Home News နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော်လည်း အိမ်အပြန်လမ်းခြောက်ကပ်ခဲ့တဲ့ ကမ္ဘာ့စစ်တုရင် ချန်ပီယံ ဝင်းထွန်း

နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော်လည်း အိမ်အပြန်လမ်းခြောက်ကပ်ခဲ့တဲ့ ကမ္ဘာ့စစ်တုရင် ချန်ပီယံ ဝင်းထွန်း

0
နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော်လည်း အိမ်အပြန်လမ်းခြောက်ကပ်ခဲ့တဲ့ ကမ္ဘာ့စစ်တုရင် ချန်ပီယံ ဝင်းထွန်း

ဧပြီ ၁ ရက်နေ့မှ ဧပြီ ၈ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အပျော်တမ်းစစ်တုရင် ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား ဝင်းထွန်းဟာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါပြီ။ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ချန်ပီယံပေါင်း ၆၄ ယောက်ကို ကျော်ဖြတ်ကာ ကမ္ဘာ့ချန်ပီယံအဖြစ် မှတ်တမ်းတင်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့စစ်တုရင်ချန်ပီယံ အဖြစ်လည်း သမိုင်းတင်ခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း ကိုဝင်းထွန်းရဲ့ အပြန်ခရီးကတော့ ခြောက်ကပ်နေတယ်လို့ ဆိုရပါမှာ။ ချန်ပီယံ ဝင်းထွန်းကို လေဆိပ်မှာ မိသားစုနဲ့ သက်ဆိုင်ရာတာဝန်ရှိသူ အနည်းငယ်ကလွဲရင် လာရောက်ကြိုဆိုသူ မရှိခဲ့ပါဘူး။ ဒါ့အပြင် ကိုဝင်းထွန်းအနေနဲ့ ချန်ပီယံ ဖြစ်သွားတာကို မီဒီယာများတွင်လည်း တစ်ခမ်းတစ်နားဖော်ပြခြင်းမရှိသလို ဒီသတင်းကို လုံးဝမသိသူများလည်း ရှိနေပါတယ်။ လက်ရှိမှာလည်း ဝေဖန်မှုများစွာ မြင့်တက်လျက်ရှိပါတယ်။

Zawgyi Font :  နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော်လည်း အိမ်အပြန်လမ်းခြောက်ကပ်ခဲ့တဲ့ ကမ္ဘာ့စစ်တုရင် ချန်ပီယံ ၀င်းထွန်း



LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: