Home Knowledge Inspiration ကျောင်းဆရာကို ဘုရင်လို ထားတဲ့နိုင်ငံ

ကျောင်းဆရာကို ဘုရင်လို ထားတဲ့နိုင်ငံ

0
ကျောင်းဆရာကို ဘုရင်လို ထားတဲ့နိုင်ငံ

မြန်မာမှု နယ်ပယ်မှာတော့ ဆရာဆိုတာကို အနန္ဒငါးဖြာထဲမှာထားပြီး ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားတတ်ကြတယ်လို့ဆိုကြပါတယ်။ အားလုံးရဲ့ဘဝမှာ ပထမဆုံး တွေ့ကြုံရတဲ့ ဆရာဆိုတဲ့ လူသားတစ်ယောက်ကတော့ ကျောင်းဆရာပဲဖြစ်ပါတယ်။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာဆိုပြီး ဆရာတို့ရဲ့ တာဝန်ကိုလည်း တိတိကျကျ သတ်မှတ်ဖေါ်ညွှန်းထားပါတယ်။

မြန်မာမှု လူ့ဘောင်မှာ ကျောင်းဆရာတို့ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဝမ်းနည်းစရာကောင်းလှတဲ့အဖြစ်တွေလည်းရှိနေပြန်ပါတယ်။ ဝမ်းနည်းစရာကောင်းတယ်ဆိုတာကတော့ နှစ်ပေါင်းများစွာကြုံလာခဲ့ရတဲ့ တိုင်းပြည်ရဲ့စီမံခန့်ခွဲမှု အလွဲတွေကြောင့် ဝင်ငွေနည်း၊ လစာနည်းပြီး ဆင်းရဲစွာနဲ့ဘဝကို ဖြတ်သန်းကြရခြင်းပဲဖြစ်ပါတယ်။

Teacher-Salary-pay

နိုင်ငံ့ဝန်ထမ်း အတူတူမှာ ကျောင်းဆရာတွေကပဲ အနစ်နာခံရမယ်ဆိုပြီး လူကြီးတွေကအစ တတွင်တွင် ပြောနေခဲ့တဲ့ နိုင်ငံလည်းဖြစ်သလို တစ်ပြားမှမရှိပါဘူးဆိုတာလည်း ခဏခဏထုတ်ပြောနေခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ နောက်ဆုံးတော့ ဖေါင်တိန်ကျိုးလောက်သာကိုင်နိုင်တဲ့ဘဝမို့လို့ ဘယ်သမီးရှင်ကမှလည်း ထယ်ထယ်ဝါဝါနဲ့ သမက်မတော်ချင်ကြတဲ့အတွက် ခေတ်အဆက်ဆက်သတင်းစာတွေရဲ့  ထိမ်းမင်္ဂလာ လက်ထပ်ကြော်ငြာထဲက သတိုးသားနေရာမှာ  ဘယ်ကျောင်းဆရာမှ ပါလာတာလည်းမတွေ့ခဲ့ဖူးပါဘူး ။ ရှိခဲ့ရင်တော့ ဒီဆရာကို ကံထူးရှင်လို့ပဲဆိုရမှာပါ။

ဒီလိုပါပဲ ရာစုနှစ်ပေါင်း တစ်ဝက်လောက်မှာ ဆရာဘဝဟာမြင့်မြတ်တယ်လို့လူရှေ့သူရှေ့မှာ ပြောတတ်ကြပေမယ့် ဘယ်လူကြီးသားသမီးတွေကမှ ကျောင်းဆရာဆိုတဲ့ ဒီအလုပ်ကို ဂုဏ်ယူစွာနဲ့ ရွေးချယ်လုပ်ကိုင်ခဲ့ကြတယ်ဆိုတာ မကြားဖူးခဲ့ပါဘူး။ ပိုဝမ်းနည်းစရာကောင်းတာက ခိုးနည်းဝှက်နည်းလည်းမတတ်၊ ခိုးစရာလည်း မယ်မယ်ရရဘာမှ မရှိတဲ့ဆရာတွေက ဘာခိုးနည်းမှလည်း မသင်ပေးလိုက်ပေမယ့် သူတို့သင်ပေးလိုက်တဲ့ တပည့်တွေက နိုင်ငံဝန်ထမ်းဖြစ်လာပြီဆိုရင်တော့ အများစုဟာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေကို ရနိုင်သလောက်ခိုးယူပြီး ကိုယ်ကျိုးစီးပွားတွေကို တည်ဆောက်ရင်းနဲ့ တိုင်းပြည်က တဖြည်းဖြည်း ဆင်းရဲတွင်း နက်လာခဲ့တာပါပဲ။ ဘယ်သူ့ကိုမှ လက်ညှိုးထိုးအပြစ်ပြောနေတာမဟုတ်ပါဘူး။ အားလုံးက နိုင်ငံရေးစနစ်ရဲ့သားကောင်တွေပါပဲ။

ဆရာတွေဟာ မြင့်မြတ်တဲ့ လူသားတစ်ယောက်ဖြစ်သလို၊ ကျေးဇူးကြီးလှတဲ့ ဒီဆရာတွေ အပေါ် တန်ဖိုးထားရကောင်းမှန်းမသိတဲ့ ဒီနိုင်ငံ ဒီလောက်ဆင်းရဲနေရတာလည်း သိပ်တော့ မထူးဆန်းလှပါဘူး။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရတာလည်း သိပ်တော့ မသက်သာလှတဲ့အတွက်  ဒီလောက်ဆိုရင်တော့ ဆရာကို ဘုရားနဲ့တစ်ဂိုဏ်းတည်းထားတဲ့ ယဉ်ကျေးသိမ်မွေ့တဲ့နိုင်ငံတစ်နိုင်ငံက ဆရာတွေရဲ့ ဘဝကိုမြင်တတ်မှာပါ။ကဲ ဒါဆို ကမ္ဘာပေါ်မှာ ဆရာဆိုတဲ့သူတော်မြတ်ကို ဘုရင်တမျှ တန်ဖိုးထားတဲ့ နိုင်ငံတွေလည်းရှိတယ်ဆိုရင် လွန်တယ်လို့မထင်ပါနဲ့ခင်ဗျာ။

အဲ့ဒီနိုင်ငံလေးကတော့ ဥရောပအနောက်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံလေးတစ်နိုင်ငံဖြစ်တဲ့ Luxembourg ဆိုတဲ့နိုင်ငံလေးဖြစ်ပါတယ်။ ဘယ်လဂျီယမ်၊ဂျာမဏီနဲ့ ပြင်သစ်တို့ ဝိုင်းရံထားတဲ့  ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံငယ်လေးဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်း ၂၅၈၆.၄ စတုရန်းကီလိုမီတာသာရှိပြီး လူဦးရေကလည်း ငါးသိန်းကျော် ခြောက်သိန်းနီးပါးပဲရှိပါတယ်။ OECD လို့ခေါ်တဲ့ ဥရောပ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာအရ အလုပ်စဝင်စ အထက်တန်းကျောင်းဆရာတစ်ယောက်ရဲ့တစ်နှစ်လစာဟာ အမေရိကန်ဒေါ်လာ ၇၃၀၀၀ ကစရပြီး အမြင့်ဆုံးကတော့ ၁၃၁၀၀၀ ဖြစ်တယ်လို့ဆိုပါတယ်။

teacher-salaries

အခြေခံဆရာတွေကတော့ တစ်နှစ် ဒေါ်လာ ၆ သောင်း၈ ထောင်ကျော်ထိရပါတယ်။ ယနေ့မြန်မာငွေ နဲ့ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းအရတွက်မယ်ဆိုရင် သူတို့ရဲ့ တစ်နှစ်လုပ်စာဟာ ကျွန်တော်တို့တစ်ဘဝစာနဲ့ ညီမျှလုနီးပါးပါပဲ။ ဒါကြောင့် တစ်ချို့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာဆိုရင် ဆရာကို ဘုရင်လိုထားတဲ့နိုင်ငံ “ Where teachers live like kings” လို့တောင်ရေးဖွဲ့ထားတာမျိုးကို တွေ့ရပါတယ်။ တိုင်းပြည်ရဲ့ ချမ်းသာကြွယ်ဝမှုတွေ အပေါ်မူတည်ပြီး ဆရာတွေအပေါ်ပေးတဲ့လစာတွေဟာလည်းတစ်နိုင်ငံနဲ့တစ်နိုင်ငံမတူကြပါဘူး။

မြန်မာပြည်ကဆရာတွေရဲ့ဘဝကဘုရင်လိုနေရဖို့ မဆိုလိုပါဘူး။ ဆရာသခင်ကျေးဇူးရှင်လို့ဆိုတဲ့အတိုင်း သခင်လောက် အဆင့်နေရရင်တောင် ဆရာတွေရဲ့ဘဝလုံခြုံစိတ်ချရပြီး ပျော်ပျော်ရွှင်ရွှင် ပညာတေ ွသင်ကြားပေးနိုင်ကြမှာဖြစ်သလို ဝင်ငွေနဲ့ညီမျှတဲ့ အရည်အသွေးတွေကိုလည်း တိုးတက်အောင် ကြံဆောင်ကြိုးစားနိုင်ကြမှာဖြစ်ပါတယ်။ အောက်မှာနိုင်ငံအလိုက်ဆရာတွေရဲ့ လစာဝင်ငွေတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဆရာသခင်ကျေးဇူးရှင်တို့ ကို ဒီထက်မက လေးစားတန်ဖိုးထားတဲ့နိုင်ငံဖြစ်ပါစေလို့သာဆုတောင်းမိပါရဲ့။

Zawgyi Font :       ေက်ာင္းဆရာကို ဘုရင္လို ထားတဲ့ႏုိင္ငံ

ျမန္မာမႈ နယ္ပယ္မွာေတာ့ ဆရာဆိုတာကို အနႏၵငါးျဖာထဲမွာထားျပီး ဘုရားနဲ႔ တစ္ဂိုဏ္းတည္း ထားတတ္ၾကတယ္လို႔ဆိုၾကပါတယ္။ အားလံုးရဲ႕ဘ၀မွာ ပထမဆံုး ေတြ႔ၾကံဳရတဲ့ ဆရာဆိုတဲ့ လူသားတစ္ေယာက္ကေတာ့ ေက်ာင္းဆရာပဲျဖစ္ပါတယ္။ အတတ္လည္းသင္၊ ပဲ႔ျပင္ဆံုးမ၊ သိပမခ်န္၊ ေဘးရန္ဆီးကာ၊ သင့္ရာအပ္ပို႔ ဆရာတို႕ က်င္႔ဖို႔၀တ္ငါးျဖာဆိုျပီး ဆရာတို႔ရဲ႕ တာ၀န္ကိုလည္း တိတိက်က် သတ္မွတ္ေဖၚညႊန္းထားပါတယ္။

ျမန္မာမႈ လူ႔ေဘာင္မွာ ေက်ာင္းဆရာတို႔ရဲ႕ အခန္းက႑နဲ႔ပတ္သက္ျပီး ၀မ္းနည္းစရာေကာင္းလွတဲ႔အျဖစ္ေတြလည္းရွိေနျပန္ပါတယ္။ ၀မ္းနည္းစရာေကာင္းတယ္ဆိုတာကေတာ႔ ႏွစ္ေပါင္းမ်ားစြာၾကံဳလာခဲ႔ရတဲ႔ တိုင္းျပည္ရဲ႕စီမံခန္႔ခြဲမႈ အလြဲေတြေၾကာင္႔ ၀င္ေငြနည္း၊ လစာနည္းျပီး ဆင္းရဲစြာနဲ႔ဘ၀ကို ျဖတ္သန္းၾကရျခင္းပဲျဖစ္ပါတယ္။

Teacher-Salary-pay

ႏိုင္ငံ့၀န္ထမ္း အတူတူမွာ ေက်ာင္းဆရာေတြကပဲ အနစ္နာခံရမယ္ဆိုျပီး လူၾကီးေတြကအစ တတြင္တြင္ ေျပာေနခဲ့တဲ့ ႏိုင္ငံလည္းျဖစ္သလို တစ္ျပားမွမရွိပါဘူးဆိုတာလည္း ခဏခဏထုတ္ေျပာေနခဲ့တဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။ ေနာက္ဆံုးေတာ႔ ေဖါင္တိန္က်ိဳးေလာက္သာကိုင္ႏိုင္တဲ႔ဘ၀မို႔လို႕ ဘယ္သမီးရွင္ကမွလည္း ထယ္ထယ္၀ါ၀ါနဲ႔ သမက္မေတာ္ခ်င္ၾကတဲ႔အတြက္ ေခတ္အဆက္ဆက္သတင္းစာေတြရဲ႕  ထိမ္းမဂၤလာ လက္ထပ္ေၾကာ္ျငာထဲက သတိုးသားေနရာမွာ  ဘယ္ေက်ာင္းဆရာမွ ပါလာတာလည္းမေတြ႔ခဲ႕ဖူးပါဘူး ။ ရွိခဲ႔ရင္ေတာ႔ ဒီဆရာကို ကံထူးရွင္လို႔ပဲဆိုရမွာပါ။

ဒီလိုပါပဲ ရာစုႏွစ္ေပါင္း တစ္၀က္ေလာက္မွာ ဆရာဘ၀ဟာျမင္႔ျမတ္တယ္လို႔လူေရွ႕သူေရွ႕မွာ ေျပာတတ္ၾကေပမယ္႔ ဘယ္လူၾကီးသားသမီးေတြကမွ ေက်ာင္းဆရာဆိုတဲ့ ဒီအလုပ္ကို ဂုဏ္ယူစြာနဲ႔ ေရြးခ်ယ္လုပ္ကိုင္ခဲ႔ၾကတယ္ဆိုတာ မၾကားဖူးခဲ႕ပါဘူး။ ပို၀မ္းနည္းစရာေကာင္းတာက ခိုးနည္း၀ွက္နည္းလည္းမတတ္၊ ခိုးစရာလည္း မယ္မယ္ရရဘာမွ မရွိတဲ႔ဆရာေတြက ဘာခိုးနည္းမွလည္း မသင္ေပးလိုက္ေပမယ္႔ သူတို႔သင္ေပးလိုက္တဲ႔ တပည္႔ေတြက ႏိုင္ငံ၀န္ထမ္းျဖစ္လာျပီဆိုရင္ေတာ႔ အမ်ားစုဟာ တိုင္းျပည္ရဲ႕ဘ႑ာေငြေတြကို ရႏိုင္သေလာက္ခိုးယူျပီး ကိုယ္က်ိဳးစီးပြားေတြကို တည္ေဆာက္ရင္းနဲ႔ တိုင္းျပည္က တျဖည္းျဖည္း ဆင္းရဲတြင္း နက္လာခဲ႔တာပါပဲ။ ဘယ္သူ႕ကိုမွ လက္ညွိဳးထိုးအျပစ္ေျပာေနတာမဟုတ္ပါဘူး။ အားလံုးက ႏိုင္ငံေရးစနစ္ရဲ႕သားေကာင္ေတြပါပဲ။

ဆရာေတြဟာ ျမင့္ျမတ္တဲ့ လူသားတစ္ေယာက္ျဖစ္သလို၊ ေက်းဇူးၾကီးလွတဲ႔ ဒီဆရာေတြ အေပၚ တန္ဖိုးထားရေကာင္းမွန္းမသိတဲ့ ဒီႏိုင္ငံ ဒီေလာက္ဆင္းရဲေနရတာလည္း သိပ္ေတာ့ မထူးဆန္းလွပါဘူး။ ကိုယ့္ေပါင္ကိုယ္ လွန္ေထာင္းရတာလည္း သိပ္ေတာ႔ မသက္သာလွတဲ႔အတြက္  ဒီေလာက္ဆိုရင္ေတာ႔ ဆရာကို ဘုရားနဲ႕တစ္ဂိုဏ္းတည္းထားတဲ႔ ယဥ္ေက်းသိမ္ေမြ႔တဲ႔ႏိုင္ငံတစ္ႏိုင္ငံက ဆရာေတြရဲ႕ ဘ၀ကိုျမင္တတ္မွာပါ။ကဲ ဒါဆို ကမၻာေပၚမွာ ဆရာဆိုတဲ႔သူေတာ္ျမတ္ကို ဘုရင္တမွ် တန္ဖိုးထားတဲ႔ ႏိုင္ငံေတြလည္းရွိတယ္ဆိုရင္ လြန္တယ္လို႔မထင္ပါနဲ႔ခင္ဗ်ာ။

အဲ႔ဒီႏိုင္ငံေလးကေတာ႔ ဥေရာပအေနာက္ပိုင္းက ကုန္းတြင္းပိတ္ႏိုင္ငံေလးတစ္ႏိုင္ငံျဖစ္တဲ႔ Luxembourg ဆိုတဲ႔ႏိုင္ငံေလးျဖစ္ပါတယ္။ ဘယ္လဂ်ီယမ္၊ဂ်ာမဏီနဲ႔ ျပင္သစ္တို႔ ၀ိုင္းရံထားတဲ႔  ကမၻာ႔အခ်မ္းသာဆံုး ႏိုင္ငံငယ္ေလးျဖစ္ပါတယ္။ ဧရိယာအက်ယ္အ၀န္း ၂၅၈၆.၄ စတုရန္းကီလိုမီတာသာရွိျပီး လူဦးေရကလည္း ငါးသိန္းေက်ာ္ ေျခာက္သိန္းနီးပါးပဲရွိပါတယ္။ OECD လို႔ေခၚတဲ႔ ဥေရာပ စီးပြားေရးပူးေပါင္းေဆာင္ရြက္မွဳ နဲ႔ ဖြ႔ံျဖိဳးတိုးတက္ေရးအဖြဲ႔ရဲ႕ ေနာက္ဆံုးအစီရင္ခံစာအရ အလုပ္စ၀င္စ အထက္တန္းေက်ာင္းဆရာတစ္ေယာက္ရဲ႕တစ္ႏွစ္လစာဟာ အေမရိကန္ေဒၚလာ ၇၃၀၀၀ ကစရျပီး အျမင္႔ဆံုးကေတာ႔ ၁၃၁၀၀၀ ျဖစ္တယ္လို႔ဆိုပါတယ္။

teacher-salaries

အေျခခံဆရာေတြကေတာ႔ တစ္ႏွစ္ ေဒၚလာ ၆ ေသာင္း၈ ေထာင္ေက်ာ္ထိရပါတယ္။ ယေန႔ျမန္မာေငြ နဲ႕ အေမရိကန္ ေဒၚလာလဲလွယ္ႏႈန္းအရတြက္မယ္ဆိုရင္ သူတို႕ရဲ႕ တစ္ႏွစ္လုပ္စာဟာ ကၽြန္ေတာ္တို႔တစ္ဘ၀စာနဲ႔ ညီမွ်လုနီးပါးပါပဲ။ ဒါေၾကာင္႔ တစ္ခ်ိဳ႕ အြန္လိုင္းစာမ်က္ႏွာေတြေပၚမွာဆိုရင္ ဆရာကို ဘုရင္လိုထားတဲ႔ႏိုင္ငံ “ Where teachers live like kings” လို႔ေတာင္ေရးဖြဲ႔ထားတာမ်ိဳးကို ေတြ႔ရပါတယ္။ တုိင္းျပည္ရဲ႕ ခ်မ္းသာၾကြယ္၀မွဳေတြ အေပၚမူတည္ျပီး ဆရာေတြအေပၚေပးတဲ႔လစာေတြဟာလည္းတစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံမတူၾကပါဘူး။

ျမန္မာျပည္ကဆရာေတြရဲ႕ဘ၀ကဘုရင္လိုေနရဖို႔ မဆိုလိုပါဘူး။ ဆရာသခင္ေက်းဇူးရွင္လို႕ဆိုတဲ႔အတိုင္း သခင္ေလာက္ အဆင္႔ေနရရင္ေတာင္ ဆရာေတြရဲ႕ဘ၀လံုျခံဳစိတ္ခ်ရျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ပညာေတ ြသင္ၾကားေပးႏိုင္ၾကမွာျဖစ္သလို ၀င္ေငြနဲ႔ညီမွ်တဲ႔ အရည္အေသြးေတြကိုလည္း တိုးတက္ေအာင္ ၾကံေဆာင္ၾကိဳးစားႏိုင္ၾကမွာျဖစ္ပါတယ္။ ေအာက္မွာႏိုင္ငံအလိုက္ဆရာေတြရဲ႕ လစာ၀င္ေငြတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။ ဆရာသခင္ေက်းဇူးရွင္တို႕ ကို ဒီထက္မက ေလးစားတန္ဖိုးထားတဲ႔ႏိုင္ငံျဖစ္ပါေစလို႔သာဆုေတာင္းမိပါရဲ႕။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: