Home Entertainment Celebrity ကမ္ဘာ့ အလှဆုံး မျက်ဝန်းပိုင်ရှင် ၁၀ ဦး
ကမ္ဘာ့ အလှဆုံး မျက်ဝန်းပိုင်ရှင် ၁၀ ဦး
0
ကမ္ဘာ့ အလှဆုံး မျက်ဝန်းပိုင်ရှင် ၁၀ ဦး
မျက်လုံးချင်းဆုံတော့ ရင်ခုန်တယ်ဆိုတဲ့ အရေးအဖွဲ့မျိုးကို ကြားဖူးကြမှာ ဖြစ်သလို ရင်လည်းခုန်ဖူးကြမှာပါ။ တကယ်ပါ ဒီကမ္ဘာမှာ  ညှို့မျက်ဝန်းတစ်စုံကြောင့် ဈာန်လျှော့ခဲ့ကြရတဲ့ ပုရိသတွေကိုသာ မှတ်တမ်းပြုနိုင်မယ်ဆိုရင် နည်းမယ်မထင်ပါဘူး။   ဒီမျက်ဝန်းတွေကြောင့် ထင်ပေါ်ကျော်ကြား လူသိများပြီး ကမ္ဘာကျော်လာတဲ့ မျက်ဝန်းပိုင်ရှင်တွေလည်းရှိကြလေရဲ့။ သူတို့ကဘယ်သူတွေလဲ။အထင်ပေါ်ဆုံး(၁၀)ဦးကို ဖေါ်ပြပါမယ်။
(၁၀) Charlize Theron
သူမက တောင်အာဖရိက သရုပ်ဆောင်၊မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင်လုပ်ငန်းကို အမေရိကမှာစတင်ခဲ့ပြီး ၁၉၉၀ခုနှစ်တွေနောက်ပိုင်းမှာမှ ထင်ပေါ်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ အင်မတန် ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းကိုပိုင်ဆိုင်ထားသူပါ။ Monster ဇာတ်ကားမှာ အဓိကသရုပ်ဆောင်အဖြစ် အော်စကာဆုရခဲ့သူဖြစ်ပါတယ်။
(၉) Milla Jovovich
အမေရိကန် သရုပ်ဆောင်၊မော်ဒယ်၊ ဂီတပညာရှင်နဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။သိပ္ပံရသနဲ့ အက်ရှင်အသားပေးရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ပါတယ်။ ဒါ့အပြင် VH1 ဂီတ ရုပ်သံလိုင်းမှာတော့ ဘုရင်မတစ်ပါးပါပဲ။
milla-jovovich
(၈) Celina Jaitley
အိန္ဒိယနိုင်ငံ ဘော်လီဝုဒ် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ အလှဘုရင်မ မော်ဒယ်တစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ Femina Miss India Universe သရဖူကို ရရှိခဲ့သူဖြစ်ပါတယ်။ သူမရဲ့ ရှည်လျားလှပတဲ့ မျက်ဝန်း တစ်စုံကြောင့် အာရှရဲ့ဆွဲဆောင်မှုအကောင်းဆုံး သရုပ်ဆောင်တစ်ဦးဆိုရင်မမှားပါဘူး။
Celina-Jaitley
(၇) Kristin Kreuk
ကနေဒါ လူမျိုးသရုပ်ဆောင်တစ်ဦးဖြစ်ပြီး ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ အမေရိကန်အခန်း ဆက်ရုပ်မြင်သံကြား ဇတ်လမ်း Smallville မှာ Lana Lang အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာလူသိများလှပါတယ်။ အဲ့ဒီဇတ်ကားမှာ ဆူပါမင်းကို အနမ်းချွေခဲ့ပါသေးတယ်။ သူမရဲ့စိမ်းစိုရွှမ်းလဲ့တဲ့မျက်ဝန်းတစ်စုံက ဆွဲဆောင်မှုရှိလှပါတယ်။
kristin-kreuk
(၆) Giada De Laurentiis
သူမက အီတလီအမေရိကန်စပ် စားဖိုမှူး၊စာရေးဆရာ တစ်ကိုယ်တော်ရုပ်သံလွှင့်သူဖြစ်ပါတယ်။ Food Network ရဲ့ Giada at Home အစီအစဉ်ကို ၂၀၀၃ ခုနှစ်ကတည်းက ဦးစီး တင်ဆက်သူလည်းဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ယောက်ဖြစ်ပြိး ကိုယ်ပိုင်ထုတ်လွှင့်တဲ့ အချက်အပြုတ် အစီအစဉ်တွေလည်းရှိပါတယ်။ သူမရဲ့မျက်ဝန်းတွေကလည်း အံ့သြစရာပါပဲ။
Giada De Laurentiis
(၅) Audrey Hepburn
သူမက ဗြိတိသျှသရုပ်ဆောင်တစ်ယောက်ဖြစ်သလို လူသားချင်း စာနာထောက်ထားတဲ့ ဝါဒီတစ်ဦးလည်းဖြစ်ပါတယ်။ တကယ်ပဲမျက်ဝန်း အလှပိုင်ရှင်ဖြစ်ပြီး အော်စကာဆုကို အဓိက သရုပ်ဆောင်အနေနဲ့ရရှိပြီးသားဖြစ်ပါတယ်။
Audrey Hepburn
(၄) Elizabeth Taylor
ဗြိတိသျှအမေရိကန် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ အသက်၇၉နှစ်အရွယ် ၂၀၁၁ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကျော်မင်းသမီးဖြစ်ပါတယ်။ အော်စကာဆုနှစ်ဆုရခဲ့ပြီး တခေတ်တစ်ခါက သရုပ်ဆောင်ကြေး ဒေါ်လာတစ်သန်းအထိ စံချိန်ချိုးခဲ့တဲ့သူဖြစ်ပါတယ်။ သူမရဲ့မျက်ဝန်းတစ်စုံကိုတော့ စာဖွဲ့လိုမမီနိုင်ပါဘူး။
Elizabeth Taylor
(၃) Kristen Stewart
အမေရိကန် သရုပ်ဆောင်မင်းသမီးဖြစ်ပါတယ်။ The Twilight Saga ရုပ်ရှင်ကားမှာ Bellar Swan အဖြစ် အကောင်းဆုံးသရုပ်ဆောင်ခဲ့တဲ့အတွက် လူသိများလှပါတယ်။ အတွေးတွေနဲ့ပြည့်နှက်နေတဲ့ မျက်လုံးပိုင်ရှင်ဖြစ်တာကြောင့် သူမနဲ့တွေ့ခွင့်ရမယ်ဆိုရင်တော့ သူမရဲ့ အကြည့်မှာ နစ်မျောသွားနိုင်ပါတယ်။
Kristen Stewart
(၂) Angelina Jolie
အားလုံးသိကြတဲ့အတိုင်း ဂျိုလီက အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ဦး ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆု (၃)ဆုအပါအဝင် ဆုတံဆိပ်တွေများစွာရထားသူလည်းဖြစ်ပါတယ်။ သူမရဲ့ ရွှန်းစိုလှပတဲ့မျက်ဝန်းတွေအပြင် ဆွဲဆောင်လွန်းတဲ့ နှုတ်ခမ်းအစုံကြောင့် ငုတ်တုတ်မေ့သွား နိုင်ပါတယ်။ အော်စကာဆု ကိုတော့ ဇတ်ပို့ ဆုနဲ့ရရှိထားပါတယ်။
Angelina-Jolie
(၁) Aishwarya Rai
အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ပါတယ်။ သရုပ်ဆောင်ဘဝကို မော်ဒယ်လ်အဖြစ်နဲ့ စတင်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ်မှာ Miss World ဆုကို ဆွတ်ခူးရရှိခဲ့သူလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်က အလှဆုံးမျက်ဝန်းပိုင်ရှင်ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ Time မဂ္ဂဇင်းက ၂၀၀၄ ခုနှစ်ရဲ့ကမ္ဘာ့သြဇာအရှိဆုံးလူ(၁၀၀) မှာ တစ်ယောက်အနေနဲ့ ပါဝင်ဖော်ပြခြင်းခံခဲ့ရပါသေးတယ်။
Aishwarya Rai
Zawgyi Font : ကမ္ဘာ့ အလှဆုံး မျက်ဝန်းပိုင်ရှင် ၁၀ ဦး
(၁၀) Charlize Theron
(၉) Milla Jovovich
milla-jovovich
(၈) Celina Jaitley
Celina-Jaitley
(၇) Kristin Kreuk
kristin-kreuk
(၆) Giada De Laurentiis
Giada De Laurentiis
(၅) Audrey Hepburn
Audrey Hepburn
(၄) Elizabeth Taylor
Elizabeth Taylor
(၃) Kristen Stewart
Kristen Stewart
(၂) Angelina Jolie
Angelina-Jolie
(၁) Aishwarya Rai
Aishwarya Rai
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: