Home Lifestyle နွမ်းနယ်နေတဲ့ မျက်ဝန်းများကို ဘယ်လိုဖုံးကွယ်မလဲ
နွမ်းနယ်နေတဲ့ မျက်ဝန်းများကို ဘယ်လိုဖုံးကွယ်မလဲ
0
နွမ်းနယ်နေတဲ့ မျက်ဝန်းများကို ဘယ်လိုဖုံးကွယ်မလဲ
မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ဆိုကြတာကြောင့် မျက်လုံးတွေက နွမ်းနယ်နေရင် လူကိုပါ ညိုးနွမ်းစေတဲ့ အသွင်ပုံစံမျိုးဖြစ်စေပါတယ်။ ဒါကြောင့် နွမ်းနယ်နေတဲ့မျက်ဝန်းတွေကို ဖုံးကွယ်ပြီး လှပလန်းဆန်းတဲ့ ပုံစံကိုရစေဖို့ လွယ်ကူတဲ့နည်းလမ်း သုံးရပ်ကို ဖြေပြပေးလိုက်ပါတယ်ရှင့်။
၁။ မျက်ဝန်းတစ်ဝိုက်မှာ ကွန်ဆဲလာ လိမ်းပါ
မျက်ကွင်းတွေ ညိုနေရင်၊ အရောင်မှိန်နေရင် မျက်လုံးကို ဘာမှမခြယ်သရသေးခင်မှာ ကွန်ဆဲလာကို လိမ်းပေးပါ။ ဒီလိုလိမ်းတာကြောင့် မျက်ဝန်းတွေကို ပိုမိုတောက်ပလာစေတဲ့အပြင် မျက်ဝန်းကိုခြယ်သရာမှာ ပိုမိုအဆင်ပြေချောမွေ့စေပါတယ်။
eye-beauty-1
၂။ မျက်ဝန်းအပြင်အစပ်ကိုပဲ အိုင်းလိုင်နာဆိုးပါ
ဒီလိုဆိုးပေးတာက မျက်ဝန်းကို ပိုကြီးလာသယောင်ထင်စေရပြီး မျက်ဝန်းတွေကို ပိုမိုတောက်ပလာစေပါတယ်။ ပြီးရင် မျက်ဝန်းအပြင်ထောင့်နေရာတွေကို အိုင်းလိုင်နာထိပ်နဲ့ ထိတွေ့ခြယ်သပေးပါ။
eye-liner
၃။ အရောင်ခြယ်ကာ ဖုံးကွယ်ပါ
မျက်ခွံပေါ်မှာ ပျားရည်ရောင် ဒါမှမဟုတ် မြေကြီးရောင်လို တောက်ပနေတဲ့ အိုင်းရှဲဒိုးကို ခြယ်သပေးတာက မျက်ဝန်းရဲ့ မှိန်ဖျော့မှုကို လျော့ကျသွားစေပါတယ်။ အိုင်းရှဲဒိုးခြယ်ပြီးရင် အမည်းရောင် ဒါမှမဟုတ် အညိုရင့်ရောင် အိုင်းလိုင်နာကို မျက်ခွံအရင်းမှာ ပြန်ဆိုးပေးပါ။
ဆန်းသစ်မြန်မာရဲ့ စာဖတ်ပရိသတ်ကြီး လာမည့် မင်္ဂလာနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ခိုင်က ဆုတောင်းပေးလိုက်ပါတယ်ရှင်။
Zawgyi Font : နွမ်းနယ်နေတဲ့ မျက်ဝန်းများကို ဘယ်လိုဖုံးကွယ်မလဲ
eye-beauty
eye-beauty-1
eye-liner
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: