Home Uncategorized အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ Everglades အမျိုးသားဥယျာဉ်တွင် ဗမာစပါးကြီးမြွေ ဖမ်းဆီးရမိ

အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ Everglades အမျိုးသားဥယျာဉ်တွင် ဗမာစပါးကြီးမြွေ ဖမ်းဆီးရမိ

0
အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ Everglades အမျိုးသားဥယျာဉ်တွင် ဗမာစပါးကြီးမြွေ ဖမ်းဆီးရမိ

အမေရိကန်နိုင်ငံ တောင်ပိုင်း ဖလော်ရီဒါ ပြည်နယ်မှာ ရှိတဲ့ Everglades အမျိုးသား ဥယျာဉ်မှာ ဗမာစပါးကြီးမြွေတစ်ကောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။ ဗမာ့စပါးကြီးမြွေဖမ်းနိုင်သူကို ဆုပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး စပါးကြီးမြွေကြောင့် ဥယျာဉ်အတွင်းမှာရှိတဲ့ သတ္တဝါတွေ သေကြေပျက်စီးလို့ ဖမ်းဆီးတဲ့ အစီအစဉ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဗမာစပါးကြီးမြွေဟာ အရှည် ၁၅ ပေရှည်လျားပြီး အလေးချိန် ၁၄၄ ပေါင်ရှိပြီး မုဆိုးနှစ်ယောက်က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဗမာ့စပါးကြီးမြွေကို ဖမ်းဆီးတဲ့အခါ သက်စွန့်ဆံဖျားဖမ်းဆီးခဲ့ရပြီး သစ်ပင်ပေါ်သို့ တက်ခါနီး အချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာ လို့ သိရပါတယ်။ အကယ်၍များ သစ်ပင်ပေါ်ရောက်သွားပြီဆိုရင်တော့ာ မြွေကို လူ နှစ်ယောက်ထဲနဲ့ ဖမ်းဆီးဖို့ မဖြစ်နိုင်တော့ဘူးလို့ဆိုပါတယ်။

python

ဗမာ့စပါးကြီးမြွေကို ဖမ်းဆီးနိုင်ခဲ့အတွက် အဆိုပါ မုဆိုးနှစ်ယောက်အပြင် သူတို့ရဲ့ အဖွဲ့သား ၂၅ ယောက်ပါ ကော်မရှင်ဆုကြေးငွေ ရရှိမှာ ဖြစ်ပါတယ်။ စပါးကြီးမြွေက အာရှတိုက်ကနေ အစပြုခဲ့တာ ဖြစ်ပြီး အချက်အလက်များအရ မြန်မာနိုင်ငံက မျိုးရင်းစခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှု၊ သားကောင်ရှားပါးလာမှုနဲ့အတူ မြွေများဟာ တစ်ဖြည်းဖြည်းနဲ့ အာရှဒေသတွေကို ပျံ့နှံ့လာပြီး အနောက်တိုင်းနိုင်ငံတွေအထိ ရောက်သွားတာ ဖြစ်ပါတယ်။

python-caught

ဖလော်ရီဒါ ပြည်နယ်ရှိ Everglades အမျိုးသားဥယျာဉ်ကို ဗမာ့စပါးကြီးမြွေ ပေါင်း ၂၀၀၀ ကျော်ခန့် ရောက်ရှိနေပြီး ၂၀၀၂ ခုနှစ်က စပြီး သူ့အလိုလို ရောက်လာတယ်လို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ မြွေပိုင်ရှင်များဆီကနေ လွတ်လာပြီး ဥယျာဉ်ထဲ ရောက်လာတာ ဖြစ်နိုင်သလို အာရှတိုက်ကနေ တစ်ဖြည်းဖြည်းနဲ့ နယ်ကျွံပြီး ရောက်ရှိလာနိုင်တာလဲ ရှိပါတယ်လို့ တာဝန်ရှိသူတွေကတော့ ဆိုပါတယ်။

Zawgyi Font : အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ Everglades အမျိုးသားဥယျာဉ်တွင် ဗမာစပါးကြီးမြွေ ဖမ်းဆီးရမိ

Burmese python



python


python-caught


LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: