာင္ကို မေရြးခ်ယ္ႏိုင္တာေၾကာင့္ အနီေရာင္ႏႈတ္ခမ္းနီဆိုးဖို႔ ကိုယ့္ကိုယ္ကို ယံုၾကည္မႈေပ်ာက္ဆံုးရတာေၾကာင့္ပါ။ သင့္အသားေရနဲ႔ လိုက္ဖက္တဲ့ အနီေရာင္ႏႈတ္ခမ္းနီကို ေရြးျခယ္ႏို္င္ေအာင္ အနီေရာင္မွာ အေရာင္သံုးမ်ိဳးရွိျပီး ဘယ္လိုအသားအေရာင္မ်ိဳးနဲ႔ လိုက္ဖက္တယ္ဆိုတာကို ခိုင့္ရဲ႔ စာဖတ္ပရိသတ္ ညီအစ္မေတြ သိေအာင္ ေရးသားလိုက္ပါတယ္။

လိေမၼာ္ေရာင္သမ္းေသာ အနီေရာင္

သင္ဟာ ၀င္း၀ါတဲ့ အသားအေရကို ပိုင္ဆိုင္ခဲ့တယ္ဆိုရင္ သင္နဲ႔ လိုက္ဖက္တဲ့ အေရာင္အေနနဲ႔  လိေမၼာ္ေရာင္သမ္းတဲ့ အနီေရာင္ႏႈတ္ခမ္းနီကို ေရြးခ်ယ္၀ယ္ယူပါ။ ၀င္း၀ါတဲ့ သင့္အသားအေရာင္မွာ လိေမၼာ္ေရာင္ ေအာက္ခံရွိေနတာေၾကာင့္ လိေမၼာ္ေရာင္သမ္းတဲ့ အနီေရာင္ ႏႈတ္ခမ္းနီနဲ႔ အသင့္ေတာ္ဆံုးပါ။

အနီေရာင္ရဲရဲ

ႏႈတ္ခမ္းနီ အနီေရာင္ရဲရဲေလးဆိုးခ်င္ေပမဲ့လည္း သင့္အသားေရာင္က သိပ္မျဖဴလို႔ စိတ္မညစ္ေနပါနဲ႔။ တကယ္ေတာ့ အညိဳေရာင္ဘက္သမ္းတဲ့ သင့္အသားအေရာင္မွာ အနီေရာင္ေအာက္ခံရွိတာေၾကာင့္ အနီေရာင္ရဲရဲ ႏႈတ္ခမ္းနီနဲ႔ လိုက္ဖက္ပါတယ္၊

အနီေရာင္ရင့္ရင့္

အညိဳေရာင္အသားအေရကို ပိုင္ဆိုင္ထားသူေတြရဲ႕ သဘာ၀ႏႈတ္ခမ္းသားေအာက္ခံအေရာင္က ခရမ္းေရာင္ျဖစ္ေနတာေၾကာင့္ အနီေရာင္ရင့္ရင့္ ႏႈတ္ခမ္းနီက သင့္ကို စြဲေဆာင္မႈပိုေစပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: