Home Entertainment Celebrity Taylor Swift ပြောတဲ့ အသားအရေ လှပခြင်းရဲ့ လျို့ဝှက်ချက်
Taylor Swift ပြောတဲ့ အသားအရေ လှပခြင်းရဲ့ လျို့ဝှက်ချက်
0
Taylor Swift  ပြောတဲ့ အသားအရေ လှပခြင်းရဲ့ လျို့ဝှက်ချက်
Taylor Swift ရဲ့ တေးသံချိုချိုလေးတွေနဲ့  ဖြူဖွေးပြီး အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို တွေ့ဖူးကြမှာပါ။ သူဟာ sexyလည်းသိပ်မကျဘဲ ချစ်စရာကောင်းသလို အသားအရေကလည်း သန့်စင်ကြည်လင် ချောမွေ့နေပါတယ်။ သူ့အနေနဲ့ ဆံပင်နဲ့အသားအရေထိန်းသိမ်းမှုအပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုပြုပြင်ထိန်းသိမ်းသလဲဆိုတာ သူမရဲ့ FANတွေသိချင်တယ်ဆိုလို့ Allure မဂ္ဂဇင်းမှသွားရောက်မေးမြန်းခဲ့စဉ် သူမက ဒီလိုဖြေကြားခဲ့ပါတယ်။
တေလာ့ဆံပင်က အကောက်လှိုင်းတွေရှိတယ်နော် ဒီဆံပင်ကို ဘယ်လိုပုံဖော်ပြုပြင်ပါသလဲ ခင်ဗျ
ကျွန်မဆံပင်က နဂိုကောက်ပါ။ တချို့ ရက်တွေမှာတော့ ဆံပင်ကို ဒီတိုင်းပဲ ထားလိုက်ပါတယ်။ ဒါပေမဲ့တချို့ရက်တွေမှာ အိပ်ရာကနိုးလာလို့ ဆံပင်တွေ ပွရှုပ်နေရင် အခွေကောက်လေးတွေဖြစ်အောင် ကောက်တံနဲ့ လိပ်ပြီးကောက်လိုက်ပါတယ်။  ဆံပင်သုံးပစ္စည်းအနေနဲ့ ဘာမှမသုံးပါဘူး။ ဆံပင်ပေါ်မှာMousseတွေများပြီး ကပ်နေတာကို ကျွန်မ မကြိုက်လို့ပါ။
taylor swift-hair
အနီရောင်နှုတ်ခမ်းဆိုးဆေးဆိုးတဲ့အခါ တစ်နေ့လုံးခံအောင် ဘယ်လိုလုပ်ပါသလဲ
ဒါက မိတ်ကပ်ပညာရှင်တွေဆီကနေ လေ့လာသိရှိခဲ့ရတဲ့ လျို့ဝှက်ချက်ပါ။ သူတို့က အနီရောင်နှုတ်ခမ်းနီဆိုးပြီးတာနဲ့ တစ်ရှူး စက္ကူနဲ့သုတ်ပေးပါတယ်။ ပြီးတော့မှ ပေါင်ဒါဖိရိုက်ပြီး နှုတ်ခမ်းနီထပ်ဆိုးပေးပါတယ်။ ဒီနည်းက အချိန်အတော်ကြာတဲ့အထိ နှုတ်ခမ်းနီမပျက်တဲ့နည်း ဖြစ်လို့ ကျွန်မအဲ့ဒီနည်းကို သုံးပါတယ်။
taylor swift lip
တေလာ့အသားအရေက အရမ်းလှတယ်နော် ဘယ်လို အသားအရေထိန်းပစ္စည်းမျိုးကို သုံးလေ့ရှိပါသလဲ။
ကျေးဇူးတင်ပါတယ်။ ကျွန်မသုံးတာကလဲသိပ်လည်းမများပါဘူး။ ဈေးဝယ်ထွက်တဲ့အခါ အသားအရေထိန်းတဲ့ ပစ္စည်းနဲ့ ပတ်သက်ပြီး မိတ်ကပ်ဖျက်တဲ့ ဂွမ်းနဲ့ မျက်နှာကြေးချွတ်ဆေးကို အဓိကထားဝယ်လေ့ရှိပါတယ်။ ကျွန်မလုပ်လေ့ရှိတဲ့နည်းကတော့ ညအိပ်ရာမဝင်ခင် ညလိမ်းခရင်မ်လိမ်းတာနဲ့ နံနက်အိပ်ရာထ မျက်နှာသစ်ပြီးတာနဲ့ မိတ်ကပ်မလိမ်းဖြစ်သေးဘူးဆိုရင် ညလိမ်းခရင်မ်ကို ထပ်လိမ်းပေးလိုက်တာပါပဲ။
taylor swift skin
အသားအရေကို နေလောင်ခံပြီး ညိုအောင်လုပ်ဖူးပါသလား
ကျွန်မရဲ့အသားအရေက ဖျော့ပြီး ပန်းရောင်သန်းနေတာကို ကျွန်မသဘောကျပါတယ်။ ကျွန်မအထက်တန်းကျောင်းသူဘဝတုန်းက သူများတွေ နေရောင်ခံပြီးအသားညိုအောင်လုပ်ကြပေမဲ့ ကျွန်မကတော့ ဝါသနာမပါပါဘူး။ နေပူထဲသွားရင် နေရောင်ခရင်မ်ကို အမြဲလိမ်းလေ့ရှိပါတယ်။
ညဘက်မှာရော အသားအရေကို ဘယ်လိုထိန်းသိမ်းလေ့ရှိပါသလဲ
ညဘက်မှာ မျက်ကပ်မှန်ကိုချွတ်ပြီး မျက်နှာသစ်ပါတယ်။ ပြီးတော့ ညလိမ်းခရင်လိမ်းပါတယ်။
Zawgyi Font : Taylor Swift  ပြောတဲ့ အသားအရေ လှပခြင်းရဲ့ လျို့ဝှက်ချက်
Taylor Swift
taylor swift-hair
taylor swift lip
taylor swift skin
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: