Home Lifestyle သင့်နာမည် ဘာနဲ့စလဲ

သင့်နာမည် ဘာနဲ့စလဲ

0
သင့်နာမည် ဘာနဲ့စလဲ

နာမည်ကျော် စိတ်ပညာရှင် Sylvia Browne ကတော့ သင့်နာမည်ရဲ့ အစစာလုံးကရည်ညွှန်းတဲ့ သင့် အကြောင်း ကို ပုံဖေါ်လိုက်ပါပြီ။ သင့်နာမည်ကို အင်္ဂလိပ်ဘယ်စာလုံးနဲ့စပါသလဲ။ အင်္ဂလိပ်အက္ခရာ ၂၆ လုံးရှိပေမယ့် မြန်မာ အများစု ပေါင်းတတ်တဲ့ စာလုံးတွေကိုပဲဖေါ်ပြပေးလိုက်ပါတယ်။

A နဲ့စတဲ့သူ – လွတ်လပ်မှုကို အင်မတန်လိုလားပြီး၊ သူအလိုရှိတဲ့ ပန်းတိုင်ရောက်ဖို့ သတိ၊ စွမ်းအား တွေနဲ့ ပြည်စုံတဲ့သူ ဖြစ်ပါတယ်။ ဘဝတစ်လျှောက် ပုံစံအမျိုးမျိုးနဲ့ ဆက်ဆံရေးတွေရှိတတ်တယ်။ သူ့ပန်းတိုင် ရောက်ဖို့ ကူညီထောက်ပံ့တဲ့ သူတစ်ယောက်တော့ လိုအပ်ပါတယ်။

B- ပေါ့ပျက်ပျက်နဲ့ စိတ်ခံစားလွယ်တဲ့သူဖြစ်တယ်။ကိုယ်အတွက်ထက်တပါးသူအတွက် ပဲ ဘဝတစ်လျှောက်လုံး လုပ်တတ်တယ်။ အချက်အပြုတ်ကောင်းပြီး ဖော်ရွေတယ်။ နာကျင်ထိခိုက်လွယ်သလောက် ကျောခိုင်း သွားပြီး ရင်တော့ စကားတောင်မပြောချင်တော့ဘူး။

C- စွယ်စုံကျွမ်းကျင်သူဖြစ်တယ်။ သိမ်မွေ့ပြီး သနားကြင်နာတတ်သလို ငွေနဲ့ပတ်သက်ရင်တော့ ရက်ရောပြီး လက်ဖွာတတ်ပါတယ်။ မွေးရာပါ ဦးဆောင်ဦးရွက်ပြုတတ်ပြီး ငြင်းခံရာမှာတော့ ချက်ကျလက်ကျပါပဲ။ နာကျင်လာပြီဆိုရင်တော့ ဆိုးတတ်ပါတယ်။ သစ္စာတရားကို တန်ဖိုးထားပါတယ်။

D- သူတပါးအတွက် အမြဲထာဝရယုံကြည်ရတဲ့သူ၊သစ္စာရှိသူဖြစ်တယ်။ အချစ်ကြီးပြီး ကာမရာဂမှာ စိတ်လှုပ်ရှား လွယ်ပေမယ့် ဧရာမ စီးပွားလုပ်ငန်းရှင်ဖြစ်ချိန်မှာတော့ အချစ်နဲ့ခပ်တန်းတန်းဖြစ်တတ်တယ်။

E- လူမှုရေးဝင်ဆံ့ပြီး မိတ်ဖွဲ့ရတာကိုတန်ဖိုးထားတယ်။ လက်မှုသေသပ်ပြီး အိမ်ပတ်ဝန်းကျင်ပြုပြင်ရာမှာ တော်တယ်။ အချစ်နဲ့ပတ်သက်လာရင် မယုံကြည်ရဘူး။ လွပ်လပ်စွာခရီးသွားလိုစိတ်ရှိပြီး ဒီအတွက်အချစ်နဲ့ဝေးတတ်ပါတယ်။

H- တီထွင်ဖန်တီးတတ်တဲ့ ဉာဏ်ရှိပြီး မိမိဘာသာ စိတ်ဓာတ်မြှင့်တင်နိုင်ပြီး ထိန်းချုပ်နိုင်သူဖြစ်တယ်။ အနုပညာရှင်တစ်ယောက်အဖြစ် အောင်မြင်အောင် ကြိုးစားလုပ်ဆောင်နိုင်တယ်။ ဘဝတစ်လျှောက် သူတို့ အချစ်ဆုံးအလုပ်ကိုလုပ်ပြီး ငွေကြေးပြည့်စုံဖို့ ဦးတည်ချက် ချမှတ်ထားတတ်တယ်။

K- အစွန်းရောက်တတ်ပြီး ဘဝမျိုးစုံပါဝင်ပတ်သက်နေတတ်တယ်။ စိတ်ခံစားမှု အင်မတန်ပြင်းထန်ကာ သူတပါးတို့ရဲ့ အာရုံစိုက်မှုကိုလည်း လိုချင်တယ်။ သူတို့လိုချင်တာရပြီးရင်တောင် အတောမသတ်တတ်။ အချစ်ကြီးသူလည်းဖြစ်တယ်။

L- စွမ်းအားပြည့်ဝပြီးသြဇာကြီးသူဖြစ်တယ်။ အခြေကျဖို့အတွက် အင်မတန်ရုန်းကန်ရတယ်။ ဘ၀ တလျှောက်တစ်ယောက်ပြီးတစ်ယောက် တွေ့ဆုံဆက်ဆံရပေမယ့် အချစ်စစ်ကို မတွေ့တတ်ပါဘူး ။ အလုပ်အကိုင်မှာပါးနပ်ပြီး ငွေရှိဖို့ ရည်မှန်းချက်ချထားသူလည်းဖြစ်တယ်

M- ရဲရင့်ပြီး အသိဉာဏ်ရှိတယ်။ အလုပ်ကြိုးစားတယ်။ သစ္စာရှိတဲ့ မိတ်ဆွေကောင်း မတွေ့တတ်ဘူး။ ကြိုးကိုင်ချယ်လှယ်တာကို မကြိုက်ဘူး။ ရင်ဆိုင်ဖြေရှင်းရတာကိုကြိုက်တယ်။ သူတပါးကို အကြံကောင်းတွေပေးတတ်တယ်။ ဇနီးကောင်းရပြီး ဖခင်ကောင်းဖြစ်တတ်တယ်။

N- စာရေးခြင်းဒါမှမဟုတ် အနုပညာဗီဇပါတဲ့သူဖြစ်တယ်။ ဧရာမဆက်သွယ်ပြောဆိုတတ်သူဖြစ်ပေမယ့်သူ့ရဲ့ သူမတူတဲ့ ဖန်တီးမှုကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါ လူ့ဂွစာ ဖြစ်နေတတ်တယ်။ အမြဲမပြတ်သင်ယူနေတဲ့ သူဖြစ်တဲ့အတွက် သူများတွေနဲ့သီးခြားဖြစ်နေတတ်ပေမယ့် လက်တွေ့ အမှန်တရားကိုလက်ခံတတ်တယ်။

O- အသိဉာဏ်ပညာအရာမှာ သူတပါးတို့အထက်မှာရှိတတ်တဲ့အတွက် ကျောင်းဆရာ၊ စာရေးဆရာတို့ဖြစ်တတ်တယ်။ အမှန်တရားအတွက် ရပ်တည်တယ်။ စိတ်တူကိုယ်တူ ချစ်သူကိုစောစီးစွာတွေ့တတ်ပြီးသူနဲ့ပဲ ရိုးမြေကျပေါင်းတတ်ပါတယ်။

P- မွေးရာပါထူးချွန်ပြီးဉာဏ်ကောင်းတယ်၊တီထွင်တတ်တယ်။အရွယ်နဲ့မလိုက်အောင်စကား

အပြောအဆို လိမ္မာပါးနပ်တယ်။ လိင်ပိုင်းဆိုင်ရာမှာ ပျော်တတ်တယ်။ ချစ်သူကို စိတ်လှုပ်ရှားစေပြီး သစ္စာရှိအောင်လုပ်တတ်တယ်။

S- လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိပြီး သြဇာတက္ကိမ ရှိသူလည်းဖြစ်တယ်။ စွဲမက်စရာတွေကိုသဘောတွေ့ပြီး သူများရဲ့ အာရုံကျမှုကိုလည်းခံရတတ်တယ်။ အများစုက နိုင်ငံရေးသမားတွေ၊သရုပ်ဆောင်တွေဒါမှမဟုတ် နာမည်ကျော် မော်ဒယ်တွေဖြစ်တတ်ပါတယ်။ ချမ်းသာဖို့ကအခြားအရာတွေ ထက်အရေးပါပြီး ချမ်းသာကြွယ်ဝဖို့ ပန်းတိုင်ကိုအရောက်သွားတတ်တယ်။

T-အလုပ်များနေတတ်တာကို သဘောကျတယ်။ သပ်ရပ်စွာနေတတ်ပြီး ဖရိုဖရဲဖြစ်နေရင်စိတ်ရှုပ်တတ်ပါတယ်။ သဝန်တိုတတ်တဲ့အတွက်သူ့ကိုချစ်ရင် သစ္စာရှိဖို့လိုပါတယ်။

W- လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုကောင်းပြီး သြဇာရှိသူလည်းဖြစ်တယ်။ ဖက်ရှင်ကျကျနေတတ်ပြီး ချစ်စရာကောင်းတယ်၊ လိင်ဆက်ဆံရေးမှာတော်ကြတယ်။ ရင်ထဲမှာပဲထားပြီးအထီးကျန်တယ်လို့ထင်ရပေမယ့် အားလုံးအပေါ်မိတ်ဆွေလိုတန်ဖိုးထားပါတယ်။ သိဖို့ခက်ပေမယ့် သိပြန်တော့လည်း တန်ဖိုးရှိတဲ့လူပါ။ လှို့ဝှက်အပ်တဲ့အရာတွေအတွက်စိတ်ချရသူဖြစ်တယ်။

Y- လွတ်လပ်မှုနဲ့ လွတ်မြောက်မှုကိုဆောင်ပါတယ်။ စီးပွားရေးမှာစွန့်ဦးထွင်ရဲပြီး စွန်းစားမှုကိုကြိုက်သူဖြစ်တယ်။

တိုးတက်တဲ့အတွေးအခေါ်ရှိပြီးသူတပါးကို စိတ်တက်ကြွအောင်လုပ်နိုင်တယ်။ နေတာထိုင်တာ အဆင့်မြင့်ပြီး ကောင်းတာကိုမှကြိုက်တယ်။ ဆင်းရဲသားတွေအမှာတော့ သနားတတ်တဲ့စိတ်မရှိဘူး။ ဂုဏ်မက်ပြီး ချမ်းသာသူနဲ့လက်ထပ်တတ်တယ်။

Z- မိတ်ဆွေတွေနဲ့ ဂိုဏ်းဖွဲ့ပြီးနေရတာကိုကြိုက်တယ်။ လူအုပ်နဲ့ဝိုင်းရံနေချင်တယ်။ လူမှုရေးကျွမ်းကျင်မှုမှာ ရှားပါးသူဖြစ်တာမို့ သံတမန်ကောင်း တစ်ယောက်ဖြစ်တယ်။ အချစ်အတွက်ဆို ပိုပြီးစွန့်စားချင်ပေမယ့် နောက်ဆုံးရလဒ်ကတော့ နာကျင်ခံစားရတာပါပဲ။

Zawgyi Font : သင့္နာမည္ ဘာနဲ႕စလဲ

character

နာမည္ေက်ာ္ စိတ္ပညာရွင္ Sylvia Browne ကေတာ႔ သင့္နာမည္ရဲ႕ အစစာလံုးကရည္ညႊန္းတဲ့ သင့္ အေၾကာင္း ကို ပံုေဖၚလိုက္ပါျပီ။ သင္႔နာမည္ကို အဂၤလိပ္ဘယ္စာလံုးနဲ႕စပါသလဲ။ အဂၤလိပ္အကၡရာ ၂၆ လံုးရွိေပမယ့္ ျမန္မာ အမ်ားစု ေပါင္းတတ္တဲ႔ စာလံုးေတြကိုပဲေဖၚျပေပးလိုက္ပါတယ္။

A နဲ႔စတဲ႔သူ – လြတ္လပ္မႈကို အင္မတန္လိုလားျပီး၊ သူအလိုရွိတဲ့ ပန္းတိုင္ေရာက္ဖို႔ သတိ၊ စြမ္းအား ေတြနဲ႕ ျပည္စံုတဲ႔သူ ျဖစ္ပါတယ္။ ဘ၀တစ္ေလွ်ာက္ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ဆက္ဆံေရးေတြရွိတတ္တယ္။ သူ႕ပန္းတိုင္ ေရာက္ဖို႔ ကူညီေထာက္ပံ႔တဲ့ သူတစ္ေယာက္ေတာ့ လိုအပ္ပါတယ္။

B- ေပါ႔ပ်က္ပ်က္နဲ႔ စိတ္ခံစားလြယ္တဲ႔သူျဖစ္တယ္။ကိုယ္အတြက္ထက္တပါးသူအတြက္ ပဲ ဘ၀တစ္ေလွ်ာက္လံုး လုပ္တတ္တယ္။ အခ်က္အျပဳတ္ေကာင္းျပီး ေဖာ္ေရြတယ္။ နာက်င္ထိခိုက္လြယ္သေလာက္ ေက်ာခိုင္း သြားျပီး ရင္ေတာ့ စကားေတာင္မေျပာခ်င္ေတာ႔ဘူး။

C- စြယ္စံုကၽြမ္းက်င္သူျဖစ္တယ္။ သိမ္ေမြ႔ျပီး သနားၾကင္နာတတ္သလို ေငြနဲ႔ပတ္သက္ရင္ေတာ႔ ရက္ေရာျပီး လက္ဖြာတတ္ပါတယ္။ ေမြးရာပါ ဦးေဆာင္ဦးရြက္ျပဳတတ္ျပီး ျငင္းခံရာမွာေတာ႔ ခ်က္က်လက္က်ပါပဲ။ နာက်င္လာျပီဆိုရင္ေတာ႔ ဆိုးတတ္ပါတယ္။ သစၥာတရားကို တန္ဖိုးထားပါတယ္။

D- သူတပါးအတြက္ အျမဲထာ၀ရယံုၾကည္ရတဲ့သူ၊သစၥာရွိသူျဖစ္တယ္။ အခ်စ္ၾကီးျပီး ကာမရာဂမွာ စိတ္လႈပ္ရွား လြယ္ေပမယ္႔ ဧရာမ စီးပြားလုပ္ငန္းရွင္ျဖစ္ခ်ိန္မွာေတာ႔ အခ်စ္နဲ႔ခပ္တန္းတန္းျဖစ္တတ္တယ္။

E- လူမႈေရး၀င္ဆံ႔ျပီး မိတ္ဖြဲ႔ရတာကိုတန္ဖိုးထားတယ္။ လက္မႈေသသပ္ျပီး အိမ္ပတ္၀န္းက်င္ျပဳျပင္ရာမွာ ေတာ္တယ္။ အခ်စ္နဲ႔ပတ္သက္လာရင္ မယံုၾကည္ရဘူး။ လြပ္လပ္စြာခရီးသြားလိုစိတ္ရွိျပီး ဒီအတြက္အခ်စ္နဲ ႔ေ၀းတတ္ပါတယ္။

H- တီထြင္ဖန္တီးတတ္တဲ႔ ဥာဏ္ရွိျပီး မိမိဘာသာ စိတ္ဓာတ္ျမွင္႔တင္ႏိုင္ျပီး ထိန္းခ်ဳပ္ႏိုင္သူျဖစ္တယ္။ အႏုပညာရွင္တစ္ေယာက္အျဖစ္ ေအာင္ျမင္ေအာင္ ၾကိဳးစားလုပ္ေဆာင္ႏိုင္တယ္။ ဘ၀တစ္ေလွ်ာက္ သူတို႕ အခ်စ္ဆံုးအလုပ္ကိုလုပ္ျပီး ေငြေၾကးျပည့္စံုဖို႔ ဦးတည္ခ်က္ ခ်မွတ္ထားတတ္တယ္။

K- အစြန္းေရာက္တတ္ျပီး ဘ၀မ်ိဳးစံုပါ၀င္ပတ္သက္ေနတတ္တယ္။ စိတ္ခံစားမွဳ အင္မတန္ျပင္းထန္ကာ သူတပါးတို႔ရဲ႕ အာရုံစိုက္မွဳကိုလည္း လိုခ်င္တယ္။ သူတို႔လိုခ်င္တာရျပီးရင္ေတာင္ အေတာမသတ္တတ္။ အခ်စ္ၾကီးသူလည္းျဖစ္တယ္။

L- စြမ္းအားျပည္႔၀ျပီးၾသဇာၾကီးသူျဖစ္တယ္။ အေျခက်ဖို႕အတြက္ အင္မတန္ရုန္းကန္ရတယ္။ ဘ၀ တေလွ်ာက္တစ္ေယာက္ျပီးတစ္ေယာက္ ေတြ႔ဆံုဆက္ဆံရေပမယ္႔ အခ်စ္စစ္ကို မေတြ႔တတ္ပါဘူး ။ အလုပ္အကိုင္မွာပါးနပ္ျပီး ေငြရွိဖို႔ ရည္မွန္းခ်က္ခ်ထားသူလည္းျဖစ္တယ္

M- ရဲရင္႔ျပီး အသိဥာဏ္ရွိတယ္။ အလုပ္ၾကိဳးစားတယ္။ သစၥာရွိတဲ႔ မိတ္ေဆြေကာင္း မေတြ႔တတ္ဘူး။ ၾကိဳးကိုင္ခ်ယ္လွယ္တာကို မၾကိဳက္ဘူး။ ရင္ဆိုင္ေျဖရွင္းရတာကိုၾကိဳက္တယ္။ သူတပါးကို အၾကံေကာင္းေတြေပးတတ္တယ္။ ဇနီးေကာင္းရျပီး ဖခင္ေကာင္းျဖစ္တတ္တယ္။

N- စာေရးျခင္းဒါမွမဟုတ္ အႏုပညာဗီဇပါတဲ႔သူျဖစ္တယ္။ ဧရာမဆက္သြယ္ေျပာဆိုတတ္သူျဖစ္ေပမယ္႔သူ႕ရဲ႕ သူမတူတဲ႔ ဖန္တီးမွဳေၾကာင္႔ လူေတြနဲ႕ ဆက္ဆံတဲ့အခါ လူ႕ဂြစာ ျဖစ္ေနတတ္တယ္။ အျမဲမျပတ္သင္ယူေနတဲ့ သူျဖစ္တဲ႔အတြက္ သူမ်ားေတြနဲ႕သီးျခားျဖစ္ေနတတ္ေပမယ့္ လက္ေတြ႕ အမွန္တရားကိုလက္ခံတတ္တယ္။

O- အသိဥာဏ္ပညာအရာမွာ သူတပါးတို႔အထက္မွာရွိတတ္တဲ႔အတြက္ ေက်ာင္းဆရာ၊ စာေရးဆရာတို႕ျဖစ္တတ္တယ္။ အမွန္တရားအတြက္ ရပ္တည္တယ္။ စိတ္တူကိုယ္တူ ခ်စ္သူကိုေစာစီးစြာေတြ႔တတ္ျပီးသူနဲ႔ပဲ ရိုးေျမက်ေပါင္းတတ္ပါတယ္။

P- ေမြးရာပါထူးခၽြန္ျပီးဥာဏ္ေကာင္းတယ္၊တီထြင္တတ္တယ္။အရြယ္နဲ႔မလိုက္ေအာင္စကား

အေျပာအဆို လိမၼာပါးနပ္တယ္။ လိင္ပိုင္းဆိုင္ရာမွာ ေပ်ာ္တတ္တယ္။ ခ်စ္သူကို စိတ္လွဳပ္ရွားေစျပီး သစၥာရွိေအာင္လုပ္တတ္တယ္။

S- လိင္ပိုင္းဆိုင္ရာဆြဲေဆာင္မွဳရွိျပီး ၾသဇာတကၠိမ ရွိသူလည္းျဖစ္တယ္။ စြဲမက္စရာေတြကိုသေဘာေတြ႔ျပီး သူမ်ားရဲ႕ အာရံုက်မႈကိုလည္းခံရတတ္တယ္။ အမ်ားစုက ႏိုင္ငံေရးသမားေတြ၊သရုပ္ေဆာင္ေတြဒါမွမဟုတ္ နာမည္ေက်ာ္ ေမာ္ဒယ္ေတြျဖစ္တတ္ပါတယ္။ ခ်မ္းသာဖို႔ကအျခားအရာေတြ ထက္အေရးပါျပီး ခ်မ္းသာၾကြယ္၀ဖို႔ ပန္းတိုင္ကိုအေရာက္သြားတတ္တယ္။

T-အလုပ္မ်ားေနတတ္တာကို သေဘာက်တယ္။ သပ္ရပ္စြာေနတတ္ျပီး ဖရိုဖရဲျဖစ္ေနရင္စိတ္ရႈပ္တတ္ပါတယ္။ သ၀န္တိုတတ္တဲ႔အတြက္သူ႕ကိုခ်စ္ရင္ သစၥာရွိဖို႔လိုပါတယ္။

W- လိင္ပိုင္းဆိုင္ရာဆြဲေဆာင္မႈေကာင္းျပီး ၾသဇာရွိသူလည္းျဖစ္တယ္။ ဖက္ရွင္က်က်ေနတတ္ျပီး ခ်စ္စရာေကာင္းတယ္၊ လိင္ဆက္ဆံေရးမွာေတာ္ၾကတယ္။ ရင္ထဲမွာပဲထားျပီးအထီးက်န္တယ္လို႔ထင္ရေပမယ္႔ အားလံုးအေပၚမိတ္ေဆြလိုတန္ဖိုးထားပါတယ္။ သိဖို႔ခက္ေပမယ့္ သိျပန္ေတာ့လည္း တန္ဖိုးရွိတဲ႔လူပါ။ လွိဳ႕၀ွက္အပ္တဲ႔အရာေတြအတြက္စိတ္ခ်ရသူျဖစ္တယ္။

Y- လြတ္လပ္မႈနဲ႔ လြတ္ေျမာက္မွဳကိုေဆာင္ပါတယ္။ စီးပြားေရးမွာစြန္႔ဦးထြင္ရဲျပီး စြန္းစားမွဳကိုၾကိဳက္သူျဖစ္တယ္။

တိုးတက္တဲ႕အေတြးအေခၚရွိျပီးသူတပါးကို စိတ္တက္ၾကြေအာင္လုပ္ႏိုင္တယ္။ ေနတာထိုင္တာ အဆင္႔ျမင္႔ျပီး ေကာင္းတာကိုမွၾကိဳက္တယ္။ ဆင္းရဲသားေတြအမွာေတာ႔ သနားတတ္တဲ႔စိတ္မရွိဘူး။ ဂုဏ္မက္ျပီး ခ်မ္းသာသူနဲ႔လက္ထပ္တတ္တယ္။

Z- မိတ္ေဆြေတြနဲ႔ ဂိုဏ္းဖြဲ႕ျပီးေနရတာကိုၾကိဳက္တယ္။ လူအုပ္နဲ႔၀ိုင္းရံေနခ်င္တယ္။ လူမွဳေရးကၽြမ္းက်င္မွဳမွာ ရွားပါးသူျဖစ္တာမို႔ သံတမန္ေကာင္း တစ္ေယာက္ျဖစ္တယ္။ အခ်စ္အတြက္ဆို ပိုျပီးစြန္႔စားခ်င္ေပမယ့္ ေနာက္ဆံုးရလဒ္ကေတာ႔ နာက်င္ခံစားရတာပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: