Home News Facebook ပေါ်တွင် ကိုယ့်ကိုကိုယ် အဆုံးစီရင်နည်း သင်ခန်းစာ ဗီဒီယိုလွှင့်တင်ရင်း သေဆုံးမှုဖြစ်

Facebook ပေါ်တွင် ကိုယ့်ကိုကိုယ် အဆုံးစီရင်နည်း သင်ခန်းစာ ဗီဒီယိုလွှင့်တင်ရင်း သေဆုံးမှုဖြစ်

0
Facebook ပေါ်တွင် ကိုယ့်ကိုကိုယ် အဆုံးစီရင်နည်း သင်ခန်းစာ ဗီဒီယိုလွှင့်တင်ရင်း သေဆုံးမှုဖြစ်

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ အသက် ၂၃ နှစ်အရွယ် သူနာပြုကျောင်းသား အမျိုးသား တစ်ယောက် ၁၉ ထပ်အမြင့်ကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ကိုယ့်ကိုကိုယ် ဘယ်လိုအဆုံးစီရင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး သင်ခန်းစာကို Facebook ပေါ်မှာ live video အနေနဲ့ လွှင့်တင်ခဲ့ပြီးနောက် ၁၉ ထပ်အလွှာကနေ ခုန်ချခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Live Video မှာ ၁မိနစ်နှင့် ၄၃ စက္ကန့်သာ ကြာမြင့်ပြီး လက်ရှိမှာတော့ Facebook က အဆိုပါ ဗီဒီယိုအား ရဲများက ဖျက်ခိုင်းလို့ ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

၁၉ လွှာကနေ ခုန်ချျပြီးနောက်မှာ အဆိုပါ အမျိုးသားကို ဆေးရုံသို့ တင်လိုက်နိုင်ပေမယ့် အသက်ကို ကယ်ဖို့တော့ မမှီလိုက်ပါဘူး။ သူ့ရဲ့ အခန်းထဲကို စစ်ကြည့်လိုက်တဲ့အခါမှာတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု မပြုခင် ဆေးလိပ်နဲ့ အရက်ကို သောက်သုံးထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သူ့ရဲ့ အခန်းထဲမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းနဲ့ပတ်သတ်တဲ့ မှတ်တမ်းစာစောင်တွေကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ယူဆချက်ကတော့ အဆုံးစီရင်သူဟာ အဆိုပါ စာတွေကိုဖတ်ပြီး မူးယစ်ဆေးဝါး သုံးကာ အသိဉာဏ်ပျောက်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်တာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

WHO ရဲ့ ထုတ်ပြန်ချက်မှာတော့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းနည်းလမ်းများဟာ တိုးတက်လာမှာ ဖြစ်ပြီး ၂၀၃၀ ခုနှစ်ရောက်တဲ့အခါ ၁.၅၃ မီလီယံ လူဦးရေဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းနည်းလမ်းဖြင့် သေဆုံးကြမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အကြောင်းရင်းကတော့ မိသားစုအခြေအနေ၊ ဖောက်ပြန်မှု၊ ကျပ်တည်းမှုတို့နဲ့ စိတ်အလိုမကျမှုတွေ ပိုမိုများပြားလာနိုင်လို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

Zawgyi Font : Facebook ေပၚတြင္ ကိုယ့္ကိုကိုယ္ အဆံုးစီရင္နည္း သင္ခန္းစာ ဗီဒီယိုလႊင့္တင္ရင္း ေသဆံုးမႈျဖစ္

အိႏိၵယႏုိင္ငံ မြန္ဘိုင္းျမိဳ႕မွာ အသက္ ၂၃ ႏွစ္အရြယ္ သူနာျပဳေက်ာင္းသား အမ်ိဳးသား တစ္ေယာက္ ၁၉ ထပ္အျမင့္ကေန ခုန္ခ်ျပီး ကိုယ့္ကိုကိုယ္ အဆံုးစီရင္မႈ ျဖစ္ပြားခဲ့ပါတယ္။ အဆိုပါ အမ်ိဳးသားဟာ ကိုယ့္ကိုကိုယ္ ဘယ္လိုအဆံုးစီရင္မလဲဆိုတာနဲ႕ ပတ္သတ္ျပီး သင္ခန္းစာကို Facebook ေပၚမွာ live video အေနနဲ႕ လႊင့္တင္ခဲ့ျပီးေနာက္ ၁၉ ထပ္အလႊာကေန ခုန္ခ်ခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ Live Video မွာ ၁မိနစ္ႏွင့္ ၄၃ စကၠန္႕သာ ၾကာျမင့္ျပီး လက္ရွိမွာေတာ့ Facebook က အဆိုပါ ဗီဒီယိုအား ရဲမ်ားက ဖ်က္ခိုင္းလို႕ ဖ်က္လိုက္ျပီ ျဖစ္ပါတယ္။

၁၉ လႊာကေန ခုန္ခ််ျပီးေနာက္မွာ အဆိုပါ အမ်ိဳးသားကို ေဆးရံုသို႕ တင္လိုက္ႏုိင္ေပမယ့္ အသက္ကို ကယ္ဖို႕ေတာ့ မမွီလိုက္ပါဘူး။ သူ႕ရဲ႕ အခန္းထဲကို စစ္ၾကည့္လိုက္တဲ့အခါမွာေတာ့ ကိုယ့္ကိုကိုယ္ အဆံုးစီရင္မႈ မျပဳခင္ ေဆးလိပ္နဲ႕ အရက္ကို ေသာက္သံုးထားတယ္လို႕ ရဲတပ္ဖြဲ႕ရဲ႕ စစ္ေဆးခ်က္အရ ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ သူ႕ရဲ႕ အခန္းထဲမွာ ကိုယ့္ကိုကိုယ္ အဆံုးစီရင္ျခင္းနဲ႕ပတ္သတ္တဲ့ မွတ္တမ္းစာေစာင္ေတြကိုလည္း ေတြ႕ရွိရတယ္လို႕ ဆိုပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕ ယူဆခ်က္ကေတာ့ အဆံုးစီရင္သူဟာ အဆိုပါ စာေတြကိုဖတ္ျပီး မူးယစ္ေဆး၀ါး သံုးကာ အသိဥာဏ္ေပ်ာက္ျပီး ကိုယ့္ကိုကိုယ္ အဆံုးစီရင္လိုက္တာ ျဖစ္ႏုိင္တယ္လို႕ဆိုပါတယ္။

WHO ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ မိမိကုိယ္ကို အဆံုးစီရင္ျခင္းနည္းလမ္းမ်ားဟာ တိုးတက္လာမွာ ျဖစ္ျပီး ၂၀၃၀ ခုႏွစ္ေရာက္တဲ့အခါ ၁.၅၃ မီလီယံ လူဦးေရဟာ ကိုယ့္ကိုကိုယ္ အဆံုးစီရင္ျခင္းနည္းလမ္းျဖင့္ ေသဆံုးၾကမွာ ျဖစ္တယ္လို႕ ထုတ္ျပန္ထားပါတယ္။ အေၾကာင္းရင္းကေတာ့ မိသားစုအေျခအေန၊ ေဖာက္ျပန္မႈ၊ က်ပ္တည္းမႈတို႕နဲ႕ စိတ္အလိုမက်မႈေတြ ပိုမိုမ်ားျပားလာႏုိင္လို႕ ျဖစ္ပါတယ္လုိ႕ ဆုိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: