Home Lifestyle Health လက်သည်းကိုက်တဲ့အကျင့် ပျောက်အောင် ဘယ်လိုလုပ်မလဲ

လက်သည်းကိုက်တဲ့အကျင့် ပျောက်အောင် ဘယ်လိုလုပ်မလဲ

0
လက်သည်းကိုက်တဲ့အကျင့် ပျောက်အောင် ဘယ်လိုလုပ်မလဲ

လက်သည်းကိုက်တတ်တဲ့ အကျင့်ကို စွဲနေတာက စိတ်ဖိစီးမှုခံစားရတဲ့ အပြုအမူတစ်ရပ်ဖြစ်ပါတယ်။ မကြာခဏလက်သည်းကိုက်တတ်တဲ့ အပြုအမူက စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်နေတတ်တဲ့နည်းလမ်းပါ။ လက်သည်းကိုက်တတ်တဲ့အကျင့်ကို ဖျောက်ဖျက်ပစ်ဖို့ သတိထားနေရတာက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှပါတယ်။ ဒါကြောင့် အရင်ဆုံးသင်လုပ်သင့်တာက လက်သည်းကိုက်တတ်တဲ့အကျင့်ကို ဖြည်းဖြည်းနဲ့မှန်မှန် ပျောက်အောင်ဖျောက်ပြီး ရှောင်ရှားသွားဖို့ပဲဖြစ်ပါတယ်။

၁။သင့်ရဲ့ လက်သည်းကိုက်တဲ့အကျင့်ပျောက်သွားစေဖို့ အရင်ဆုံး ဒီလိုပြောပါ။ “နောက် ၁၅မိနစ်အတွင်း လက်သည်းတွေမကိုက်တော့ဘူး” သင့်အတွက် ၁၅မိနစ်က ထိန်းချုပ်ရတာကြာလွန်းတယ်ထင်ရင် ငါးမိနစ်နဲ့ စတင်လေ့ကျင့်ပါ။

၂။လက်သည်းတွေကို ခပ်တိုတိုညှပ်ထားပါ။ လက်တွေကို အမြဲတမ်းသန့်ရှင်းစင်ကြယ် နေအောင်ထားဖို့ လိုပါတယ်။

၃။လက်တွေကိုသုံးပြီး အလုပ်လုပ်နေပါ။ စိတ်ဖိစီးမှုများပြီး အားလပ်နေတဲ့အချိန်တွေမှာ ဇာထိုးပန်းထိုးလုပ်တာ၊ ဆုဒိုကုပဟေဠိရှာတာ၊ စာရွက်တွေ လှန်လှောတာစတဲ့ အလုပ်တွေကို လုပ်ဆောင်ပေးနေပါ။

လက်သည်းတွေကို လုံးဝမကိုက်မိစေဖို့ကြိုးစားတာက စစချင်းမှာ ဘယ်လိုမှမလွယ်ကူနိုင်ပါဘူး။ စိတ်ဖိစီးမှုနဲ့ ဂနာမငြိမ်တာတွေဖြစ်နေရင် တတ်နိုင်သမျှအနားပေးပါ။ အိပ်ရေး၀၀အိပ်ပါ။ ဦးနှောက်ကြည်လင်ပြီး စိတ်ချမ်းသာနေအောင်နေထိုင်လိုက်တာက လက်သည်းကိုက်တဲ့ အလေ့အထလျော့ပါးအောင် ကူညီနိုင်တဲ့နည်းလမ်းတစ်ရပ်ပဲဖြစ်ပါတယ်။

Zawgyi Font : လက္သည္းကိုက္တဲ့အက်င့္ ေပ်ာက္ေအာင္ ဘယ္လိုလုပ္မလဲ

nail-bite

လက္သည္းကိုက္တတ္တဲ့ အက်င့္ကို စြဲေနတာက စိတ္ဖိစီးမႈခံစားရတဲ့ အျပဳအမူတစ္ရပ္ျဖစ္ပါတယ္။ မၾကာခဏလက္သည္းကိုက္တတ္တဲ့ အျပဳအမူက စိတ္ဖိစီးမႈကို တုံ႔ျပန္တဲ့အေနနဲ႔ လုပ္ေဆာင္ေနတတ္တဲ့နည္းလမ္းပါ။ လက္သည္းကိုက္တတ္တဲ့အက်င့္ကို ေဖ်ာက္ဖ်က္ပစ္ဖို႔ သတိထားေနရတာက စိတ္အေႏွာင့္အယွက္ျဖစ္စရာ ေကာင္းလွပါတယ္။ ဒါေၾကာင့္ အရင္ဆုံးသင္လုပ္သင့္တာက လက္သည္းကိုက္တတ္တဲ့အက်င့္ကို ျဖည္းျဖည္းနဲ႔မွန္မွန္ ေပ်ာက္ေအာင္ေဖ်ာက္ၿပီး ေရွာင္ရွားသြားဖို႔ပဲျဖစ္ပါတယ္။

၁။သင့္ရဲ႕ လက္သည္းကိုက္တဲ့အက်င့္ေပ်ာက္သြားေစဖို႔ အရင္ဆုံး ဒီလိုေျပာပါ။ “ေနာက္ ၁၅မိနစ္အတြင္း လက္သည္းေတြမကိုက္ေတာ့ဘူး” သင့္အတြက္ ၁၅မိနစ္က ထိန္းခ်ဳပ္ရတာၾကာလြန္းတယ္ထင္ရင္ ငါးမိနစ္နဲ႔ စတင္ေလ့က်င့္ပါ။

၂။လက္သည္းေတြကို ခပ္တိုတိုညႇပ္ထားပါ။ လက္ေတြကို အၿမဲတမ္းသန႔္ရွင္းစင္ၾကယ္ ေနေအာင္ထားဖို႔ လိုပါတယ္။

၃။လက္ေတြကိုသုံးၿပီး အလုပ္လုပ္ေနပါ။ စိတ္ဖိစီးမႈမ်ားၿပီး အားလပ္ေနတဲ့အခ်ိန္ေတြမွာ ဇာထိုးပန္းထိုးလုပ္တာ၊ ဆုဒိုကုပေဟဠိရွာတာ၊ စာ႐ြက္ေတြ လွန္ေလွာတာစတဲ့ အလုပ္ေတြကို လုပ္ေဆာင္ေပးေနပါ။

လက္သည္းေတြကို လုံးဝမကိုက္မိေစဖို႔ႀကိဳးစားတာက စစခ်င္းမွာ ဘယ္လိုမွမလြယ္ကူႏိုင္ပါဘူး။ စိတ္ဖိစီးမႈနဲ႔ ဂနာမၿငိမ္တာေတြျဖစ္ေနရင္ တတ္ႏိုင္သမွ်အနားေပးပါ။ အိပ္ေရး၀၀အိပ္ပါ။ ဦးေႏွာက္ၾကည္လင္ၿပီး စိတ္ခ်မ္းသာေနေအာင္ေနထိုင္လိုက္တာက လက္သည္းကိုက္တဲ့ အေလ့အထေလ်ာ့ပါးေအာင္ ကူညီႏိုင္တဲ့နည္းလမ္းတစ္ရပ္ပဲျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: