Home Lifestyle Health မိန်းကလေးတိုင်း သိထားသင့်တဲ့ ရင်သားနာကျင်မှု ဝေဒနာအတွက် ရှောင်ရန်၊ ဆောင်ရန် အချက်များ

မိန်းကလေးတိုင်း သိထားသင့်တဲ့ ရင်သားနာကျင်မှု ဝေဒနာအတွက် ရှောင်ရန်၊ ဆောင်ရန် အချက်များ

0
မိန်းကလေးတိုင်း သိထားသင့်တဲ့ ရင်သားနာကျင်မှု ဝေဒနာအတွက် ရှောင်ရန်၊ ဆောင်ရန် အချက်များ

ကျွန်မတို့မိန်းကလေးတိုင်း လစဉ်ရာသီလာခါနီးတဲ့ အချိန်တိုင်း ရင်သားတွေတင်းပြီး နာကျင်တာကို ခံစားဖူးကြမှာပါ။ ကျွန်မတို့ မိန်းကလေးတိုင် ရှောင်လွှဲလို့မရတဲ့ ဓမ္မတာပါ။ ရှောင်လွှဲလို့မရပေမဲ့ သက်သာအောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေတော့ရှိပါတယ်။ သင်က မိန်းကလေးဖြစ်နေတာကြောင့် ရှောင်ရန်၊ ဆောင်ရန် နည်းတွေကို စိတ်ဝင်စားမယ်ထင်ပါတယ်။ အမြဲတမ်းရှောင်ဖို့၊ ဆောင်နေဖို့ မလိုပါဘူး။ သင့်ရဲ့ ရာသီလာခါနီး ရက်တွေကိုတော့ သိထားရမှာပါ။ အဲ့ဒီရက်မရောက်ခင် တစ်ပတ်လောက်ကြိုပြီး ရှောင်သင့်တာရှောင်ပြီး စားသင့်တာစားထား၊သောက်ထားဖို့လိုပါတယ်။ ငွေကုန်ကြေးကျမများစေပဲ မိန်းကလေးတွေရဲ့ ခံစားရတဲ့ ဝေဒနာကို ပျောက်ကင်းစေမှာပါ။

ဘာကြောင့် ရင်သားနာကျင်ရသလဲ

မိန်းကလေးတွေမှာ ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခုကြား ဟော်မုန်းမညီမျှပဲ ပြောင်းလဲမှုတွေရှိပါတယ်။ ရာသီလာခါနီးအချိန် မိန်းကလေးအများစုဟာ ရင်သားတွေ နာကျင်တတ်ပါတယ်။ ဒါတင်မကပဲ မျက်နှာမှာ ဝက်ခြံတွေ ထွက်တယ်။ခြေလက်တွေ ညောင်းတယ်၊ ဆီးစပ်တွေ တစ်လျှောက် နာကျင်ကိုက်ခဲတာ စတဲ့ ဝေဒနာတွေဟာ ခန္ဓာကိုယ်တွေမှာ မဟော်မုန်းအီစထရိုဂျင်ဓာတ် မြင့်တက်လာတာကြောင့် ဖြစ်ပွားရတာပါ။

breast-pain-protect

ရှောင်ရန်

-အဆီများသော အစားအစာများကို မစားပါနှင့်၊

-နို့နဲ့နို့ထွက်ပစ္စည်းတွေကို လျော့စားပါ။

-အနီရောင်ရှိသော အစားအစာများကို လျော့စားပါ။

-ကော်ဖီလျှော့သောက်ပါ

ဆောင်ရန်

-တို့ဟူးစားပါ

-ပဲနို့ရည်သောက်ပါ

-အမျှင်ဓာတ်ပါသော ဟင်းသီးဟင်းရွက် အသီးအနှံတွေစားပါ

-ဗီတာမင်E 400IUကို တစ်နေ့တစ်ကြိမ်သောက်ပါ။

-Evening Primrose Oil 500mgကို မနက်တတစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပေးပါ။

breast-food

ပရိုဂျက်စတုန်းပါတဲ့ လိမ်းဆေး(Pro-Gest)ကို သင့်ရင်သား၊ ဝမ်းဗိုက်နဲ့ ပေါင်ခြံတွေမှာ လိမ်းပေးနိုင်ပါတယ်။ လိမ်းဆေးဝယ်ဖို့အခက်အခဲရှိတယ်ဆိုရင် သင့်ရင်သားကို သင့်လက်နဲ့ ညင်သာစွာ နှိပ်နယ်ပေးလို့ ရပါတယ်။နာကျင်မှုပိုဆိုအောင် ဖိပြီးနှိပ်နယ်ပေးတာမျိုးတော့ မလုပ်ရပါဘူး။ လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပတ်ပတ်ပြီး ညင်သာစွာနှိပ်ပေးပါ။

Zawgyi Font : မိန္းကေလးတိုင္း သိထားသင့္တဲ့ ရင္သားနာက်င္မႈ ေ၀ဒနာအတြက္ ေရွာင္ရန္၊ ေဆာင္ရန္ အခ်က္မ်ား

breast-pain

ကြ်န္မတို႔မိန္းကေလးတိုင္း လစဥ္ရာသီလာခါနီးတဲ့ အခ်ိန္တိုင္း ရင္သားေတြတင္းျပီး နာက်င္တာကို ခံစားဖူးၾကမွာပါ။ ကၽြန္မတို႔ မိန္းကေလးတိုင္ ေရွာင္လႊဲလို႔မရတဲ့ ဓမၼတာပါ။ ေရွာင္လႊဲလို႔မရေပမဲ့ သက္သာေအာင္ ျပဳလုပ္လို႔ရတဲ့ နည္းလမ္းေတြေတာ့ရွိပါတယ္။ သင္က မိန္းကေလးျဖစ္ေနတာေၾကာင့္ ေရွာင္ရန္၊ ေဆာင္ရန္ နည္းေတြကို စိတ္၀င္စားမယ္ထင္ပါတယ္။ အျမဲတမ္းေရွာင္ဖို႔၊ ေဆာင္ေနဖို႔ မလိုပါဘူး။ သင့္ရဲ႕ ရာသီလာခါနီး ရက္ေတြကိုေတာ့ သိထားရမွာပါ။ အဲ့ဒီရက္မေရာက္ခင္ တစ္ပတ္ေလာက္ၾကိဳျပီး ေရွာင္သင့္တာေရွာင္ျပီး စားသင့္တာစားထား၊ေသာက္ထားဖို႔လိုပါတယ္။ ေငြကုန္ေၾကးက်မမ်ားေစပဲ မိန္းကေလးေတြရဲ႕ ခံစားရတဲ့ ေ၀ဒနာကို ေပ်ာက္ကင္းေစမွာပါ။

ဘာေၾကာင့္ ရင္သားနာက်င္ရသလဲ

မိန္းကေလးေတြမွာ ရာသီစက္၀န္းတစ္ခုနဲ႔ တစ္ခုၾကား ေဟာ္မုန္းမညီမွ်ပဲ ေျပာင္းလဲမႈေတြရွိပါတယ္။ ရာသီလာခါနီးအခ်ိန္ မိန္းကေလးအမ်ားစုဟာ ရင္သားေတြ နာက်င္တတ္ပါတယ္။ ဒါတင္မကပဲ မ်က္ႏွာမွာ ၀က္ျခံေတြ ထြက္တယ္။ေျခလက္ေတြ ေညာင္းတယ္၊ ဆီးစပ္ေတြ တစ္ေလွ်ာက္ နာက်င္ကိုက္ခဲတာ စတဲ့ ေ၀ဒနာေတြဟာ ခႏၶာကိုယ္ေတြမွာ မေဟာ္မုန္းအီစထရိုဂ်င္ဓာတ္ ျမင့္တက္လာတာေၾကာင့္ ျဖစ္ပြားရတာပါ။

breast-pain-protect

ေရွာင္ရန္

-အဆီမ်ားေသာ အစားအစာမ်ားကို မစားပါႏွင့္၊

-ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကို ေလ်ာ႔စားပါ။

-အနီေရာင္ရွိေသာ အစားအစာမ်ားကို ေလ်ာ႔စားပါ။

-ေကာ္ဖီေလွ်ာ႔ေသာက္ပါ

ေဆာင္ရန္

-တို႔ဟူးစားပါ

-ပဲႏို႔ရည္ေသာက္ပါ

-အမွ်င္ဓာတ္ပါေသာ ဟင္းသီးဟင္းရြက္ အသီးအႏွံေတြစားပါ

-ဗီတာမင္E 400IUကို တစ္ေန႔တစ္ၾကိမ္ေသာက္ပါ။

-Evening Primrose Oil 500mgကို မနက္တတစ္ၾကိမ္၊ ညတစ္ၾကိမ္ေသာက္ေပးပါ။

breast-food

ပရိုဂ်က္စတုန္းပါတဲ့ လိမ္းေဆး(Pro-Gest)ကို သင့္ရင္သား၊ ၀မ္းဗိုက္နဲ႔ ေပါင္ျခံေတြမွာ လိမ္းေပးႏိုင္ပါတယ္။ လိမ္းေဆး၀ယ္ဖို႔အခက္အခဲရွိတယ္ဆိုရင္ သင့္ရင္သားကို သင့္လက္နဲ႔ ညင္သာစြာ ႏွိပ္နယ္ေပးလို႔ ရပါတယ္။နာက်င္မႈပိုဆိုေအာင္ ဖိျပီးႏွိပ္နယ္ေပးတာမ်ိဳးေတာ့ မလုပ္ရပါဘူး။ လက္ေခ်ာင္းေလးေတြနဲ႔ စက္၀ိုင္းပတ္ပတ္ျပီး ညင္သာစြာႏွိပ္ေပးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: