Home News အမျိုးသမီးများအတွက် ဟော်မုန်းမပါဝင်ဘဲ ဘေးထွက်ဆိုးကျိုးမရှိသော သန္ဓေတားဆေးများ ထွက်ပေါ်လာ
အမျိုးသမီးများအတွက် ဟော်မုန်းမပါဝင်ဘဲ ဘေးထွက်ဆိုးကျိုးမရှိသော သန္ဓေတားဆေးများ ထွက်ပေါ်လာ
0
အမျိုးသမီးများအတွက် ဟော်မုန်းမပါဝင်ဘဲ ဘေးထွက်ဆိုးကျိုးမရှိသော သန္ဓေတားဆေးများ ထွက်ပေါ်လာ
ဟော်မုန်းများအပေါ် အခြေမခံထားဘဲ သန္ဓေတားဆေးထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပညာရှင်များက မတ်လ ၁၇ရက်နေ့က ကြေညာခဲ့သည်။ သူတို့သည် ဟော်မုန်းများအပေါ်အခြေမခံဘဲ မျိုးဥနှင့် သုက်ပိုးကြား မျိုးပွားမှုဆိုင်ရာ ဆွဲဆောင်ခြင်း အချက်ပြမှုအပေါ် ခြေရာခံခဲ့ခြင်းဖြစ်သည်။ ဓာတ်ခွဲခန်းအတွင်း စမ်းသပ်ခဲ့မှုများအရ မျိုးဥမှ ထုတ်လုပ်ေသော ဟော်မုန်းတစ်မျိုးသည် သုက်ပိုးသို့ သတင်းအချက်အလက်ပို့ဆောင်ပြီး ၎င်းတို့အချင်းချင်းပေါင်းစပ်လျက် မျိုးအောင်သော ဥများကို ဖြစ်စေသည်ဟုဆိုသည်။
ယင်းဖြစ်စဉ်သည် တစ်စက္ကန့်ပင် အချိန်မကြာလိုက်ဟု ဆိုသည်။ ထို့ကြောင့် ယင်းအချက်ပြမှုကို ဖြတ်တောက်ခြင်းအားဖြင့် သန္ဓေတားဆေးကိုထုတ်ဖော်နိုင်ခဲ့ပြီးဟုဆိုသည်။ မျိုးဥတစ်ခုသည် ကယ်လ်စီယမ်ချန်နယ်များသို့ သွားရောက်တွယ်ကပ်မည့် ပရိုဂျက်စတာရုန်း ဟော်မုန်းကို ထုတ်လွှတ်ကာ သုက်ပိုးတစ်ခုကို ဆွဲဆောင်ခြင်းဖြစ်သည်။ အဆိုပါ သန္ဓေတားဆေးထုတ်လုပ်စမ်းသပ်ခဲ့ခြင်းကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပိုလီနာလစ်ရှိကိုက ဦးဆောင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
Zawgyi Font : အမျိုးသမီးများအတွက် ဟော်မုန်းမပါဝင်ဘဲ ဘေးထွက်ဆိုးကျိုးမရှိသော သန္ဓေတားဆေးများ ထွက်ပေါ်လာ
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: