Home Entertainment Mobile Legends ဂိမ်းထဲက ထိန်းရခက်တဲ့ Fanny Hero ကို ဘယ်လိုကိုင်တွယ်မလဲ
Mobile Legends ဂိမ်းထဲက ထိန်းရခက်တဲ့ Fanny Hero ကို ဘယ်လိုကိုင်တွယ်မလဲ
0
Mobile Legends ဂိမ်းထဲက ထိန်းရခက်တဲ့ Fanny Hero ကို ဘယ်လိုကိုင်တွယ်မလဲ
Fanny ကိုအတော်များများမကိုင်တက်ကြတာတွေ့ရပါတယ်။ Fanny ဟာ Hero အားလုံးထဲမှာ ကိုင်ရ အနည်းငယ်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Lv-2 Steel Cable ဟာ ဆွဲချင်တိုင်းဆွဲမရလို့ပါပဲ။ Lv-2 Steel Cable အသုံးပြုတဲ့အခါ နံရံတစ်ဖက် သို့မဟုတ် နံရံနှစ်ဖက် အတားအဆီးရှိသည့် မည်သည့်နေရာမဆို Steel Cable အသုံးပြုပြီးသွားလာနိုင်ပါတယ်။
လူတိုင်းဖြစ်လေ့ ဖြစ်ထရှိတဲ့အဖြစ်ပျက်ကတော့ Steel Cable အသုံးပြုရမှာ ချိန်ဆမတက်တဲ့အခါ လိုအပ်တာထက်ပိုပြီး အဝေးသို့ ရောက်ရှိသွားတာပါပဲ။  အဝေးသို့ ရောက်ရှိသွားတာကိစ္စမရှိပေမဲ့လို့ တစ်ခါတစ်ရံမှာ ရန်သူ့ Tower ထဲသို့ရောက်ရှိသွားတက်ကြတာပါပဲ။ Fanny ကိုသာ ကောင်းကောင်းမွန်မွန် ကျွမ်းကျွမ်း ကျင်ကျင် ကိုင်တက်လို့ရှိရင် Team Battle တွေမှာများစွာအထောက်ကူပြုပါတယ်။
fanny-skin
ကဲ Fanny ကိုစကိုင်ပြီးကစားတော့မယ်ဆိုရင် ဘယ်လို Item Building ကိုရွေးချယ်ရမလဲ။ ဘယ်လို Battle Spell ယူရမလဲဆိုတာရွေးချယ်ကြရတော့မှာဖြစ်ပါတယ်။ ပထမဦးဆုံး Battle Spell ကိုရွေးကြရအောင်။ Fanny အတွက် အသုံးဝင်ဆုံး Battle Spell နှစ်ခုရှိပါတယ် အဲ့ဒါကတော့ Retribution နဲ့ Interference ပဲဖြစ်ပါတယ်။ Retribution ဆိုတာကတော့ Jungle Monster နဲ့ Minion တွေကိုသာ အသုံးပြုလို့ရတဲ့ Spell ဖြစ်ပါတယ်။ Interference ကတော့Tower ကို 3 second ကနေ 5 second ထိ Silences ဖြစ်စေနိုင်ပါတယ် စောစောကပြောသလိုပဲ Steel Cable သုံးတာအရှိန်လွန်ပြီး Tower ထဲပြေးဝင်သွားလို့ကတော့ Interference Spell သုံးပြီးတာပြေးပေတော့။
မထိဘူးဆိုရင်တောင် အနည်းဆုံး ၂ချက် ၃ချက်လောက် Tower ပစ်တာခံရနိုင်တယ်။ ဒါကတော့ ရွေးချယ်သင်တဲ့ Battle Spell လေးတွေပေါ့။ နောက်ထပ် Item Building ရွေးချယ်ရမှာဖြစ်ပြီး ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ကိုယ်တိုင် ကြမ်းနိုင်မယ်ထင်တဲ့ item ကိုရွေးချယ်သင့်ပါတယ်။
ပုံပါ Item Building ကတော့ စာရေးသူကိုယ်တိုင်အသုံးပြုတဲ့ item building ပါ။ ပုံပါအစဉ်လိုက်တိုင်းသာထည့်သွားပါ။ နောက် Emblems Set ရွေးချယ်ဖို့လိုပါသေးတယ် Emblems Set ရွေးချယ်တဲ့ခါ Physical Assassin Set ထက် Physical Emblem Set ကိုရွေးချယ်သင့်ပါတယ်။ ကိုယ် Upgrade လုပ်ထားတဲ့ Lv ပေါ်မူတည်သေးတယ်နော်။
fanny-item
Level ပိုမြင့်ပီး Attack speed ,Physical Attack, HP, Amor တို့ ပိုမြင်တဲ့ Set ကိုရွေးချယ်ပါ။ ပွဲစကစားပြီဆိုတာနဲ့ စစချင်း Jungle အောင်းပါ။ ပထမဆုံး မိမိ တောဘက်ရှိ Jungle အကုန်စားပါ။ Jungle အကုန်စားပြီးတာနဲ့ 1မိနစ်ခွဲလောက်မှာLv 4 ရရှိပါပြီး ။ ဒါပေမဲ့ကိုယ့်ဘက်က Hero တွေက Monster တွေကိုလာစားသွားရင်တော့ မပြောတက်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ဘက် Hero တွေကို Jungle မအောင်းပဲ လမ်းထိန်းဖို့တော့ပြောထားဖို့လိုတယ်။
တချို့ကျတော့ Fanny သို့မဟုတ် Alucard တို့ပါရင် လမ်းပဲထိန်းပြီး Jungle မဝင်ကြပါဘူး။ ကဲ Fanny Lv4 ရပြီဆိုတာနဲ့ Top သို့မဟုတ် Bottom ကိုသွားပါ ။ ကိုယ့်ဘက်က Hero ကို Attack point တော့ပြသွားပေါ့ Attack Point ပြပြီးတာနဲ့ အခြေအနေကြည့်ပါ။ ကိုယ့်ဘက်က Hero တွေဝင်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတာနဲ့ နံရံနှစ်ဖက်ကို Steel Cable သုံးပြီးပြေးဝင်သွားပါ။
fanney
Steel Cable အသုံးပြုရမှာ ဝေးဝေးလံလံသွားချင်ရင် Steel Cable ကို 45 ဒီဂရီ စီနံရံနှစ်ဖက်ကို ထိထိမိမိပစ်ပါ ဒါမှသာ ဝေးဝေးလံလံရောက်မှာပါ ပုံမှန်အနေထားလောက်ပဲသွားချင်ရင်တော့ 30 ဒီဂရီ ဒါမှမဟုတ် 30 ဒီဂရီအောက်ကိုပစ်ပါ။ Steel Cable သုံးတဲ့ခါ တွဲရက် Effect တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Lv1 effect ပါ ဘယ်လိုအခါတွေမှာ Effecet ဝင်တက်လဲဆိုတော့ Steel Cable သုံးပြီး ရန်သူတွေ Minions တွေကြားပြေးဝင်သွားတာနဲ့ Lv1 effect ဝင်တက်ပါတယ် Fanny မှာ အားအသာဆုံးအချက်ကတော့ အဲ့ဒါပါပဲ။
နောက်ဆုံးအရေးကြီးဆုံးက Team Fight ပါ။ Team Fight ဝင်တော့မယ်ဆိုရင် Battle ဖြစ်နေတဲ့ နေရာ အနေထားပေါ်ကြည့်ပါ။ လမ်းဖြတ်မဟုတ်တဲ့ နံရံနားဖက်နားတွေမှာဆိုရင်တော့ အကောင်းဆုံးပါပဲ။  ဘာကြောင့်လဲဆိုတော့ Lv1 effect လေ ငိငိ ကဲBattle ဝင်ပြီးဆိုတာနဲ့ ကြိုးနှစ်ချောင်းဆွဲပြီးHero ကြားထဲပြေးတာဝင်လာလိုက် ၊ ရောက်ပြီဆိုတာနဲ့ အနားမှာရှိတဲ့ နံရံနှစ်ဖက် ကို Steel Cable တစ်ကြိုးစီသာဆွဲပါ၊ ဆွဲတဲ့ခါလဲ ရန်သူကိုကြည်ဆွဲဖို့ လိုတယ်နော်။
ရန်သူတွေကြားထဲကြိုးဆွဲပြီး ဖြတ်ပြေးဖို့လိုတာပါ ဒါမှသာလျင် Lv1 effect ဝင်မှာပါ တစ်ခုသတိထားရမှာက Mana ပါ Mana ကိုချိန်ပြီးကြိုးဆွဲပါ တစ်ခါတစ်လေ ကိုယ်က Battle ထဲကို အဝေးကြီးကနေပြေးလာပြီးဝင်ရတဲ့အတွက် Mana မလောက်တာဖြစ်တက်ပါတယ်၊ နောက်တစ်ချက်ကတော့ သွေးနည်းနေတဲ့ Hero ကိုလိုက်သတ်မယ်ဆိုရင် Steel Cable ကို 45 ဒီဂရီ စီဆွဲပြီးလိုက်ဖမ်းပါ။
ဝေးဝေးထက်ပြေးချင်ရင် နည်းနည်းဝေးဝေးပိုဆွဲဖို့လိုပါတယ်။ နံရံတော့မိပါစေ ၊ Steel Cable ဆွဲပြီးလိုက်တဲ့အခါ ထွက်ပြေးနေတဲ့ Hero နားရောက်တာနဲ့ Lv4 ကိုချက်ချင်းသုံးပါ ဒါမှသာလျှင် ရန်သူကိုသတ်လို့ ရနိုင်ပါမှာ။ တစ်ခါတစ်လေ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တက်တာ ရှိပါတယ်။ Mana သာ ကုန်သွားတယ် နံရံကိုမမိတာတွေရှိပါတယ်။
အဲ့လိုချိန်ဆို အပြောခံရတော့မှာက noob fanny ဆိုတာပဲ ဘယ်သူမဆိုကိုယ့်ကို noob တယ်လို့ ပြောလာရင်ခံရခက်တာပါတယ်။ noob လို့အပြောမခံရအောင် Fanny ကိုင်ရင် Steel Cable သုံးတာ နံရံမိကြပါစေနော် မမိရင် NOOB လို့ ပြောခံရမှာ ဗေဒင်ဆရာ သွားမေးစရာမလိုပါဘူး။
Zawgyi Font : Mobile Legends ဂိမ်းထဲက ထိန်းရခက်တဲ့ Fanny Hero ကို ဘယ်လိုကိုင်တွယ်မလဲ
fanny-ml
fanny-skin
fanny-item
fanney
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: