Home How To မျက်နှာပြင်မှာ ချွေးပေါက်လေးတွေ မကျယ်စေဖို့

မျက်နှာပြင်မှာ ချွေးပေါက်လေးတွေ မကျယ်စေဖို့

0
မျက်နှာပြင်မှာ ချွေးပေါက်လေးတွေ မကျယ်စေဖို့

မှန်ထဲမှာ အနီးကပ်ကြည့်မိတဲ့အခါ နှာခေါင်းနဲ့ ပါးပြင်ပေါ်က ချွေးပေါက်ကလေးတွေကို သင်မြင်တွေ့ရမှာပါ။ ချွေးးပေါက်ကလေးတွေ သိပ်ကျယ်နေတဲ့အခါ သင့်အသားအရေကိုကြည့်ရတာ အရင်ကလို နူးညံ့မှုမရှိတော့ဘူးလို့ ထင်မြင်နိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်လေးတွေ ကျဉ်းအောင် အောက်ပါနည်းလမ်းလေးတွေနဲ့ ထိန်းသိမ်းလိုက်ပါ။

နေရောင်ကာ ခရင်မ်လိမ်းပါ

နေရောင်ခြည်က နူးညံ့ချောမွေ့တဲ့ အသားအရေကို ဖြစ်စေတဲ့ ကော်လဂျင်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ နေရောင်ကာဆီ လိမ်းပေးပါ။

lotion-face

အိပ်ခါနီးမှာ မျက်နှာသန့်စင်ပါ။

တစ်နေကုန်သင်ဘယ်လောက်ပဲ မောပန်းနေပါစေေ။ မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်နဲ့ ကပ်ငြိနေတဲ့ဖုန်မှုန့်တွေ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ဖို့ ညအိပ်ရာဝင်ခါနီးမှာ မျက်နှာသစ်ဖို့ မမေ့ပါနဲ့။ သင်က မိတ်ကပ်၊ ပေါင်ဒါ၊ နှုတ်ခမ်းနီတွေကို အသုံးပြုလေ့ရှိပေမဲ့လည်း မျက်နှာမှာရှိတဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားဖို့ သင့်မျက်နှာကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်။

clean-face

ဆယ်လီစလစ်အက်ဆစ်ပါတဲ့ ဆပ်ပြာအသုံးပြုပါ

ဖုန်မှုန့်နဲ့အဆီတွေက မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေတာကြောင့် ဆယ်လီစလစ်အက်ဆစ်ပါတဲ့ ဆပ်ပြာအသုံးပြုပြီး မျက်နှာကို သန့်စင်ပေးပါ။

Moisturizer အသုံးပြုပါ

သင့်အသားအရေနဲ့ သင့်တော်ပြီးအဆီမပြန်တဲ့ Moisturizer ကို ရွေးချယ်အသုံးပြုပါ။

Moisturizer

ဆရာဝန်နဲ့ ပြပါ

သင့်အသားအရေက အရမ်းကို ထိခိုက်လွယ်တယ်ဆိုရင် ကိုယ့်စိတ်ထင်တိုင်း အလှပြင်ပစ္စည်းတွေကို ဝယ်သုံးဖို့ မသင့်တော်ဘူးထင်ပါတယ်။ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဝယ်ယူသုံးစွဲဖို့ လိုအပ်ပါတယ်။

Zawgyi Font : မ်က္ႏွာျပင္မွာ ေခြ်းေပါက္ေလးေတြ မက်ယ္ေစဖို႕

pores

မွန္ထဲမွာ အနီးကပ္ၾကည့္မိတဲ့အခါ ႏွာေခါင္းနဲ႔ ပါးျပင္ေပၚက ေခြ်းေပါက္ကေလးေတြကို သင္ျမင္ေတြ႔ရမွာပါ။ ေခြ်းးေပါက္ကေလးေတြ သိပ္က်ယ္ေနတဲ့အခါ သင့္အသားအေရကိုၾကည့္ရတာ အရင္ကလို ႏူးညံ့မႈမရွိေတာ့ဘူးလို႔ ထင္ျမင္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေခြ်းေပါက္ေလးေတြ က်ဥ္းေအာင္ ေအာက္ပါနည္းလမ္းေလးေတြနဲ႔ ထိန္းသိမ္းလိုက္ပါ။

ေနေရာင္ကာ ခရင္မ္လိမ္းပါ

ေနေရာင္ျခည္က ႏူးညံ့ေခ်ာေမြ႔တဲ့ အသားအေရကို ျဖစ္ေစတဲ့ ေကာ္လဂ်င္ကို ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ အျပင္ထြက္တဲ့အခါ ေနေရာင္ကာဆီ လိမ္းေပးပါ။

lotion-face

အိပ္ခါနီးမွာ မ်က္ႏွာသန္႔စင္ပါ။

တစ္ေနကုန္သင္ဘယ္ေလာက္ပဲ ေမာပန္းေနပါေစေ။ မ်က္ႏွာမွာ လိမ္းျခယ္ထားတဲ့ မိတ္ကပ္နဲ႔ ကပ္ျငိေနတဲ့ဖုန္မႈန္႔ေတြ ဘက္တီးရီးယားေတြကို ဖယ္ရွားေပးႏိုင္ဖို႔ ညအိပ္ရာ၀င္ခါနီးမွာ မ်က္ႏွာသစ္ဖို႔ မေမ့ပါနဲ႔။ သင္က မိတ္ကပ္၊ ေပါင္ဒါ၊ ႏႈတ္ခမ္းနီေတြကို အသံုးျပဳေလ့ရွိေပမဲ့လည္း မ်က္ႏွာမွာရွိတဲ့ ဖုန္မႈန္႔ေတြကို ဖယ္ရွားဖို႔ သင့္မ်က္ႏွာကို သန္႔စင္ေပးဖို႔ လိုအပ္ပါတယ္။

clean-face

ဆယ္လီစလစ္အက္ဆစ္ပါတဲ့ ဆပ္ျပာအသံုးျပဳပါ

ဖုန္မႈန္႔နဲ႔အဆီေတြက မ်က္ႏွာမွာရွိတဲ့ ေခၽြးေပါက္ေတြကို ပိတ္ေစတာေၾကာင့္ ဆယ္လီစလစ္အက္ဆစ္ပါတဲ့ ဆပ္ျပာအသံုးျပဳျပီး မ်က္ႏွာကို သန္႔စင္ေပးပါ။

Moisturizer အသံုးျပဳပါ

သင့္အသားအေရနဲ႔ သင့္ေတာ္ျပီးအဆီမျပန္တဲ့ Moisturizer ကို ေရြးခ်ယ္အသံုးျပဳပါ။

Moisturizer

ဆရာ၀န္နဲ႔ ျပပါ

သင့္အသားအေရက အရမ္းကို ထိခိုက္လြယ္တယ္ဆိုရင္ ကိုယ့္စိတ္ထင္တိုင္း အလွျပင္ပစၥည္းေတြကို ၀ယ္သံုးဖို႔ မသင့္ေတာ္ဘူးထင္ပါတယ္။ အေရျပားအထူးကုဆရာ၀န္နဲ႔ တိုင္ပင္ျပီး ဆရာ၀န္ရဲ႔ ညႊန္ၾကားခ်က္အတိုင္း ၀ယ္ယူသံုးစြဲဖို႔ လိုအပ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: