Home Lifestyle Food သင့်စိတ်တွေပျော်ရွှင်တက်ကြွဖို့ ဒါတွေကိုစားပါ

သင့်စိတ်တွေပျော်ရွှင်တက်ကြွဖို့ ဒါတွေကိုစားပါ

0
သင့်စိတ်တွေပျော်ရွှင်တက်ကြွဖို့ ဒါတွေကိုစားပါ

အစားအစာနဲ့ စိတ်ဓာတ် ပျော်ရွှင်တက်ကြွမှု ကလည်း ဆက်စပ်နေတယ် ဆိုပါလား။ သင့် စိတ်ထဲမှာတော့ ဒါတွေတကယ်ရော ဟုတ်မှဟုတ်ရဲ့လားလို့ တွေးကောင်းတွေးနိုင်ပါတယ်။ သင်စဉ်းစားကြည့်လိုက်ပါ။ တစ်ခါတစ်ရံမှာ သင်စားလိုက်တဲ့အစားအစာတစ်ခုဟာ စားတုန်းခံတွင်းတွေ့ပေမယ့် စားပြီးလို့ သိပ်မကြာခင် ထင်သလိုမဟုတ်တာတွေ၊ ဗိုက်သာဖေါင်းလာပြီး စိတ်ထဲမသိုးမသန့် တွေ့တာတွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့်သိပ္ပံနည်းကျ စနစ်တကျစူးစမ်းလေ့လာမှုတွေအရ တစ်ချို့အစားအစာတွေဟာ စားသူကို စိတ်ဓာတ်တက်ကြွရွှင်လန်းစေပြီး ပျော်ရွှင်မှုကို ခံစားရတယ်လို့ ဆိုပါတယ်။ ဆန်းသစ်မြန်မာပရိတ်သတ်တွေအတွက် ဒီအစားအစာတွေနဲ့ သိပ်ပြီး အလှမ်းမဝေးလှတာကြောင့် ရှာဖွေစုဆောင်းတင်ပြလိုက်ပါတယ်။

(၁) သဘာဝအတိုင်းရတဲ့ သစ်ကြားသီးနဲ့ သီဟိုဠ်စေ့ ( Raw Walnuts and Cashews)

နယူးယောက်မှ အာဟာရပညာရှင်လည်းဖြစ်ပြီး  ပိုနုတဲ့နောက်သီတင်းပတ် “Younger Next Week”စာအုပ်ထဲတွင် အစားအသောက်ပိုင်းဆိုင်ရာတွေရေးတဲ့ Elisa Zied ကတော့ သစ်ကြားသီး တစ်အောင်စ မှာ ပရိုတိန်း (၄) ဂရမ်ပါပြီး သွေးအတွင်းသကြားဓါတ်ကို ငြိမ်အောင်ထိမ်းပေးနိုင်တယ်။ ကိုယ်ခန္ဓာ လိုအပ်ချက်ကို ဖြည့်ပေးနိုင်တဲ့ အမျှင်ဓါတ်ကလည်း (၂) ဂရမ်ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်နဲ့ မီးစုန်းဓါတ် ဖေါ့စဖေါရပ်တို့ပါဝင်တဲ့ အရင်းအမြစ်ဖြစ်တယ်လိုဆို့ပါတယ်။ ကိုယ်ခန္ဓာမှာ မဂ္ဂနီဆီယမ်နည်းမယ်ဆိုရင် စိတ်ကျရောဂါဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ကိုလံဘီယာ တက္ကသိုလ်က ခွဲစိတ်ကုသမားတော်လည်းဖြစ်ပြီး ပျော်ရွှင်မှု အစားအစာ “The Happiness diet” ကို ရေသားခဲ့သူ ဒေါက်တာ Drew Ramsey က သစ်ကြားစေ့ဟာ ဆဲလ်တွေကို ကာကွယ်ပေးနိုင်တဲ့ ပဋိဇိဝပစည်းပါဝင်တဲ့အတွက် သွေးအတွင်းသကြားဓါတ်နဲ့ အင်ဆူလင်တို့ရဲ့ အတားအဆီးကို မဖြစ်စေဘူးလို့ဆိုပါတယ်။ အင်ဆူလင် အတားအဆီးဟာ ညနေပိုင်းတွေမှာ လူကို စိတ်လက်လျော့ကျစေတယ်လို့ဆိုပါတယ်။

Raw Walnuts

(၂)ကိုက်လံ (Kale)

မြန်မာတွေနဲ့အင်မတန်နီးစပ်တဲ့အစားအစာဖြစ်ပါတယ်။ ကိုက်လံတစ်ပွဲဟာဆိုရင် ဗီတာမင် အေ၊စီနဲ့ ဗီတာမင် ကေ တို့အပြင် မဂ္ဂနီဆီယမ် နဲ့ အမျှင်ဓါတ်တို့ များစွာပါဝင်တယ်လို့ ဒေါက်တာ Zied ကဆိုပါတယ်။ ဒါတင်မကပါဘူး။ Ramseyကလည်း အသက်ရှင်ရေးအတွက်အရေးပါတဲ့ ကြေးနီအပါအဝင် သတ္တု ဓာတ်တွေများစွာ ပါဝင်တယ်လို့ဆိုပါတယ်။

kale

(၃)ခရုကမာ( Oysters)

ခရုကမာတွေဟာ အံ့သြလောက်အောင် ကယ်လိုရီ နည်းပြီး အသားအရေရောင်ရမ်းခြင်းကိုကျစေတယ်လို့ မစားခင်ဒါကိုဖတ် ‘Read it Before You Eat it’ စာအုပ်ကိုရေးတဲ့ နယူးယောက်အာဟာရပညာရှင် Bonnie Taub-Dix ကဆိုပါတယ်။ဒါ့အပြင်နှလုံးအတွက်ကောင်းမွန်တာကြောင့် စားပြီးရင် သွေးလှည့်ပတ်မှုကို ကောင်းစေတယ်လို့ဆိုပါတယ်။ Taub-Dix က ခရုကမာဟင်းက ချစ်သူများနေ့ အတွက် ဟင်းကောင်းတမယ်လို့ဆိုပါတယ်။ Ramsey က  ခရုကမာမှာ ဇင့်ဓာတ်ပမာဏများစွာ ပါဝင်ပြီး တန်ဖိုးလျှော့တွက်လို့မရတဲ့ သတ္တုဓာတ်တွေနဲ့ ဗီတာမင်ဘီ၁၂ ပါဝင်တယ်လို့ဆိုပါတယ်။ ဇင့်က စိတ်ဖိစီးမှုကို လျှော့ကျစေပြီး ဦးနှောက်နဲ့မှတ်ဉာဏ်အတွက် ကောင်းစေတယ်လို့ဆိုပါတယ်။ Ramsey က ခရုကမာဟင်းဟာ ဦးနှောက်အတွက် ပြီးပြည့်စုံတဲ့ဟင်းလို့လည်းဆိုပါတယ်။

Oysters

(၄) ကော်ဖီ

လက်တွေ့ကျကျ စိတ်ခံစားမှုကိုမြှင့်တင်ပေးနိုင်တဲ့နေရာမှာ အံ့သြစရာကောင်းတဲ့ နောက်ထပ် အစားအသောက်တစ်ခုကတော့ ကော်ဖီပဲဖြစ်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က စိတ်အာရုံစူးစိုက်မှုနဲ့ စိတ်ဓာတ်တက်ကြွမှုကို ဖြစ်စေပါတယ်။ သာမန်အားဖြင့် ကော်ဖီတစ်ခွက်မှာ ကဖင်း၁၅၀ မီလီဂ၇မ်လောက်ပါတတ်တာမို့ တစ်နေ့ (၃)ခွက်လောက်အထိသောက်နိုင်တယ်လို့ TODAY ရဲ့ အာဟာရပိုင်းဆိုင်ရာအယ်ဒီတာ Madelyn Fernstrom ကဆိုပါတယ်။

coffee

(၅) အနက်ရောင် ချောကလက်

အနက်ရောင်ချောကလက်ဟာလည်း စိတ်ပိုင်းဆိုင်ရာကို လန်းဆန်းတက်ကြွစေတဲ့ အကောင်းဆုံး အစားအစာတွေထဲကတစ်ခုလို့ Ramsey ကဆိုပါတယ်။ စားပြီးရင်ချက်ချင်းပျော်ရွှင်မှုကို ရစေရုံသာမက အခြားအစာများထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုများတဲ့  Cacao လည်းများစွာပါဝင်တယ်လို့ဆိုပါတယ်။

chocolate

ကိုးကား။  ။ TODAY

Zawgyi Font : သင္႔စိတ္ေတြေပ်ာ္ရႊင္တက္ၾကြဖို႕ ဒါေတြကိုစားပါ

အစားအစာနဲ႔ စိတ္ဓာတ္ ေပ်ာ္ရႊင္တက္ၾကြမႈ ကလည္း ဆက္စပ္ေနတယ္ ဆိုပါလား။ သင့္ စိတ္ထဲမွာေတာ့ ဒါေတြတကယ္ေရာ ဟုတ္မွဟုတ္္ရဲ႕လားလို႔ ေတြးေကာင္းေတြးႏိုင္ပါတယ္။ သင္စဥ္းစားၾကည္႔လိုက္ပါ။ တစ္ခါတစ္ရံမွာ သင္စားလိုက္တဲ႕အစားအစာတစ္ခုဟာ စားတုန္းခံတြင္းေတြ႔ေပမယ့္ စားျပီးလို႔ သိပ္မၾကာခင္ ထင္သလိုမဟုတ္တာေတြ၊ ဗိုက္သာေဖါင္းလာျပီး စိတ္ထဲမသိုးမသန္႔ ေတြ႔တာေတြျဖစ္လာတတ္ပါတယ္။ ဒါေပမယ့္သိပၸံနည္းက် စနစ္တက်စူးစမ္းေလ႕လာမွဳေတြအရ တစ္ခ်ိဳ႕အစားအစာေတြဟာ စားသူကို စိတ္ဓာတ္တက္ၾကြရႊင္လန္းေစျပီး ေပ်ာ္ရႊင္မႈကို ခံစားရတယ္လို႔ ဆိုပါတယ္။ ဆန္းသစ္ျမန္မာပရိတ္သတ္ေတြအတြက္ ဒီအစားအစာေတြနဲ႔ သိပ္ျပီး အလွမ္းမေ၀းလွတာေၾကာင္႔ ရွာေဖြစုေဆာင္းတင္ျပလိုက္ပါတယ္။

(၁) သဘာ၀အတိုင္းရတဲ႔ သစ္ၾကားသီးနဲ႔ သီဟိုဠ္ေစ႔ ( Raw Walnuts and Cashews)

နယူးေယာက္မွ အာဟာရပညာရွင္လည္းျဖစ္ျပီး  ပိုႏုတဲ႔ေနာက္သီတင္းပတ္ “Younger Next Week”စာအုပ္ထဲတြင္ အစားအေသာက္ပိုင္းဆိုင္ရာေတြေရးတဲ့ Elisa Zied ကေတာ့ သစ္ၾကားသီး တစ္ေအာင္စ မွာ ပရိုတိန္း (၄) ဂရမ္ပါျပီး ေသြးအတြင္းသၾကားဓါတ္ကို ျငိမ္ေအာင္ထိမ္းေပးႏိုင္တယ္။ ကိုယ္ခႏၶာ လိုအပ္ခ်က္ကို ျဖည္႔ေပးႏိုင္တဲ့ အမွ်င္ဓါတ္ကလည္း (၂) ဂရမ္ပါ၀င္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ မဂၢနီဆီယမ္နဲ႔ မီးစုန္းဓါတ္ ေဖါ႔စေဖါရပ္တို႕ပါ၀င္တဲ့ အရင္းအျမစ္ျဖစ္တယ္လိုဆို႔ပါတယ္။ ကိုယ္ခႏၶာမွာ မဂၢနီဆီယမ္နည္းမယ္ဆိုရင္ စိတ္က်ေရာဂါျဖစ္ႏိုင္ေခ်ရွိတယ္လို႕ ဆိုပါတယ္။ ကိုလံဘီယာ တကၠသိုလ္က ခြဲစိတ္ကုသမားေတာ္လည္းျဖစ္ျပီး ေပ်ာ္ရႊင္မႈ အစားအစာ “The Happiness diet” ကို ေရသားခဲ႔သူ ေဒါက္တာ Drew Ramsey က သစ္ၾကားေစ႔ဟာ ဆဲလ္ေတြကို ကာကြယ္ေပးႏိုင္တဲ႔ ပဋိဇိ၀ပစည္းပါ၀င္တဲ႔အတြက္ ေသြးအတြင္းသၾကားဓါတ္နဲ႔ အင္ဆူလင္တို႔ရဲ႕ အတားအဆီးကို မျဖစ္ေစဘူးလို႔ဆိုပါတယ္။ အင္ဆူလင္ အတားအဆီးဟာ ညေနပိုင္းေတြမွာ လူကို စိတ္လက္ေလ်ာ႔က်ေစတယ္လို႔ဆိုပါတယ္။

(၂)ကိုက္လံ (Kale)

ျမန္မာေတြနဲ႔အင္မတန္နီးစပ္တဲ႔အစားအစာျဖစ္ပါတယ္။ ကိုက္လံတစ္ပြဲဟာဆိုရင္ ဗီတာမင္ ေအ၊စီနဲ႔ ဗီတာမင္ ေက တို႔အျပင္ မဂၢနီဆီယမ္ နဲ႔ အမွ်င္ဓါတ္တို႔ မ်ားစြာပါ၀င္တယ္လို႔ ေဒါက္တာ Zied ကဆိုပါတယ္။ ဒါတင္မကပါဘူး။ Ramseyကလည္း အသက္ရွင္ေရးအတြက္အေရးပါတဲ႔ ေၾကးနီအပါအ၀င္ သတၱဳ ဓာတ္ေတြမ်ားစြာ ပါ၀င္တယ္လို႔ဆိုပါတယ္။

(၃)ခရုကမာ( Oysters)

ခရုကမာေတြဟာ အံ႔ၾသေလာက္ေအာင္ ကယ္လိုရီ နည္းျပီး အသားအေရေရာင္ရမ္းျခင္းကိုက်ေစတယ္လို႔ မစားခင္ဒါကိုဖတ္ ‘Read it Before You Eat it’ စာအုပ္ကိုေရးတဲ႔ နယူးေယာက္အာဟာရပညာရွင္ Bonnie Taub-Dix ကဆိုပါတယ္။ဒါ႔အျပင္ႏွလံုးအတြက္ေကာင္းမြန္တာေၾကာင္႔ စားျပီးရင္ ေသြးလွည္႔ပတ္မွဳကို ေကာင္းေစတယ္လို႔ဆိုပါတယ္။ Taub-Dix က ခရုကမာဟင္းက ခ်စ္သူမ်ားေန႔ အတြက္ ဟင္းေကာင္းတမယ္လို႔ဆိုပါတယ္။ Ramsey က  ခရုကမာမွာ ဇင့္ဓာတ္ပမာဏမ်ားစြာ ပါ၀င္ျပီး တန္ဖိုးေလွ်ာ႔တြက္လို႔မရတဲ႔ သတၱဳဓာတ္ေတြနဲ႔ ဗီတာမင္ဘီ၁၂ ပါ၀င္တယ္လို႔ဆိုပါတယ္။ ဇင္႔က စိတ္ဖိစီးမႈကို ေလွ်ာ့က်ေစျပီး ဦးေႏွာက္နဲ႔မွတ္ဥာဏ္အတြက္ ေကာင္းေစတယ္လို႔ဆိုပါတယ္။ Ramsey က ခရုကမာဟင္းဟာ ဦးေႏွာက္အတြက္ ျပီးျပည္႔စံုတဲ႕ဟင္းလို႔လည္းဆိုပါတယ္။

(၄) ေကာ္ဖီ

လက္ေတြ႔က်က် စိတ္ခံစားမွဳကိုျမွင္႔တင္ေပးႏိုင္တဲ႔ေနရာမွာ အံ႔ၾသစရာေကာင္းတဲ႔ ေနာက္ထပ္ အစားအေသာက္တစ္ခုကေတာ့ ေကာ္ဖီပဲျဖစ္ပါတယ္။ ေကာ္ဖီမွာပါ၀င္တဲ႔ ကဖင္းဓာတ္က စိတ္အာရံုစူးစိုက္မႈနဲ႕ စိတ္ဓာတ္တက္ၾကြမႈကို ျဖစ္ေစပါတယ္။ သာမန္အားျဖင္႔ ေကာ္ဖီတစ္ခြက္မွာ ကဖင္း၁၅၀ မီလီဂ၇မ္ေလာက္ပါတတ္တာမို႔ တစ္ေန႔ (၃)ခြက္ေလာက္အထိေသာက္ႏိုင္တယ္လို႕ TODAY ရဲ႕ အာဟာရပိုင္းဆိုင္ရာအယ္ဒီတာ Madelyn Fernstrom ကဆိုပါတယ္။

(၅) အနက္ေရာင္ ေခ်ာကလက္

အနက္ေရာင္ေခ်ာကလက္ဟာလည္း စိတ္ပိုင္းဆိုင္ရာကို လန္းဆန္းတက္ၾကြေစတဲ႔ အေကာင္းဆံုး အစားအစာေတြထဲကတစ္ခုလို႔ Ramsey ကဆိုပါတယ္။ စားျပီးရင္ခ်က္ခ်င္းေပ်ာ္ရႊင္မွဳကို ရေစရံုသာမက အျခားအစာမ်ားထက္ ဓာတ္တိုးဆန္႔က်င္ပစၥည္းပါ၀င္မွဳမ်ားတဲ႔  Cacao လည္းမ်ားစြာပါ၀င္တယ္လို႔ဆိုပါတယ္။

ကိုးကား။  ။ TODAY

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: