
အသက္ ၂၅ႏွစ္အရြယ္တြင္ ၀ျဖိဳးလြန္းအားၾကီးေနေသာ လူငယ္မ်ား ျပန္လည္စဥ္းစားသံုးသပ္ရန္ လိုအပ္ေနေပျပီ။ Journal Of Aldolescent Health တြင္ေရးသားထားေသာ ေလ့လာမႈမ်ားအရ ငယ္ရြယ္စဥ္ကာလ ၀လြန္းသူမ်ားသည္ အျခားသူမ်ားထက္ ေစာစီးစြာေသဆံုးေလ့ရွိေၾကာင္း ေတြ႔ရသည္။
ေလ့လာမႈကို ဦးေဆာင္သူ ေဒါက္တာ ဂၽြန္စတီဗင္က “’ဒီေန႔ေခတ္လူငယ္ေတြဟာ လြန္ခဲ့တဲ့ ႏွစ္ ၂၀ကနဲ႔ ယွဥ္ရင္ အရမ္း၀လာၾကပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ေလ့လာမႈအရ အသက္ငယ္ငယ္နဲ႔ ၀ျဖိဳးေနတာဟာ အသက္တိုေစတဲ့ နိဒါန္းလို႔ ဆိုရမွာပါ”ဟု ေျပာၾကားခဲ့သည္။
ခႏၶာကိုယ္ ထုထည္အရ ညႊန္းကိန္း (Body Mass Index (BMI)) ျမင့္မားသူမ်ားတြင္ ေစာစီးစြာေသဆံုးမႈႏႈန္း ၂၁ရာခိုင္ႏႈန္းပိုျပီး ျမင့္မားသည္။ ထို႔ျပင္ ေဆးေသာက္ျခင္း၊ အရက္ေသာက္ျခင္းႏွင့္ ကိုယ္လက္လႈပ္ရွားမႈနည္းပါးျခင္း တို႔ႏွင့္ တြဲဖက္လိုက္ပါက ငယ္ရြယ္စဥ္ ၀ျဖိဳးလာသူမ်ား၏ ေစာစီးစြာေသဆံုးမႈႏႈန္းမွာ ၂၈ရာခိုင္ႏႈန္းအထိ ျမင့္တက္သြားသည္။
ေျမာက္ကယ္ရိုလိုင္းနား တကၠသိုလ္မွ အာဟာရေဗဒ ပါေမာကၡျဖစ္သူ ေဒါက္တာစတီဗင္က “အသက္အပိုင္းအျခားနဲ႔ ၾကည့္မယ္ဆိုရင္ အသက္၂၅ႏွစ္အရြယ္ လူငယ္ဘ၀မွာ ၀လြန္းသူေတြမွာေတာင္ ေသဆံုးမႈႏႈန္း ျမင့္မားတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္ လူငယ္ေတြမွာ BMIဟာ အေရးပါပါတယ္။ လူငယ္ဘ၀တစ္ေလွ်ာက္လံုး ကိုယ္အေလးခ်ိန္မတက္ေအာင္ BMIနဲ႔ စံကိုက္ျပီး ထိန္းသိမ္းေနဖို႔ လိုပါတယ္။”ဟု ရွင္းျပခဲ့သည္။
ထို႔ေၾကာင့္ Natural Institute of Healthမွ အာဟာရေဗဒပညာရွင္ ကတ္သရင္းေလာ္ရီရာကလည္း
ထိုေလ့လာမႈသည္ က်န္းမာေရးႏွင့္ ညီညြတ္ေသာ အမူအက်င့္မ်ားကို ဘ၀တစ္ေလွ်ာက္ ေစာႏိုင္သမွ်ေစာႏိုင္ေအာင္ ေမြးျမဴရန္ အျမဲတမ္းလိုက္နာရန္အေရးၾကီးေၾကာင္း မွတ္ခ်က္ခ်သြားေပးခဲ့သည္။
အသက် ၂၅နှစ်အရွယ်တွင် ဝဖြိုးလွန်းအားကြီးနေသော လူငယ်များ ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်နေပေပြီ။ Journal Of Aldolescent Health တွင်ရေးသားထားသော လေ့လာမှုများအရ ငယ်ရွယ်စဉ်ကာလ ဝလွန်းသူများသည် အခြားသူများထက် စောစီးစွာသေဆုံးလေ့ရှိကြောင်း တွေ့ရသည်။
Unicode : လူငယ်ဘဝ၌ အဝလွန်လျှင် အသက်တိုနိုင်
လေ့လာမှုကို ဦးဆောင်သူ ဒေါက်တာ ဂျွန်စတီဗင်က “’ဒီနေ့ခေတ်လူငယ်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ကနဲ့ ယှဉ်ရင် အရမ်းဝလာကြပါတယ်။ ကျွန်တော်တို့ရဲ့လေ့လာမှုအရ အသက်ငယ်ငယ်နဲ့ ဝဖြိုးနေတာဟာ အသက်တိုစေတဲ့ နိဒါန်းလို့ ဆိုရမှာပါ”ဟု ပြောကြားခဲ့သည်။
ခန္ဓာကိုယ် ထုထည်အရ ညွှန်းကိန်း (Body Mass Index (BMI)) မြင့်မားသူများတွင် စောစီးစွာသေဆုံးမှုနှုန်း ၂၁ရာခိုင်နှုန်းပိုပြီး မြင့်မားသည်။ ထို့ပြင် ဆေးသောက်ခြင်း၊ အရက်သောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း တို့နှင့် တွဲဖက်လိုက်ပါက ငယ်ရွယ်စဉ် ဝဖြိုးလာသူများ၏ စောစီးစွာသေဆုံးမှုနှုန်းမှာ ၂၈ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။
မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ အာဟာရဗေဒ ပါမောက္ခဖြစ်သူ ဒေါက်တာစတီဗင်က “အသက်အပိုင်းအခြားနဲ့ ကြည့်မယ်ဆိုရင် အသက်၂၅နှစ်အရွယ် လူငယ်ဘဝမှာ ဝလွန်းသူတွေမှာတောင် သေဆုံးမှုနှုန်း မြင့်မားတာကို တွေ့ရပါတယ်။ ဒါကြောင့် လူငယ်တွေမှာ BMIဟာ အရေးပါပါတယ်။ လူငယ်ဘဝတစ်လျှောက်လုံး ကိုယ်အလေးချိန်မတက်အောင် BMIနဲ့ စံကိုက်ပြီး ထိန်းသိမ်းနေဖို့ လိုပါတယ်။”ဟု ရှင်းပြခဲ့သည်။
ထို့ကြောင့် Natural Institute of Healthမှ အာဟာရဗေဒပညာရှင် ကတ်သရင်းလော်ရီရာကလည်း
ထိုလေ့လာမှုသည် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များကို ဘဝတစ်လျှောက် စောနိုင်သမျှစောနိုင်အောင် မွေးမြူရန် အမြဲတမ်းလိုက်နာရန်အရေးကြီးကြောင်း မှတ်ချက်ချသွားပေးခဲ့သည်။