Home Knowledge လာမယ့် ၂၀၃၅ မှာ ဘယ်ဘာသာက အများဆုံးဖြစ်လာမလဲ

လာမယ့် ၂၀၃၅ မှာ ဘယ်ဘာသာက အများဆုံးဖြစ်လာမလဲ

0
လာမယ့် ၂၀၃၅ မှာ ဘယ်ဘာသာက အများဆုံးဖြစ်လာမလဲ

၂၀၁၇ ခုနှစ် ဧပြီလ (၆)ရက်နေ့ထုတ် The Telegraph သတင်းစာကြီးမှာ ဆောင်းပါးရှင် Ruth Sherlock က ကမ္ဘာ့လူသားတွေ စိတ်ဝင်စားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။ အဲ့ဒါကတော့  လာမယ့် ၂၀၃၅ ရောက်ရင်တော့ မူစလင်မိခင်တွေရဲ့ မွေးနှုန်းက ယခုလက်ရှိအသာစီးရနေတဲ့ ခရစ်ယာန်တွေရဲ့ မွေးနှုန်းကို ကျော်တက်သွားလိမ့်မယ် ဆိုတဲ့အကြောင်းပါ။ အခုလက်ရှိမှာတောင် IS တွေ၊အစ္စလာန်စစ်သွေးကြွတွေကြောင့် စစ်မီးတွေတောက်လောင်နေရတယ်ဆိုရင် နောင် ၂၀၃၅ ကျော်သွားရင် ကမ္ဘာကြီး မှာ သွေးချောင်းစီးမှုတွေ ပိုဖြစ်လာလေမလား ဆိုတာကတော့ အတော့်ကို ရင်လေးစရာဖြစ်ပါတယ်။

Pew Research Centre ရဲ့ လေ့လာစူးစမ်းမှု အသစ်ထုတ်ပြန်ချက်အရ လာမယ့် ဆယ်စုနှစ်တွေကစပြီး ၂၀၃၅ ခုနှစ်အရောက်မှာ မူစလင်အမျိုးသမီးတွေရဲ့ မွေးဖွားနှုန်းက ပိုများလာပြီး ခရစ်ယာန်တွေကို ကျော်သွားမယ်လို့ဆိုပါတယ်။ လေ့လာမှုတွေအရ လက်ရှိကမ္ဘာ့လူဦးရေ ၇.၃ ဘီလီယမ်ရဲ့ သုံးပုံတစ်ပုံဟာ ခရစ်ယာန်တွေဖြစ်ကြပြီး ၁.၈ ဘီလီယမ်ကတော့ အစ္စလန်ဘာသာဝင်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။

The-Religion-of-Islam

ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းတွေထဲမှာ လက်ရှိခရစ်ယာန်လူဦးရေက သက်ကြီးရွယ်အိုပိုင်းတွေများနေပြီး သေဆုံးနှုန်းက မွေးဖွားနှုန်းထက် ပိုများနေခြင်းလည်း တစ်ခုအပါအဝင်ဖြစ်နေပါတယ်။ ၂၀၁၀ က ၁၀၁၅ ကြားကာလမှာ ဂျာမနီ နိုင်ငံတစ်ခုတည်းမှာပင် သေဆုံးသူက မွေးဖွားတာထက် ၁.၄ သန်းပိုတယ်လို့ လေ့လာမှုကဆိုပါတယ်။ တစ်ဘက်မှာလည်း လက်ရှိမူစလင်တွေထဲမှာ ငယ်ရွယ်ပြီး မွေးနိုင်ဖွားနိုင်သူတွေဦးရေ ကလည်းများနေတယ်လို့ဆိုပါတယ်။ ၂၀၆၀ ခုနှစ်အရောက်မှာတော့ အစ္စလာန်ဘာသာဝင်တွေရဲ့ ၂၇% ဟာ sub-Saharan Africa လို့ခေါ်တဲ့ ဆာဟာရသဲကန္ဒာရတောင်ပိုင်းက အာဖရိကဒေသတွေမှာ နေထိုင်ကြလိမ့်မယ်လို့ဆိုပါတယ်။

လက်ရှိ၂၀၁၅ ခုနှစ်ထိတော့ အဲ့ဒီမှာ ၁၆%သာရှိပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာတော့ လက်ရှိပုံမှန်အတိုင်း၂၀% ပဲဆက်လက်ရှိနေမယ်လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။ လာမယ့်၂၀၆၀ မှာတော့ ဒီဘာသာကြီးနှစ်ခုကပဲ ကမ္ဘ့ာလူဦးရေအများစုကို ပိုင်ဆိုင်ကြမှာဖြစ်ပြီး ဘာသာမဲ့တွေလည်း လျော့နည်းကျဆင်းသွားမယ်လို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဘယ်ဘာသာအယူဝါဒကိုမှ မယုံကြည် မကိုးကွယ်သူဦးရေက ၁၆% ရှိပြီး ၂၀၁၀ နဲ့ ၂၀၁၅ ကြားမှာတော့ မွေးဖွားလာသူက ၁၀%ပဲရှိပါတယ်။

religion-christ

လာမယ့်၂၀၅၅ ကနေ ၂၀၆၀ အတွင်းမှာတော့ ဘာသာမဲ့တွေရဲ့ မွေးဖွားနှုန်းဟာ ၉%သို့ ကျဆင်းသွားမယ်လို့ဆိုပါတယ်။ ဘယ်ဘာသာအယူဝါဒကိုပဲကိုးကွယ်ပါစေ၊ လူတွေရှိနေသမျှကတော့ ဒီကမ္ဘာကြီးမှာ ပြသနာတွေရှိနေမှာမလွဲပါဘူး။ မီးများရင်မီးနိုင်၊ ရေများရင်ရေနိုင်ဆိုသလိုပါပဲ။ ခုချိန်ထိတော့ မီးတွေတောက်လောင်နေဆဲပါ။ ရေဖြန်းသူတွေကလည်းဖြန်းနေကြဆဲပါ။ တစ်ချို့ကလည်း လေတွေပင့်နေလေရဲ့။ မငြိမ်းချမ်းတဲ့ ကမ္ဘာကြီးပေါ်က လူသားတစ်ယောက်အနေနဲ့ ငြိမ်းချမ်းပါစေဆိုတာကို တော့ မဝံ့မရဲနဲ့ဆုတောင်းလိုက်ချင်ပါရဲ့။ ကမ္ဘာကြီးငြိမ်းချမ်းပါစေ။

ကိုးကား။      ။ The Telegraph

Zawgyi Font: လာမယ့္ ၂၀၃၅ မွာ ဘယ္ဘာသာက အမ်ားဆံုးျဖစ္လာမလဲ

၂၀၁၇ ခုႏွစ္ ဧျပီလ (၆)ရက္ေန႔ထုတ္ The Telegraph သတင္းစာၾကီးမွာ ေဆာင္းပါးရွင္ Ruth Sherlock က ကမာၻ႕လူသားေတြ စိတ္၀င္စားတဲ့ သတင္းေဆာင္းပါးတစ္ပုဒ္ကို ေရးသားခဲ႔ပါတယ္။ အဲ့ဒါကေတာ႔  လာမယ္႕ ၂၀၃၅ ေရာက္ရင္ေတာ႔ မူစလင္မိခင္ေတြရဲ႕ ေမြးႏွဳန္းက ယခုလက္ရွိအသာစီးရေနတဲ႔ ခရစ္ယာန္ေတြရဲ႕ ေမြးႏွဳန္းကို ေက်ာ္တက္သြားလိမ္႔မယ္ ဆိုတဲ႔အေၾကာင္းပါ။ အခုလက္ရွိမွာေတာင္ IS ေတြ၊အစၥလာန္စစ္ေသြးၾကြေတြေၾကာင္႔ စစ္မီးေတြေတာက္ေလာင္ေနရတယ္ဆိုရင္ ေနာင္ ၂၀၃၅ ေက်ာ္သြားရင္ ကမၻာၾကီး မွာ ေသြးေခ်ာင္းစီးမႈေတြ ပိုျဖစ္လာေလမလား ဆိုတာကေတာ႔ အေတာ့္ကို ရင္ေလးစရာျဖစ္ပါတယ္။

Pew Research Centre ရဲ႕ ေလ့လာစူးစမ္းမႈ အသစ္ထုတ္ျပန္ခ်က္အရ လာမယ္႔ ဆယ္စုႏွစ္ေတြကစျပီး ၂၀၃၅ ခုႏွစ္အေရာက္မွာ မူစလင္အမ်ိဳးသမီးေတြရဲ႕ ေမြးဖြားႏႈန္းက ပိုမ်ားလာျပီး ခရစ္ယာန္ေတြကို ေက်ာ္သြားမယ္လို႔ဆိုပါတယ္။ ေလ႔လာမႈေတြအရ လက္ရွိကမၻာ႔လူဦးေရ ၇.၃ ဘီလီယမ္ရဲ႕ သံုးပံုတစ္ပံုဟာ ခရစ္ယာန္ေတြျဖစ္ၾကျပီး ၁.၈ ဘီလီယမ္ကေတာ႔ အစၥလန္ဘာသာ၀င္ေတြျဖစ္ၾကတယ္လို႔ဆိုပါတယ္။

The-Religion-of-Islam

ဒီလိုျဖစ္လာရတဲ့ အေၾကာင္းရင္းေတြထဲမွာ လက္ရွိခရစ္ယာန္လူဦးေရက သက္ၾကီးရြယ္အိုပိုင္းေတြမ်ားေနျပီး ေသဆံုးႏႈန္းက ေမြးဖြားႏႈန္းထက္ ပိုမ်ားေနျခင္းလည္း တစ္ခုအပါအ၀င္ျဖစ္ေနပါတယ္။ ၂၀၁၀ က ၁၀၁၅ ၾကားကာလမွာ ဂ်ာမနီ ႏိုင္ငံတစ္ခုတည္းမွာပင္ ေသဆံုးသူက ေမြးဖြားတာထက္ ၁.၄ သန္းပိုတယ္လို႔ ေလ႔လာမွဳကဆိုပါတယ္။ တစ္ဘက္မွာလည္း လက္ရွိမူစလင္ေတြထဲမွာ ငယ္ရြယ္ျပီး ေမြးႏိုင္ဖြားႏိုင္သူေတြဦးေရ ကလည္းမ်ားေနတယ္လို႔ဆိုပါတယ္။ ၂၀၆၀ ခုႏွစ္အေရာက္မွာေတာ့ အစၥလာန္ဘာသာ၀င္ေတြရဲ႕ ၂၇% ဟာ sub-Saharan Africa လို႔ေခၚတဲ႔ ဆာဟာရသဲကႏၵာရေတာင္ပိုင္းက အာဖရိကေဒသေတြမွာ ေနထိုင္ၾကလိမ္႔မယ္လို႔ဆိုပါတယ္။

လက္ရွိ၂၀၁၅ ခုႏွစ္ထိေတာ႔ အဲ့ဒီမွာ ၁၆%သာရွိပါတယ္။ အေရွ႕အလယ္ပိုင္းနဲ႕ အာဖရိက ေျမာက္ပိုင္းမွာေတာ႔ လက္ရွိပံုမွန္အတိုင္း၂၀% ပဲဆက္လက္ရွိေနမယ္လို႕ ေမွ်ာ္လင္႔ရတယ္လို႔ ဆိုပါတယ္။ လာမယ့္၂၀၆၀ မွာေတာ႔ ဒီဘာသာၾကီးႏွစ္ခုကပဲ ကမၻ့ာလူဦးေရအမ်ားစုကို ပိုင္ဆိုင္ၾကမွာျဖစ္ျပီး ဘာသာမဲ႔ေတြလည္း ေလ်ာ႔နည္းက်ဆင္းသြားမယ္လို႔ဆိုပါတယ္။ လက္ရွိအခ်ိန္မွာေတာ႔ ဘယ္ဘာသာအယူ၀ါဒကိုမွ မယံုၾကည္ မကိုးကြယ္သူဦးေရက ၁၆% ရွိျပီး ၂၀၁၀ နဲ႔ ၂၀၁၅ ၾကားမွာေတာ႔ ေမြးဖြားလာသူက ၁၀%ပဲရွိပါတယ္။

religion-christ

လာမယ္႔၂၀၅၅ ကေန ၂၀၆၀ အတြင္းမွာေတာ႔ ဘာသာမဲ႔ေတြရဲ႕ ေမြးဖြားႏႈန္းဟာ ၉%သို႔ က်ဆင္းသြားမယ္လို႔ဆိုပါတယ္။ ဘယ္ဘာသာအယူ၀ါဒကိုပဲကိုးကြယ္ပါေစ၊ လူေတြရွိေနသမွ်ကေတာ႔ ဒီကမၻာၾကီးမွာ ျပသနာေတြရွိေနမွာမလြဲပါဘူး။ မီးမ်ားရင္မီးႏိုင္၊ ေရမ်ားရင္ေရႏိုင္ဆိုသလိုပါပဲ။ ခုခ်ိန္ထိေတာ႔ မီးေတြေတာက္ေလာင္ေနဆဲပါ။ ေရျဖန္းသူေတြကလည္းျဖန္းေနၾကဆဲပါ။ တစ္ခ်ိဳ႕ကလည္း ေလေတြပင္႔ေနေလရဲ႕။ မျငိမ္းခ်မ္းတဲ႔ ကမၻာၾကီးေပၚက လူသားတစ္ေယာက္အေနနဲ႔ ျငိမ္းခ်မ္းပါေစဆိုတာကို ေတာ့ မ၀ံ႕မရဲနဲ႕ဆုေတာင္းလိုက္ခ်င္ပါရဲ႕။ ကမၻာၾကီးျငိမ္းခ်မ္းပါေစ။

ကိုးကား။      ။ The Telegraph

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: