Home Lifestyle Health မဟာသင်္ကြန်အတွင်းမှာ အသားအရည် မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

မဟာသင်္ကြန်အတွင်းမှာ အသားအရည် မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

0
မဟာသင်္ကြန်အတွင်းမှာ အသားအရည် မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

သင်္ကြန်ချစ်သူတွေ မျှော်လင့်စောင့်စားနေကြတဲ့ အတာသင်္ကြန်ပွဲကြီးကတော့ နီးကပ်လို့လာပါပြီ။ သင်္ကြန်တွင်းမှာ အလှဆုံး၊ အထင်ရှားဆုံးလည်း ဖြစ်ချင်ကြမှာပါ။ သင်္ကြန်တွင်း ဝတ်ဖို့ ဝတ်စုံတွေကလည်း ရွေးချယ်ပြီးလောက်ရာပေါ့။ အရေးကြီးတဲ့အချက်အနေနဲ့ သင်္ကြန်တွင်းနွှဲပျော်မဲ့သူတွေကို အသားအရေ ကျန်းမာလှပနေအောင် လိုက်နာသင့်တဲ့အချက်တွေကို ခိုင်က အကြံပြုချင်လို့ပါရှင့်။

နေရောင်ကာခရင်မ်လိမ်းပါ

သင်္ကြန်မှာ ရေစိုခံနေရောင်ကာခရင်မ်ကို မျက်နှာမှာတင်မက လည်ပင်း၊ လက် စတဲ့ အရေပြားနေရာတွေကိုပါ များများလိမ်းပေးပါ။ နေရောင်ကာခရင်မ်ဘူးကို ဆောင်ထားပြီး အချိန်နှစ်နာရီလောက်ကြာတိုင်းထပ်မံ လိမ်းပေးပါ။

sun-block

ဆေးလိပ်လုံးဝမသောက်ပါနဲ့

ခရမ်းလွန်ရောင်ခြည်ပြီးရင် အသားအရေအတွက် ဒုတိယအဆိုးဆုံးရန်သူကတော့ ဆေးလိပ်ပါ။ ဆေးလိပ်အလွန်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် မျက်နှာပြင်အရေးကြောင်း ဖြစ်နိုင်ခြေ ငါးဆပိုများသလို အရေပြားကင်ဆာဖြစ်နိုငခြေလည်း ပိုများပါတယ်။ ဆေးလိပ်သောက်တာက ဆံချည်မျှင်သွေးကြောတွေနဲ့ သွေးလွှတ်ကြောတွေကို ထိခိုက်စေပြီး အရေပြားဆီကို သွေးစီးဆင်းရောက်ရှိမှု လျော့ကျစေတာကြောင့်ပါ။ အချိန်ဆယ်မိနစ်လောက် ဆေးလိပ်သောက်ရုံနဲ့တင် အရေပြားဆီ အောက်ဆီဂျင်ပံ့ပိုးမှုက တစ်နာရီနီးပါးလျော့ကျသွားပါတယ်။ ဆေးလိပ်သောက်သူရဲ့ အရေပြားဟာ အနာကျက်နှေးတာကြောင့် ပလတ်စတစ်ဆာဂျရီလုပ်သူ ၄၀ရာခိုင်နှုန်းလောက်က ဆေးလိပ်သောက်သူတွေကို အသားအရေပြုပြင်ပေးလေ့ မရှိပါဘူး။

no-smoking

ရေများများသောက်ပါ

အစာစားချိန်မှာသာမက ကျန်တဲ့အချိန်တွေမှာပါ ရေများများသောက်ပါ။ သင်္ကြန်တွင်းမှာ အချမ်းပြေအောင်ဆိုပြီး အရက်သောက်မိရင် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်စေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို တတ်နိုင်သမျှ ထိန်းချုပ်ကာသောက်ပြီး ရေကို မကြာခဏသောက်ပေးပါ။ ညအိပ်ရာမဝင်ခင် သုံးနာရီအတွင်း အရက်မသောက်ပါနဲ့။ အဲ့ဒီအချိန်မှာ အရက်သောက်ရင် ဆံချည်မျှင်သွေးကြောတွေ စိမ့်ထွက်နိုင်တဲ့ အန္တရာယ်ရှိပြီး မျက်နှာကို ဖောသွပ်သွပ်ဖြစ်စေနိုင်တာကြောင့်ပါ။

water-drinking

ကောင်းမွန်စွာ အနားယူအိပ်စက်ပါ

တစ်နေ့လုံးသင်္ကြန်မှာ ပျော်ရွှင်ခဲ့ပြီးပြီဆိုရင် ညဘက်မှာ ကောင်းကောင်း အနားယူအိပ်စက်သင့်ပါတယ်။ အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်ဟာ အရေပြားတင်းရင်းစေတဲ့ ကော်လဂျင်နဲ့ ကီရာတင်တို့ကို အားသွင်ပေးနေတာကြောင့် အသားအရေကျန်းမာလှပစေပါတယ်။ အိပ်ရေးပျက်တာက အရေပြားကို နွမ်းနယ်စေပြီး မျက်ကွင်းညိုစေနိုင်ပါတယ်။ ဒါကြောင့် ရှစ်နာရီလောက်အချိန်ပေးကာ အနားယူအိပ်စက်ပါ။

sleep

နှိပ်နယ်ပါ

သင်္ကြန်အတွင်း ရေကစားပြီး အိမ်ပြန်ရောက်ချိန်မှာ အသက်၀၀ရှူသွင်းရင်း ရေနွေးကြမ်းသောက်ပါ။ မျက်နှာကို လက်ချောင်းထိပ်တွေနဲ့ ညင်သာစွာနှိပ်နယ်ပေးတာဟာ အရေပြားဆီကိုူ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ရောက်ရှိစေပြီး မကောင်းတဲ့ အဆိပ်တွေကို ထွက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတောက်ပတဲ့ အသားအရေ ရရှိအောင် နှိပ်နယ်ပေးပါ။

massage

Zawgyi Font : မဟာသၾကၤန္အတြင္းမွာ အသားအရည္ မပ်က္စီးေအာင္ ဘယ္လိုထိန္းသိမ္းမလဲ

သၾကၤန္ခ်စ္သူေတြ ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ အတာသၾကၤန္ပြဲၾကီးကေတာ့ နီးကပ္လို႔လာပါျပီ။ သၾကၤန္တြင္းမွာ အလွဆံုး၊ အထင္ရွားဆံုးလည္း ျဖစ္ခ်င္ၾကမွာပါ။ သၾကၤန္တြင္း ၀တ္ဖို႔ ၀တ္စံုေတြကလည္း ေရြးခ်ယ္ျပီးေလာက္ရာေပါ့။ အေရးၾကီးတဲ့အခ်က္အေနနဲ႔ သၾကၤန္တြင္းႏႊဲေပ်ာ္မဲ့သူေတြကို အသားအေရ က်န္းမာလွပေနေအာင္ လိုက္နာသင့္တဲ့အခ်က္ေတြကို ခိုင္က အၾကံျပဳခ်င္လို႔ပါရွင့္။

ေနေရာင္ကာခရင္မ္လိမ္းပါ

သၾကၤန္မွာ ေရစိုခံေနေရာင္ကာခရင္မ္ကို မ်က္ႏွာမွာတင္မက လည္ပင္း၊ လက္ စတဲ့ အေရျပားေနရာေတြကိုပါ မ်ားမ်ားလိမ္းေပးပါ။ ေနေရာင္ကာခရင္မ္ဘူးကို ေဆာင္ထားျပီး အခ်ိန္ႏွစ္နာရီေလာက္ၾကာတိုင္းထပ္မံ လိမ္းေပးပါ။

ေဆးလိပ္လံုး၀မေသာက္ပါနဲ႔

ခရမ္းလြန္ေရာင္ျခည္ျပီးရင္ အသားအေရအတြက္ ဒုတိယအဆိုးဆံုးရန္သူကေတာ့ ေဆးလိိပ္ပါ။ ေဆးလိပ္အလြန္ေသာက္သူေတြဟာ ေဆးလိပ္မေသာက္သူေတြထက္ မ်က္ႏွာျပင္အေရးေၾကာင္း ျဖစ္ႏိုင္ေျခ ငါးဆပိုမ်ားသလို အေရျပားကင္ဆာျဖစ္ႏို္ငေျခလည္း ပိုမ်ားပါတယ္။ ေဆးလိပ္ေသာက္တာက ဆံခ်ည္မွ်င္ေသြးေၾကာေတြနဲ႔ ေသြးလႊတ္ေၾကာေတြကို ထိခိုက္ေစျပီး အေရျပားဆီကို ေသြးစီးဆင္းေရာက္ရွိမႈ ေလ်ာ႔က်ေစတာေၾကာင့္ပါ။ အခ်ိန္ဆယ္မိနစ္ေလာက္ ေဆးလိ္ပ္ေသာက္ရံုနဲ႔တင္ အေရျပားဆီ ေအာက္ဆီဂ်င္ပ့ံပိုးမႈက တစ္နာရီနီးပါးေလ်ာ႔က်သြားပါတယ္။ ေဆးလိပ္ေသာက္သူရဲ႔ အေရျပားဟာ အနာက်က္ေႏွးတာေၾကာင့္ ပလတ္စတစ္ဆာဂ်ရီလုပ္သူ ၄၀ရာခိုင္ႏႈန္းေလာက္က ေဆးလိ္ပ္ေသာက္သူေတြကို အသားအေရျပဳျပင္ေပးေလ့ မရွိပါဘူး။

ေရမ်ားမ်ားေသာက္ပါ

အစာစားခ်ိန္မွာသာမက က်န္တဲ့အခ်ိန္ေတြမွာပါ ေရမ်ားမ်ားေသာက္ပါ။ သၾကၤန္တြင္းမွာ အခ်မ္းေျပေအာင္ဆိုျပီး အရက္ေသာက္မိရင္ ခႏၶာကိုယ္မွာ ေရဓာတ္ခမ္းေျခာက္ေစႏို္င္ပါတယ္။ ဒါေၾကာင့္ အရက္ကို တတ္ႏိုင္သမွ် ထိန္းခ်ဳပ္ကာေသာက္ျပီး ေရကို မၾကာခဏေသာက္ေပးပါ။ ညအိပ္ရာမ၀င္ခင္ သံုးနာရီအတြင္း အရက္မေသာက္ပါနဲ႔။ အဲ့ဒီအခ်ိန္မွာ အရက္ေသာက္ရင္ ဆံခ်ည္မွ်င္ေသြးေၾကာေတြ စိမ့္ထြက္ႏိုင္တဲ့ အႏၱရာယ္ရွိျပီး မ်က္ႏွာကို ေဖာသြပ္သြပ္ျဖစ္ေစႏိုင္တာေၾကာင့္ပါ။

ေကာင္းမြန္စြာ အနားယူအိပ္စက္ပါ

တစ္ေန႔လံုးသၾကၤန္မွာ ေပ်ာ္ရႊင္ခဲ့ျပီးျပီဆိုရင္ ညဘက္မွာ ေကာင္းေကာင္း အနားယူအိပ္စက္သင့္ပါတယ္။ အိပ္စက္ေနခ်ိန္မွာ ခႏၶာကိုယ္ဟာ အေရျပားတင္းရင္းေစတဲ့ ေကာ္လဂ်င္နဲ႔ ကီရာတင္တို႔ကို အားသြင္ေပးေနတာေၾကာင့္ အသားအေရက်န္းမာလွပေစပါတယ္။ အိပ္ေရးပ်က္တာက အေရျပားကို ႏြမ္းနယ္ေစျပီး မ်က္ကြင္းညိဳေစႏိုင္ပါတယ္။ ဒါေၾကာင့္ ရွစ္နာရီေလာက္အခ်ိန္ေပးကာ အနားယူအိပ္စက္ပါ။

ႏွိပ္နယ္ပါ

သၾကၤန္အတြင္း ေရကစားျပီး အိမ္ျပန္ေရာက္ခ်ိန္မွာ အသက္၀၀ရွဴသြင္းရင္း ေရေႏြးၾကမ္းေသာက္ပါ။ မ်က္ႏွာကို လက္ေခ်ာင္းထိပ္ေတြနဲ႔ ညင္သာစြာႏွိပ္နယ္ေပးတာဟာ အေရျပားဆီကိုူ ေအာက္ဆီဂ်င္နဲ႔ အာဟာရဓာတ္ေတြ ေရာက္ရွိေစျပီး မေကာင္းတဲ့ အဆိပ္ေတြကို ထြက္သြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ က်န္းမာေတာက္ပတဲ့ အသားအေရ ရရွိေအာင္ ႏွိပ္နယ္ေပးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: