Home Lifestyle Health သွားပိုးစားခြင်းက ကူးစက်တတ်သလား?

သွားပိုးစားခြင်းက ကူးစက်တတ်သလား?

0
သွားပိုးစားခြင်းက ကူးစက်တတ်သလား?

သွားပိုးစားခြင်းဆိုတာက သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်ရတာဖြစ်ပြီး နောက်ဆုံးစားကြွင်းစားကျန်တွေက သွားတွေမှာ ကပ်ငြိကာ ပေါက်ဖွားတတ်ပါတယ်။ ဒီဘက်တီးရီးယားတွေက အက်ဆစ်တွေကို ထွက်စေပြီး သွားတွေကို တိုက်စားစေပါတယ်။

သွားပိုးစားတဲ့ မိဘကနေ ကလေးငယ်ဆီ အစာတွေကို ကြိတ်ဝါးကျွေးရာကတဆင့် ၊ အစားအစာပူ၊ မပူ အရင် မြည်းငုံကျွေးရာက တဆင့် သွားပိုးစားတဲ့ ဘက်တီးရီးယားပိုးတွေ ကူးစက်စေနိုင်ကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ဒါ့အပြင် ဘဝအဖော်တွေဟာ တစ်ယောက်နဲ့တစ်ယောက် နမ်းရှုပ်ရာကနေလည်း သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေ ကူးစက်စေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

လေ့လာမှုတစ်ရပ်အရ အရင်တုန်းက တစ်ခါမှ သွားပိုးစားခြင်းမရှိခဲ့ဖူးတဲ့ အသက် ၄၀အရွယ်အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်သွားပြီး သွားပိုးစားရောဂါရခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကျန်းမာရေးကောင်းအောင် တစ်နေ့မှာ အနည်းဆုံးနှစ်ကြိမ် သွားတိုက်ဖို့နဲ့ သွားပွတ်ကြိုးသုံးဖို့ လိုအပ်ပါတယ်။ သင့်အဖော်ဆီကလည်း သွားပိုးစားတဲ့ ဘက်တီးရီးယားပိုး ကူးစက်မခံရအောင် သင့်အဖော်ကိုလည်း သွားကျန်းမာရေးကို ဂရုစိုက်ဖို့ တိုက်တွန်းပေးပါ။

Zawgyi Font : သွားပိုးစားခြင်းက ကူးစက်တတ်သလား?

Flossing-teeth




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: