Home News ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ဝင်းထွန်း ချန်ပီယံဆုရရှိ

ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ဝင်းထွန်း ချန်ပီယံဆုရရှိ

0
ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ဝင်းထွန်း ချန်ပီယံဆုရရှိ

အီတလီနိုင်ငံ စပိုလီတိုမြို့တွင် ကျင်းပခဲ့သည့် ၂၀၁၇ ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ဝင်းထွန်း ချန်ပီယံဆု ရရှိသွားကြောင်း သိရှိရသည်။ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ စစ်တုရင်ချန်ပီယံကစားသမားပေါင်း ၆၄ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အမေရိကန်၊ အင်္ဂလန်၊ နော်ဝေး၊ ပီရူး၊ ရုရှား၊ ဆားဘီးယား၊ ဆလိုဗက်ကီးယား၊ ယူအေအီး၊ မြန်မာ၊ အိန္ဒိယ၊ အီတလီ၊ အီကွေဒေါ၊ အီဂျစ်၊ အက်စ်တိုးနီးယား၊ ဂျာမနီ၊ ဂရိ၊ ဟောင်ကောင်၊ ဟန်ဂေရီ၊ မော်ရိုကို၊ မွန်ဂိုးလီးယား၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ ဆိုက်ပရပ်စ် နှင့် ကာဇက်စတန် ကိုယ်စားပြု၍ ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသား ဝင်းထွန်းသည် ယှဉ်ပြိုင်ပွဲ ၈ ပွဲအပြီးတွင် ထိပ်ဆုံး၌ နေရာယူခဲ့ပြီး နောက်ဆုံးပွဲစဉ်ဖြစ်သည့် ၉ ပွဲမြောက်ပွဲစဉ်ကို အနိုင်ယူ၍ ကမ္ဘာ့အပျော်တမ်း စစ်တုရင် တံခွန်စိုက် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သည်။

Zawgyi Font : ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ၀င်းထွန်း ချန်ပီယံဆုရရှိ

win htun -chess- master



LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: