Home News မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်အဖြစ် အစားထိုးမည်

မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်အဖြစ် အစားထိုးမည်

0
မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်အဖြစ် အစားထိုးမည်

မူးယစ်ဆေးဝါး ဥပဒေအသစ်အရ မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်အဖြစ် အစားထိုး ချမှတ်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းမှ  သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ခေတ်ကာလနဲ့ ကိုက်ညီမှု မရှိတော့တဲ့အတွက် ထောင်ဒဏ်အစား လူမှုရေး ပြစ်ဒဏ်အဖြစ် ပြောင်းလဲတာ လို့ဆိုပါတယ်။

မူးယစ်ဗဟိုအဖွဲ့နှင့် ဆက်စပ်ဝန်ကြီးဌာန ၈ ခု၊ မူးယစ်ဗဟိုအဖွဲ့အောက်ရှိ လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အဖွဲ့၊ ပြည်တွင်းတွင် ရှိသောအစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ အကြံပြုချက်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နိုင်ငံတော်သမ္မတရုံးတို့မှ အကြံပြုချက်များတောင်းခံထားပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီမှ စစ်ဆေးဆောင်ရွက်ပြီးစီးကြောင်းသိရှိရသည်။ လက်ရှိတွင် လွှတ်တော်၌ ဆွေးနွေးအတည်ပြုမည့် အခြေအနေတစ်ရပ်သာ လျှင် ကျန်ရှိကြောင်းသိရှိရသည်။

ပြင်ဆင်ထားသည့် လူမှုရေးပြစ်ဒဏ်မှာ လမ်းပြင်ခြင်း၊ မြောင်းဖောက်ခြင်း၊ အိမ်သာတူးခြင်း စသည့် အများပြည်သူအကျိုးရှိစေသော လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခိုင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Font : မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်အဖြစ် အစားထိုးမည်




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: