Home Lifestyle မျက်ကွင်းညိုသူများအတွက် ကွန်ဆဲလ်လာ အရောင်ရွေးခြယ်ခြင်း

မျက်ကွင်းညိုသူများအတွက် ကွန်ဆဲလ်လာ အရောင်ရွေးခြယ်ခြင်း

0
မျက်ကွင်းညိုသူများအတွက် ကွန်ဆဲလ်လာ အရောင်ရွေးခြယ်ခြင်း

မျက်ကွင်းညိုသူတွေဟာ မိတ်ကပ်လိမ်းခြယ်ပြီးသည့် တိုင်အောင် မျက်လုံးဘေးက ညိုနေတဲ့ အသားအရေကို ကောင်းကောင်းမဖုံးနိုင်တာကြောင့် ကွန်ဆဲလ်လာကို မဖြစ်မနေသုံးပေးသင့်ပါတယ်။ သင်ရွေးခြယ်မဲ့ ကွန်ဆဲလ်လာအရောင်ဟာ မိတ်ကပ်အရောင်ထက် ပိုပြီးတောက်တဲ့အရောင်ကို သုံးရမှာပါ။ မျက်ကွင်းက ပိုပြီးညိုလေလေ ကွန်ဆဲလ်လာ အရောင်ပိုလင်းတာကို သုံးပေးရမှာပါ။

-ခရမ်းနုရောင်သန်းနေတဲ့ မျက်ကွင်းအတွက် သုံးသင့်တဲ့ ကွန်ဆဲလ်လာအရောင်က အဝါရောင်သန်းတာကို ရွေးပါ။

-အပြာနုရောင်သန်းနေတဲ့ မျက်ကွင်းဆိုရင်တော့ လိမ္မော်ရောင်သန်းတဲ့ ကွန်ဆဲလ်လာကို ရွေးပါ။

-အနီရောင်သန်းတဲ့ မျက်ကွင်းအတွက် သံလွင်ဆီရောင်လို ကွန်ဆဲလ်လာကို ရွေးပါ။

-အညိုရောင်သန်းတဲ့ မျက်ကွင်းဆိုရင်တော့ ပန်းခရမ်းရောင်သန်းတဲ့ ကွန်ဆဲလ်လာကို ရွေးပါ။

မျက်နှာသစ်ပြီးချိန်မှာ မှန်ထဲမှာကြည့်လို့ မြင်ရတဲ့ မျက်ကွင်းအရောင်ကို သေချာကြည့်ပြီး မှန်ကန်တဲ့ ကွန်ဆဲလ်လာကို ရွေးချယ်ဝယ်ယူပါ။ ကွန်ဆဲလ်လာကို လိမ်းခြယ်ရာမှာ ဖြည်းဖြည်းနဲ့ ညင်သာစွာ လိမ်းခြယ်ဖို့ လိုအပ်ပြီး လက်နဲ့ အတင်းပွတ်ဆွဲ လိမ်းခြယ်ခြင်းကို ရှောင်ပါ။ ဒါဟာ နီရဲပြီး ရောင်ရမ်းခြင်းကို ဖြစ်လာစေနိုင်ပါတယ်။ ဆီပါတဲ့ ကွန်ဆဲလ်လာကို မဝယ်ပါနဲ့။ မျက်လုံးက အရေးကြောင်းတွေကို ပိုပြီးထင်ရှားစေပါတယ်။ မျက်ကွင်းညိုသူတွေအနေနဲ့ မျက်တောင်ဆိုးဆေးဆိုးရာမှာ အောက်ဘက် မျက်တောင်ကို မဆိုးပါနဲ့။ မျက်တောင်ဆိုးဆေးဆိုးထားတဲ့ မျက်တောင်ရဲ့ အရိပ်ဟာ မျက်ကွင်း ပိုပြီးညိုမည်းနေတယ်လို့ ထင်ရစေတာကြောင့်ပါ။

Zawgyi Font: မ်က္ကြင္းညိဳသူမ်ားအတြက္ ကြန္ဆဲလ္လာ အေရာင္ေရြးျခယ္ျခင္း

counselor

မ်က္ကြင္းညိဳသူေတြဟာ မိတ္ကပ္လိမ္းျခယ္ျပီးသည့္ တိုင္ေအာင္ မ်က္လံုးေဘးက ညိဳေနတဲ့ အသားအေရကို ေကာင္းေကာင္းမဖံုးႏိုင္တာေၾကာင့္ ကြန္ဆဲလ္လာကို မျဖစ္မေနသံုးေပးသင့္ပါတယ္။ သင္ေရြးျခယ္မဲ့ ကြန္ဆဲလ္လာအေရာင္ဟာ မိတ္ကပ္အေရာင္ထက္ ပိုျပီးေတာက္တဲ့အေရာင္ကို သံုးရမွာပါ။ မ်က္ကြင္းက ပိုျပီးညိဳေလေလ ကြန္ဆဲလ္လာ အေရာင္ပိုလင္းတာကို သံုးေပးရမွာပါ။

-ခရမ္းႏုေရာင္သန္းေနတဲ့ မ်က္ကြင္းအတြက္ သံုးသင့္တဲ့ ကြန္ဆဲလ္လာအေရာင္က အ၀ါေရာင္သန္းတာကို ေရြးပါ။

-အျပာႏုေရာင္သန္းေနတဲ့ မ်က္ကြင္းဆိုရင္ေတာ့ လိေမၼာ္ေရာင္သန္းတဲ့ ကြန္ဆဲလ္လာကို ေရြးပါ။

-အနီေရာင္သန္းတဲ့ မ်က္ကြင္းအတြက္ သံလြင္ဆီေရာင္လို ကြန္ဆဲလ္လာကို ေရြးပါ။

-အညိဳေရာင္သန္းတဲ့ မ်က္ကြင္းဆိုရင္ေတာ့ ပန္းခရမ္းေရာင္သန္းတဲ့ ကြန္ဆဲလ္လာကို ေရြးပါ။

မ်က္ႏွာသစ္ျပီးခ်ိန္မွာ မွန္ထဲမွာၾကည့္လို႔ ျမင္ရတဲ့ မ်က္ကြင္းအေရာင္ကို ေသခ်ာၾကည့္ျပီး မွန္ကန္တဲ့ ကြန္ဆဲလ္လာကို ေရြးခ်ယ္၀ယ္ယူပါ။ ကြန္ဆဲလ္လာကို လိမ္းျခယ္ရာမွာ ျဖည္းျဖည္းနဲ႔ ညင္သာစြာ လိမ္းျခယ္ဖို႔ လိုအပ္ျပီး လက္နဲ႔ အတင္းပြတ္ဆြဲ လိမ္းျခယ္ျခင္းကို ေရွာင္ပါ။ ဒါဟာ နီရဲျပီး ေရာင္ရမ္းျခင္းကို ျဖစ္လာေစႏိုင္ပါတယ္။ ဆီပါတဲ့ ကြန္ဆဲလ္လာကို မ၀ယ္ပါနဲ႔။ မ်က္လံုးက အေရးေၾကာင္းေတြကို ပိုျပီးထင္ရွားေစပါတယ္။ မ်က္ကြင္းညိဳသူေတြအေနနဲ႔ မ်က္ေတာင္ဆိုးေဆးဆိုးရာမွာ ေအာက္ဘက္ မ်က္ေတာင္ကို မဆိုးပါနဲ႔။ မ်က္ေတာင္ဆိုးေဆးဆိုးထားတဲ့ မ်က္ေတာင္ရဲ႕ အရိပ္ဟာ မ်က္ကြင္း ပိုျပီးညိဳမည္းေနတယ္လို႔ ထင္ရေစတာေၾကာင့္ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: